မာလကာသီး စားရင် ဘယ်လိုကောင်းကျိုးတွေ ရမလဲ
မာလကာပင်ဟာ အမေရိကတိုက်အပါအဝင် လက်တင်ဒေသများ ဖြစ်သော မက္ကဆီကိုနှင့် ပီရူးနိုင်ငံများမှ တစ်ဆင့် ပြန့်နှံ့ စိုက်ပျိုးလာခြင်း ဖြစ်ပါတယ်။ စိုက်ပျိုးရ လွယ်ကူသော သစ်သီးပင် ဖြစ်ပါတယ်။ အပူသမပိုင်းများတွင်လည်း ဖြစ်ထွန်းပါတယ်။ မာလကာပင်ဟာ အပူဒဏ် နှင့် ရေငန်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိသော အပင်မျိုးဖြစ်ပြီး အေးသောဒေသများတွင် အသီးအရသာပို၍ ချိုသည်ဟုလည်း ဆိုကြပါတယ်။ မာလကာသီးဟာ ဗမာလူမျိုးတို့နဲ့ ရင်းနီးပြီးသား အလွယ်တကူ ဝယ်ယူရရှိနိုင်သော အသီးလည်းဖြစ်ပါတယ်။ ဈေးနှုန်းသက်သာသည့်အပြင် ရာသီတိုင်းတွင်လည်း အသီးဖြစ်ထွန်းပါတယ်။ စားလို့လည်း ကောင်းသလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတာမို့ မာလကာသီး အကြောင်းလေ့လာကြပါမယ် ခင်ဗျ။
မာလကာသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ
မာလကာသီးဟာ ဗီတာမင်စီနှင့် ဗီတာမင်အေ ကြွယ်ဝသော အသီး ဖြစ်ပါတယ်။ ဒါ့အပြင် မာလကာသီးမှာ သံဓာတ်၊ ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ ဖော့ စဖရပ်စ်၊ ပိုတက်ဆီယမ် တို့လည်း ပါဝင်ပါသေးတယ်။

မာလကာသီးတစ်လုံးမှာ ဗီတာမင်အေ ကြွယ်ဝစွာ ပါဝင်နေခြင်းကြောင့် မျက်လုံးရဲ့အမြင်အာရုံကို ကောင်းစေပါတယ်။ မာလကာမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ သွေးဖိအားကို ကျစေတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။ ထို့ကြောင့် သွေးအား နည်းခြင်းကို ကာကွယ်ပေးနိုင်ရုံမက သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေသည့် ဂုဏ်သတ္တိရှိနေပါတယ်။ ပုံမှန်စားသုံးပါက သွေးတိုး ကျစေတယ်လို့လည်း သိရပါတယ်။ မာလကာသီးဟာ ဗီတာမင်၊ ပရိုတိန်း နဲ့ အာဟာရဓာတ် ပေါများစွာ ပါဝင်ပြီး လူကို ဝစေတဲ့ ကိုလက်စထရော မပါဝင်သလို အခြားအသီးတွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင်လည်း အချိုဓာတ် အရမ်းကို နည်းပါးပါတယ်။
မာလကာသီးဟာ ကင်ဆာဆဲလ်တွေကိုလည်း တားဆီးပေးနိုင်ပါတယ်။ ထို့အပြင် မာလကာသီးတစ်လုံးမှာ ဗီတာမင် B 6 နဲ့ B 3 တို့ပါဝင်နေခြင်းကြောင့် သွေးလည်ပတ်မှုကိုအားကောင်းစေခြင်း နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာဆောင်ရွက်ချက်တွေကိုများစွာ အထောက်အကူပြုစေပါတယ်။
မာလကာစေ့မှာရော ဘယ်လို ကောင်းကျိုးတွေရှိလဲ
မာလကာစေ့ရဲ့အကျိုးကျေးဇူးကတော့ ဝမ်းချုပ်နေတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။ အစေ့မှာ အမျှင်ဓါတ်ပါဝင်တာကြောင့် အူတွင်းလှုပ်ရှားမှုကို ကောင်းစေပါတယ်။ ထို့အပြင် အစာအိမ်အချဉ်ပေါက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ မာလကာစေ့ဟာ polyunsaturated fatty acids တွေကြောင့် သွေးတွင်းကိုလက်စထရောကို ထိန်းချုပ်မှုမှလည်း အထောက်အကူပေးပါတယ်။
သို့သော် မာလကာစေ့တွေဟာ ကျောက်ကပ်မှာ သွားကပ်မနေဖို့တော့ သတိထားသင့်ပါတယ်။ ထို့အပြင် မာလကာသီးအစေ့ ကို စားသုံးလျှင်အဆိပ်အတောက် မဖြစ်စေသော်လည်း အခန့်မသင့်ပါ က အူအတက်ကိုလည်း ဒုက္ခပေးနိုင်တာမို့ မလိုလားအပ်တဲ့ အရာတွေမဖြစ်အောင် အတိုင်းအတာတစ်ခုထိပဲ စားဖို့အကြံပြုပါတယ်။
ဇင်ထူးနိုင်
ကိုးကားချက်
https://hellosayarwon.com/healthy-living/fitness-nutrition/benefits-of-guava-seeds/
https://my.wikipedia.org/wiki/Guava
ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026