အဆင့်တန်းမြင့်ဟင်းတစ်ခွက် (သို့) ခြံစည်းရိုးဟင်းချို
လူတွေမှာ အဆင့်အတန်းလို့ပြောကြရင် ငွေချမ်းသာတာ၊ ပညာတတ်တာ၊ ရောဂါကင်းတာ၊ ကြင်နာတတ်တာ၊ ကိုယ်ချင်းစာတတ်တာ ဒီလို ပေတံတွေနဲ့ တိုင်းကြမယ်ထင်တယ်။
အစားအသောက်ကို အဆင့်အတန်းခွဲမယ်ဆိုရင် ဘာတွေနဲ့ ခွဲကြမလဲ။ ငယ်ငယ်တုန်းကတော့ ရှားပါးမှုနဲ့ ခွဲတယ်။ ကျောင်းမှာ အသားဟင်းအမြဲပါလာတဲ့သူတွေကို အဆင့်တန်းရှိတယ်လို့ ထင်ခဲ့တယ်။ ကြက်ကြော်တို့ ဘဲကင်တို့များ ပါလို့ကတော့ ပြောမနေနဲ့။ ဒီကောင့်အိမ်က တော်တော်ချမ်းသာတာပဲလို့ တွေးမိတယ်။ အိမ်မက်မှာတောင် သူ့မျက်နှာနဲ့ ကြက်ကြော်နဲ့ တွဲမက်တာမျိုး ဖြစ်ဖူးကြလား။ တီဗီထဲမှာလည်း မင်းသားမင်းသမီးတွေက ဒီလိုဟင်းမျိုးမှ အကောင်းဆိုတာကို ပုံကြီးချဲ့ခဲ့ကြတာကိုး။
ရန်ကုန်ရောက်လာတော့ အဲဒီမင်းသားမင်းသမီးတွေနဲ့ မြို့ကြီးသားတွေကို သနားတတ်လာတယ်။ ကိုယ်တိုင်လည်း သနားစရာသတ္တဝါပါလားလို့ သံဝေဂရမိတယ်။
စဉ်းစားကြည့်ဗျာ။ လူတွေ တန်းစီပြီးဝယ်စားရတဲ့ နာမည်ကြီးကြက်ကြော်ဆိုင်က ကြက်လေးကို တွေးကြည့်ရအောင်။ တကယ်တော့ အဲ့ဒီကြက်က ရန်ကုန်ကကျွန်တော့်ဘဝနဲ့ တော်တော်ဆင်တယ်ဗျ။ ကိုဗစ်ကာလမှာ ကိုယ်က သူ့ထက်တောင်ပိုဆိုးသေးတယ်။ ကြက်ကမှ သူ့သံချိုင့်လေးထဲကနေ ခေါင်းထွက်လို့ရသေးတယ်။ ကိုယ့်မှာ ခေါင်းထွက်စရာပြတင်းပေါက်တောင် ခြင်လုံစကာတပ်ထားလို့ ထွက်မရဘူး။ ပြန်ဆက်ကြပါစို့.... အဲဒီကြက်ကြော်ကကြက်က ဟော်မုန်းတွေ၊ အားဆေးတွေ၊ အသားတိုးဆေးတွေ၊ ရောဂါကာကွယ်ဆေးတွေကို ဆေးထိုးအပ်နဲ့ တစ်မျိုး၊ အစားထဲက တစ်ဖုံ၊ သောက်ရေကနေ တစ်သွယ် သူတို့ဗိုက်ထဲရောက်အောင် နည်းမျိုးစုံနဲ့ ပို့ထားတာ။ ဟော ကြော်မယ်ဆိုတော့ ချိုအောင် ပျားရည်လေး၊ ထန်းလျက်လေ၊ ချင်းလေးနဲ့များ ကြော်ထားမယ်ထင်လား။ ဓာတုပစ္စည်းတွေ ပါဝင်ပေါင်းစပ်ထားတဲ့ အမှုန့်တွေနဲ့ ကြော်ထားတာ။ ဒါကို ဈေးကြီးပေးစားကြတာလောက် သနားဖို့ကောင်းတာ ရှိသေးလား။
ထားပါလေ။ ကျင်းတူးသမားကို ထန်းပင်တက်ခိုင်းလည်း ဆင်းပြီးကျင်းတူးမှာပဲလေ။ ဒီတော့ ခေါင်းစဉ်ပြန်သွားရအောင်....ဘာကြောင့် အဆင့်တန်းမြင့်တာလဲ ပြောရအောင်
၁။ လတ်ဆက်မှု
အင်္ဂလိပ်ဆိုရိုးရှိတယ်ဗျ။ "Boil the pot before the corn is picked"။ "ပြောင်းဖူးမချိုးခင် ရေနွေးအိုးအရင်တည်ပါ" လို့ ပြောတာ။ "ခြံစည်းရိုးဟင်းချို" လို့ ပြောကတည်းက ကြိုပြီးခူးဖို့ဆိုတာ မလွယ်ဘူးဗျ။ စားခါနီးမှ အိမ်ထဲမှာရှိတဲ့အပင်တွေ လိုက်ခူးတာကိုးဗျ။ အဲဒါထက် ပိုလတ်လတ်ဆက်ဆက်စားချင်ရင် ထမင်းဝိုင်းကို စိုက်ခင်းထဲသယ်။ ဒါမဟုတ် အိမ်မှာစိုက်ထားတဲ့ ဆလပ်ပင်အိုးကို ထမင်းဝိုင်းအလယ်ချပြီး ခူးစားရုံပဲ ကျန်တော့တာ။
၂။ အမျိုးအမယ်စုံလင်မှု
ကျွန်တော်တို့ ပုံမှန်ဆို ဘူးရွက်ဟင်းချို၊ မုံညှင်းဟင်းချို၊ ဟင်းနုနွယ်ဟင်းချို အမယ်တစ်မျိုးတည်းကို ဇောင်းပေးပြီး ချက်တာများတယ်ဗျ။ ခြံစည်းရိုးဟင်းချိုမှာတော့ အမျိုးအစားအစုံလိုက်ရေရင် တိုင်းရင်းသား ၁၃၅ မျိုးထက်တောင် သာသွားနိုင်တယ်။
၃။ အဟာရ ကြွယ်ဝမှု
ပြောချင်တဲ့ အဆင့်အတန်းဆိုတာ အဲဒါ။ ကျွန်တော်တို့ ကိုဗစ်ကာလကိုလည်း ဖြတ်ကျော်နေရပြီ။ ဒီကာလမှာ နားလည်လာတာက ကျွန်တော်တို့စားနေတဲ့ အစားသောက်တွေက ဈေးနှုန်း၊ အရသာဆိုတာတွေထက် အဟာရစုံလင်မှုက ပိုအရေးပါလာတယ်ဆိုတာ ခင်ဗျတို့ လက်မခံချင်လည်း လက်ခံလိုက်ရပြီမဟုတ်လား။ အဟာရစုံလင်မှ ကိုယ်ခံအားကောင်းမယ်။ ကိုယ်ခံအားကောင်းမှ ရောဂါကူးစက်မှုကို ပြန်တိုက်ထုတ်နိုင်မယ်လေ။ ဆိုတော့ ခြံစည်းရိုးဟင်းချိုမှာပါတဲ့ ဒန့်သလွန်ရွက်ရဲ့အဟာရကို တစ်ချက်ရှိုး။ ဗီတာမင်နဲ့ သတ္တုဓာတ် အမျိုး ၉၀ ကျော်နဲ့ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိရှိ ဗီတာမင် ၄၆ မျိုးလောက် (ကိုးကား - Healthy Life) ပါတဲ့ ဘယ်အားဆေးတွေ့ဖူးလဲ။ လူ့ခန္ဓာကိုယ့်ရဲ့ လိုအပ်တဲ့အဟာရဓာတ်ကို သဘာဝတရားကြီးလောက် ဘယ်သိပ္ပံပညာရှင်မှ အချိုးကျကျ မဖော်စပ်နိုင်သေးဘူး။ ဒါတောင် ဒန့်သလွန်ရွက်တစ်မျိုးပဲ ရှိသေးတယ်။
၄။ ချမ်းသာကြွယ်ဝမှု
နောက်ထပ်ပြောချင်တဲ့ အဆင့်အတန်းတစ်ခု။ ငွေကြေးကို တိုက်ရိုက်ဦးမတည်ပေမယ့် မြို့ပေါ်လူတန်းစားတစ်စုအတွက်ဆို ငွေကြေးနဲ့လည်း သက်ဆိုင်တယ်လို့ ပြောရမယ်။ ခင်ဗျ ချမ်းသာလို့ ကွန်ဒိုမှာနေတယ်ပဲထားဦး။ ဘယ်မှာလဲ ခြံစည်းရိုး။ အိမ်ယာပတ်ပတ်လည်မှာလည်း အပင်မပြောနဲ့ ငှက်တောင် နှုတ်သီးခပ်တုံးတုံးနဲ့ ငှက်တွေပဲရှိတာမဟုတ်လား။ ဒီတော့ ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ ဇီဝကြွယ်ဝမှု (အပင်မျိုး စုံလင်မှု) ရှိမှ ဒီလိုဟင်းမျိုးဆိုတာ ချက်လို့ရတာမဟုတ်လား။
၅။ ကျန်းမာရေးလက်ဆောင်
ကျွန်တော်တို့က ငွေတွေရှာတယ်။ အဲဒီငွေတွေနဲ့ အဆိပ်တွေ ဝယ်စားတယ် (ဥပမာ အသင့်စားအစားအစာတွေ)။ ပြီးရင် အဲဒီငွေတွေနဲ့ပဲ ဆေးပြန်ကုနေရတယ်မဟုတ်လား။ ခြံစည်းရိုးဟင်းချိုမှာတော့ ခင်ဗျားကိုဒုက္ခမပေးတဲ့ အပင် သဘာဝအသီးအရွက်တွေရဲ့ အာနိသင်က ခင်ဗျားကို ကျန်းမာစေမှာပါ။ ဘယ်သူမှလည်း ခြံစည်းရိုးမှာပေါက်တဲ့အပင်ကို ဓာတ်မြေသြဇာကျွေး၊ ဓာတ်တုပိုးသတ်ဆေးတွေ ဖျန်းမနေပါဘူးနော်။
ဒါကြောင့် စာဖတ်သူက ကျေးလက်က ခြံစည်းရိုးဟင်းချိုစားလေ့ရှိရင် ငါဟာ အဆင့်တန်းမြင့်တဲ့ ဟင်းတစ်ခွက်ကို စားနေရပါလားဆိုပြီး လက်မထောင်လိုက်ပါ။ မြို့ပေါ်မီးခြစ်ပုံးထဲကသူဆိုရင်တော့် အချို့ဟင်းရွက်တွေ လတ်လတ်ဆက်ဆက်လေးစားရဖို့ အိမ်ထဲမှာ တစ်နိုင်တစ်ပိုင်လေး စစိုက်ဖို့ အကြံပြုချင်ပါတယ်။
သိန်းစိုးမင်း
Kyaw Lwin
လွန်ခဲ့သော ၃ နှစ် ကအခုလို အဟာရဓာတ် အလွန် ကြွယ်ဝတဲ့ အပင်တွေအကြောင်းကို နောက်အပတ်တွေ မှာ ဆက်လက် ဖော်ပြပေးပါအုံး စာဖတ်မပြင်းပါဘူး း း း
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from Thein Soe Min
အားလုံး
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
06/07/2026
အံ့ဖွယ် "ဒန့်သလွန်" နဲ့ နို့စားနွားမွေးမြူရေး ရေရှည်အောင်မြင်အောင် ဘယ်လိုလုပ်မလဲ?
02/07/2026
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
23/06/2026
မက်ဆီအမြဲလိုလို ပိုက်နဲ့စုပ်သောက်နေတာက ဘာလဲ?
20/06/2026
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026