အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
စင်္ကာပူနိုင်ငံတကာရေးရာအဖွဲ့ (SIIA) က ယခုနှစ်ရဲ့ ကျန်ရှိနေသေးတဲ့ကာလများအတွင်း အရှေ့တောင်အာရှဒေသမှာ ဆိုးရွားလှတဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ် ကြုံတွေ့ရနိုင်ခြေ ပိုမိုမြင့်မားလာနိုင်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။
ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ၂၀၂၆ ခုနှစ်အတွက် မီးခိုးမြူအန္တရာယ်အလားအလာ အစီရင်ခံစာမှာ SIIA အဖွဲ့က ဖြစ်ခဲလှသော "အနီရောင်" အဆင့် သတိပေးချက်ကို ထုတ်ပြန်ထားကြောင်း ပြောကြားခဲ့ပြီး ၎င်းအခြေအနေမှာ ယခုနှစ်ရဲ့ ကျန်ရှိသောကာလများအတွင်း ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့မှာ ပြင်းထန်သော နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ် ကြုံတွေ့ရနိုင်ခြေ မြင့်မားနေတာကို ပြသနေတာဖြစ်ပါတယ်။ SIIA အဖွဲ့အစည်းအနေဖြင့် ၂၀၁၉ ခုနှစ်က နှစ်ပတ်လည် အလားအလာအစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီးတဲ့နောက်ပိုင်း ယခုကဲ့သို့ အမြင့်ဆုံးအန္တရာယ်အဆင့် သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဟာ ၂၀၂၃ ခုနှစ် ဆန်းစစ်ချက်ပြီးရင် ဒုတိယမြောက် ဖြစ်ပါတယ်။
ယခုနှစ်မှာ အားကောင်းသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပိုမိုပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ဩဂုတ်လမှ စက်တင်ဘာလအထိ ကာလကို နယ်စပ်ဖြတ်ကျော် မီးခိုးမြူကျရောက်နိုင်သည့် "အန္တရာယ်အရှိဆုံး" အချိန်အဖြစ် အစီရင်ခံစာမှာ သတ်မှတ်ဖော်ပြထားပါတယ်။
ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ကုန်စည်တွေ ဖြတ်သန်းပို့ဆောင်ရာမှာ အခက်အခဲများ ဖြစ်ပေါ်နေခြင်းကြောင့် စက်သုံးဆီပြတ်လပ်မှုနဲ့ မြေသြဇာဈေးနှုန်းများ မြင့်တက်လာမှုတို့ ဖြစ်ပွားခဲ့ပြီးနောက် စိုက်ပျိုးရေးကဏ္ဍအပေါ် ကုန်ကျစရိတ်များ ပိုမိုများပြားလာချိန်မှာပဲ ယခုနှစ်ရဲ့ မြင့်မားသောအန္တရာယ်အခြေအနေနဲ့ ကြုံကြိုက်နေခြင်းလည်း ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဇီဝလောင်စာ (biofuels) ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်သူအချို့ဟာ မီးရှို့ခြင်းကဲ့သို့သော ကုန်ကျစရိတ်သက်သာပြီး ရေရှည်တည်တံ့မှုမရှိတဲ့ မြေယာရှင်းလင်းရေး နည်းလမ်းများကို အသုံးပြုပြီး ၎င်းတို့ရဲ့ စိုက်ခင်းများကို တိုးချဲ့လာနိုင်ခြေရှိကြောင်း စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ပါတယ်။

သမိုင်းကြောင်းအရ ကြည့်လိုက်မယ်ဆိုရင် အယ်လ်နီညိုဖြစ်စဉ်နဲ့ အပြုသဘောဆောင်သော အိန္ဒိယသမုဒ္ဒရာ ဒီပိုးလ် (Positive Indian Ocean Dipole - IOD) ဖြစ်စဉ်တို့ တစ်ပြိုင်နက်တည်း တိုက်ဆိုင်ဖြစ်ပွားခဲ့တဲ့ ၁၉၉၇ မှ ၁၉၉၈ ခုနှစ်၊ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ပြင်းထန်လှတဲ့ မီးခိုးမြူအန္တရာယ်တွေ ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဆိုပါ (Indian Ocean Dipole - IOD) အပြုသဘောဆောင်တဲ့ဖြစ်စဉ်ကို "အိန္ဒိယ နီညို (Indian Niño)" လို့လည်း ခေါ်ဆိုကြပြီး ၎င်းဖြစ်စဥ်ကြောင့် အိန္ဒိယသမုဒ္ဒရာအနောက်ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်ဟာ ပုံမှန်ထက်ပိုမိုပူနွေးလာပြီး အင်ဒိုနီးရှားနိုင်ငံနဲ့ နီးကပ်တဲ့ အရှေ့ပိုင်းဒေသရှိ ပင်လယ်ရေမျက်နှာပြင်အပူချိန်ကတော့ ပုံမှန်ထက် ပိုမိုအေးမြလာတတ်တာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ဖြစ်ပွားပါက အရှေ့တောင်အာရှဒေမှာ မိုးခေါင်ရေရှားမှုနဲ့ ပူပြင်းခြောက်သွေ့မှုကို ပိုမိုဆိုးရွားစေတတ်တာကြောင့် အယ်လ်နီညိုနဲ့ ပေါင်းစပ်လိုက်တဲ့အခါ မီးခိုးမြူအန္တရာယ်ကို အဆိုးရွားဆုံးအဆင့်အထိ ရောက်ရှိစေခြင်း ဖြစ်ပါတယ်။
SIIA ရဲ့ ကိုးကားဖော်ပြထားတဲ့ ကိန်းဂဏန်းများအရ ထိုစဉ်က ဖြစ်ပွားခဲ့တဲ့ မီးခိုးမြူအန္တရာယ်များကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၆.၁ ဘီလီယံနဲ့ စင်ကာပူနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၁.၄၂ ဘီလီယံအထိ စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အစီရင်ခံစာမှာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာကို ဖြေရှင်းဖို့ရာအတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ကိုးကားလင့်
https://e.vnexpress.net/news/news/environment/southeast-asia-faces-severe-transboundary-haze-threat-as-el-nino-intensifies-5089691.html
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသတင်း
အကြောင်းအရာ 2
မိုးလေဝသ
ဆက်စပ်ဆောင်းပါးများ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
ဆက်စပ်မေးခွန်းများ
အရွက်တွေကွက်ကြားခြောက်ပြီးတစ်နေ့ထက်တစ်နေပိုပိုခြောက်တယ့်အကျယ်အဝန်းကများလာလို့ဆရာ/စပါးကမင်းဧရာပါ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ
Aung Myo Oo • ဖြေကြားချက် 3 ခု
အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်
wai phyo naing • ဖြေကြားချက် 1 ခု
ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။
ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....