သင့်မျက်စိကျန်းမာရေးအတွက် စားသုံးပေးသင့်သော အစားအစာများ
သင်ဟာ ကိုယ့်ရဲအမြင်မှာ ကြည့်လို့ကောင်းတဲ့အစားအစာကို ရွေးချယ်လေ့ရှိတဲ့သူလား။ ဒါမှမဟုတ် ကိုယ့်ရဲ့အမြင်အာရုံ (မျက်စိ) ကျန်းမာရေးအတွက် ကောင်းစေမယ့် အစားအစာကိုရွေးချယ်လေ့ရှိတဲ့သူလား သိပါရစေ။
ကျွန်ုပ်တို့အနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာသန်စွမ်းနေစေဖို့အတွက် သင့်တင့်မျှတပြီး အာဟာရနဲ့ပြည့်စုံတဲ့ အစားအစာတွေစားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အမြင်အာရုံအတွက် အရေးပါလှတဲ့ မျက်စိကျန်းမာရေးအတွက်ဆိုရင် အာဟာရပြည့်ဝတဲ့အစားအစာတွေ ပိုလို့တောင်စားဖို့ လိုအပ်ပါတယ်။ ယနေ့ခေတ်လို ဖုန်းတွေ၊ ကွန်ပျူတာတွေ အမြဲကြည့်ရှူနေရတဲ့ အခြေအနေမျိုးမှာ မျက်စိကျန်းမာရေးကို ပိုပြီးဂရုစိုက်သင့်ပါတယ်။ မျက်စိကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ ကယ်ရိုတီးနွိုက်စ် စတဲ့အာဟာရတွေဟာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေနဲ့ အသားတွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ ဘယ်အစားအစာတွေလဲဆိုတာ ဆက်ပြီး လေ့လာကြည့်လိုက်ရအောင်။
ကန်စွန်းဥ
ကန်စွန်းဥတစ်လုံးမှာဆိုရင် တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်စီ ထက်ဝက်ကျော်နဲ့ ဗီတာမင်အီး အနည်းငယ်လည်း ပါဝင်ပါတယ်။ ဘီတာကယ်ရိုတင်း မြင့်မားစွာပါ၀င်တာကြောင့် ညဘက်မှာရှိတဲ့အမြင်အာရုံကို အထောက်အကူပြုပြီး သင့်မျက်လုံးရဲ့ အလင်းအမှောင်ကို ထိန်းညှိပေးနိုင်ပါတယ်။
ငါး
တူနာ၊ ဆယ်လ်မွန် စတဲ့ငါးတွေဟာဆိုရင် အိုမီဂါ ၃ ဖတ်တီးအက်ဆစ်တွေ ကြွယ်ဝစွာပါဝင်နေပြီး ကျန်းမာရေးအတွက် များစွာအထောက်အကူပြုစေပါတယ်။ ဒီ အက်ဆစ်ဓာတ်ဟာဆိုရင် အပေါ်ယံမျက်ကြောလွှာနဲ့ အမြင်အာရုံအတွက်ကောင်းစေပြီး မျက်စိခြောက်သွေ့ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
မုန်လာဥနီ
မုန်လာဥနီဟာ မျက်စိကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ လူတော်တော်များများ သိပြီးသားအချက် ဖြစ်မယ်ထင်ပါတယ်။ မုန်လာဥနီမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ဗီတာမင် အေအဖြစ်သို့ ပြောင်းလဲသွားပါတယ်။ မုန်လာဥနီစားခြင်းဖြင့် အမြင်အာရုံကိုကောင်းစေပြီး ဆိုးရွားတဲ့ ရောဂါဝင်ရောက်မှုများမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
ကိုက်လန်
ကိုက်လန်မှာပါဝင်တဲ့ အာဟာရဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ မျက်စိကျန်းမာရေးအတွက် အကျိုးရှိလှပါတယ်။ ကိုက်လန်စားသုံးပေးခြင်းဖြင့် မျက်စိတိမ်စွဲတဲ့ရောဂါများနဲ့ အမြင်အာရုံကြွက်သားတွေ အားနည်းခြင်းများကနေ ကာကွယ်ပေးနိုင်ပါတယ်။
ကြက်ဥ
ကြက်ဥရဲ့အနှစ်မှာဆိုရင် ဗီတာမင်အေ၊ ဇင့်နဲ့ အခြားသော အရေးကြီးအာဟာရဓာတ်တွေ ပါဝင်တာကြောင့် မျက်စိကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။ ဗီတာမင်အေဟာဆိုရင် မျက်ကြည်လွှာပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပြီး ဇင့်ဓာတ်ကတော့ အပေါ်ယံမျက်ကြောလွှာ ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
နို့ထွက်ပစ္စည်းများ
နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ နို့ချဥ်၊ ဒိန်ချဥ် စတာတွေမှလည်း ဗီတာမင်အေနဲ့ ဇင့်ဓာတ်တွေပါဝင်နေပါတယ်။ ဇင့်ဓာတ်ဟာဆိုရင် ဗီတာမင်အေကို အသည်းကနေ မျက်စိသို့ ပို့ဆောင်ပေးပြီး အမြင်အာရုံကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။ အထူးသဖြင့် ညဘက်မှာရှိတဲ့ အမြင်အာရုံကို ပိုကောင်းအောင် အထောက်အကူပြုပေးပါတယ်။
လိမ္မော်သီး
လိမ္မော်သီးဟာဆိုရင် ဗီတာမင် စီ ပါဝင်နေပြီး ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေကို အထောက်အကူဖြစ်စေပါတယ်။ ကိုယ်ခံစွမ်းအားကောင်းစေပြီး မျက်စိရောင်ရမ်းခြင်းများကို လျော့နည်း သက်သာစေနိုင်ပါတယ်။
အနီရောင် ငရုပ်သီးအပွ
အနီရောင် ငရုပ်သီးအပွမှာဆိုရင် ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် အီးနဲ့ အခြား အရေးကြီး အာဟာရဓာတ်များ ပါဝင်ပါတယ်။ ညဘက်မှာရှိတဲ့ အမြင်အာရုံကို ပိုမိုကောင်းစေပြီး မျက်စိမှုန်ခြင်းကိုလည်း ကာကွယ််ပေးနိုင်ပါတယ်။
ပဲအမျိုးမျိုး
ပဲမှာဆိုရင် အရေးကြီးတဲ့ အာဟာရဓာတ်အမျိုးမျိုးပါဝင်နေပြီး အမြင်အာရုံကောင်းမွန်စေသလို မျက်စိနဲ့ပတ်သက်တဲ့ရောဂါများ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ အကြံပြုချင်တာကတော့ မျက်စိကျန်းမာရေးအတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားဖို့လိုအပ်သလို မျက်စိခြောက်သွေ့ခြင်းကနေကာကွယ်နိုင်ဖို့ ရေများများ သောက်ဖို့လည်း လိုအပ်ပါတယ်။ သကြားစားသုံးမှုကို ထိန်းညှိသင့်ပြီး ဆေးလိပ်သောက်ခြင်းကိုလည်း ရှောင်ကျဥ်ဖို့လိုအပ်ပါတယ်။ သန့်ရှင်းကောင်းမွန်တဲ့ အစားအစာတွေကို ကျန်းမာသန်စွမ်းတဲ့မျက်စိနဲ့ ရွေးချယ်ဝယ်ယူပြီး စားသုံးနိုင်ကြပါစေ...
Source : https://neoretina.com/blog/top-10-healthy-foods-for-eye-care/
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026