ဆေးဖက်ဝင်အပင်တစ်ခုထက်ပိုတဲ့ ထူးခြားရနံ့နဲ့ အော်ရီဂန်နို (တောရှုံးပင်)
တောရှုံးပင် (Oregano)ဟာ ပီဇာနဲ့ ပါစတာခေါက်ဆွဲကဲ့သို့သော အီတလီအစားအစာတွေမှာ ထည့်သွင်းအသုံးပြုကြတဲ့အပြင် ဆေးဖက်ဝင်အပင်အနေနဲ့လည်း လူသိများတာဖြစ်ပါတယ်။ ၎င်းကို ဂရိနဲ့ အီတလီဟင်းလျာတွေ ချက်ပြုတ်ရာမှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြတာဖြစ်ပြီး စမုန်ဖြူ၊ ပင်စိမ်း၊ လာဗင်ဒါ၊ ကလျာဏီ စတဲ့ အပင်တွေနဲ့လည်း အသုံးပြုပုံ ဆင်တူတာဖြစ်ပါတယ်။ ၎င်းမှာ အနံ့အရသာ ခပ်ပြင်းပြင်းရှိပြီး အစားအစာတွေကို နွေးထွေးမှုပေးနိုင်တဲ့အပြင် ချိုမြိန်တဲ့အရသာ အနည်းငယ်ရှိတာလည်း ဖြစ်ပါတယ်။
၎င်းကို လတ်ဆတ်တဲ့ပုံစံနဲ့ဖြစ်စေ၊ အခြောက်လှန်းပြီး အမှုန့်ပုံစံနဲ့ဖြစ်စေ၊ အဆီပုံစံနဲ့ဖြစ်စေ စားသုံးနိုင်တာ ဖြစ်ပါတယ်။ သို့ပေမဲ့ တောရှုံးပင်ဟာ အစားအစာတွေအတွက် ထူးခြားတဲ့ရနံ့ကို ပေါင်းထည့်ပေးနိုင်တဲ့ ဆေးဖက်ဝင်အပင်တစ်ခုထက်ကို ပိုပါတယ်။ ခုခံအားစနစ်ကို အားကောင်းစေခြင်း၊ အစာချေဖျက်ခြင်းနဲ့ အစာအိမ်ကျန်းမာရေးတို့ကို တိုးတက်ကောင်းမွန်စေခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာ ရှိတာလည်းဖြစ်ပါတယ်။ ၎င်းကို ပမာဏအနည်းငယ် ပုံမှန်အသုံးပြုရုံနဲ့ အာဟာရဓာတ် အများအပြား ရရှိနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် တောရှုံးပင်အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းဟာ ကျွန်တော်တို့ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် ကေ (K) ၈ ရာခိုင်နှုန်းလောက်ကို ဖြည့်ဆည်းပေးနိုင်တာ ဖြစ်ပါတယ်။
တောရှုံးပင်ဟာ ပန်းပွင်တဲ့အပင်မျိုးစိတ်ဖြစ်ပီး ပူစီနံ၊ ပင်စိမ်း စတဲ့အပင်တွေရဲ့ မျိုးရင်းဝင်အပင်ဖြစ်ကာ သူ့ရဲ့မူရင်းဒေသတော့ မြေထဲပင်လယ်ဒေသ ဖြစ်ပါတယ်။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ ကမ္ဘာတစ်ဝန်းမှာ တွင်ကျယ်စွာ စိုက်ပျိုးစားသုံးနေကြပြီဖြစ်ပါတယ်။ ဒီအပင်မှာ အနံ့ပြင်းတဲ့ အရွက်သေးသေးလေးတွေ ပါရှိပေမဲ့လည်း ဟင်းလျာအမျိုးမျိုးအတွက် ကောင်းမွန်တဲ့ အနံ့အရသာကို ပေါင်းထည့်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းဟာ ကစီဓာတ်လည်း မပါဝင်တာကြောင့် သက်သတ်လွတ်စားသုံးသူတွေအတွက်လည်း သင့်တော်ပါတယ်။
တောရှုံးပင်ရဲ့ အာဟာရဂုဏ်သတ္တိများ
တောရှုံးပင်မှာ ဗီတာမင် အေ (A)၊ စီ (C) နဲ့ ကေ (K) ကဲ့သို့သော မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာပါဝင်နေပြီး သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ် စတဲ့ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေတာ ဖြစ်ပါတယ်။ ထို့အပြင် ၎င်းရဲ့အရွက်တွေမှာ အခြားအရေးကြီးသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း အများအပြား ပါရှိနေတာဖြစ်ပါတယ်။ ကယ်လိုရီပါဝင်မှုကတော့ အလွန်နည်းပါးပါတယ်။
တောရှုံးပင် အခြောက် (အမှုန့်) ၁၀၀ ဂရမ်မှာ ပါဝင်နေတဲ့ အာဟာရတန်ဖိုးတွေကတော့
- စွမ်းအင် - ၂၆၅ ကီလိုကယ်လိုရီ
- ကာဗိုဟိုက်ဒရိဒ် - ၆၈.၉ ဂရမ်
- ပရိုတင်း - ၉ ဂရမ်
- အဆီ - ၄.၂ ဂရမ်
- အမျှင်ဓာတ် - ၄၂.၅ ဂရမ် စသည်ဖြင့် အသီးသီးပါဝင်နေကြတာ ဖြစ်ပါတယ်။

ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ
၁။ ကိုယ်ခံစွမ်းအား ကောင်းစေခြင်း
သုတေသန ပြုချက်တွေအရ တောရှုံးပင်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ (antioxidants) ကြွယ်ဝစွာ ပါဝင်နေပြီး ကိုယ်ခံစွမ်းအားကို ကောင်းစေနိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါ အရေးကြီးတဲ့ ပါဝင်ပစ္စည်းတွေဟာ ခန္ဓာကိုယ်အတွင်းရှိ ဖရီးရယ်ဒီကယ်တွေ (free radical - ကြီးမားတဲ့ ဓာတုတုံ့ပြန်မှုတွေဖြစ်ပေါ်စေနိုင်တဲ့ပစ္စည်း)ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပျက်စီးမှုတွေကိုလည်း တိုက်ဖျက်ပေးနိုင်တာ ဖြစ်ပါတယ်။ အဆိုပါ ဖရီးရယ်ဒီကယ်တွေ စုပုံလာခြင်းဟာ ဓာတ်တိုးမှုဖိစီးမှုတွေကို ဖြစ်ပေါ်စေနိုင်ပြီး အမျိုးမျိုးသောရောဂါတွေနဲ့ မူမမှန်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဖြစ်ပေါ်စေနိုင်တဲ့ ရောဂါတွေကတော့ ဆီးချို၊ နှလုံးရောဂါ၊ နာတာရှည်ရောင်ရမ်းမှု၊ အဆစ်အမြစ်ရောင်ရောဂါနဲ့ ကင်ဆာရောဂါတို့ပဲ ဖြစ်ပါတယ်။
အခြားလေ့လာမှုတစ်ခုအရ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ (antioxidants) ဟာ ဖရီးရယ်ဒီကယ် (free radical) တွေကိုဖျက်ဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေတဲ့ တောရှုံးပင်တွေဟာ ဆဲလ်နဲ့ တစ်သျှူးတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ပိုမိုခိုင်မာစေပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေတာ ဖြစ်ပါတယ်။
၂။ ဘက်တီးရီးယားများကို ဆန့်ကျင်ပေးနိုင်ခြင်း
ဘက်တီးရီးယားတွေဟာ ကူးစက်ရောဂါတွေကို ဖြစ်ပေါ်စေနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို ထိခိုက်စေနိုင်တာဖြစ်ပါတယ်။ ဆေးဖက်ဝင်အပင်တွေကို အသုံးပြုခြင်းဖြင့် ဘက်တီးရီးယားပိုးမွှားတွေကို ဆန့်ကျင်ပေးနိုင်တယ်ဆိုတဲ့ သာဓကတွေရှိပြီးဖြစ်ပါတယ်။ တောရှုံးပင်ဟာလည်း ဘက်တီးရီးယားပိုးမွှားတွေကို ပြင်းထန်စွာ တိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေရှိတာကြောင့် ဘက်တီးရီးယားပိုးမွှားတွေကြောင့် ဖြစ်ပေါ်တတ်တဲ့ ရောဂါတွေကို ကုသရာမှာလည်း အသုံးပြုနိုင်တာဖြစ်ပါတယ်။
တောရှုံးပင်မှာ carvacrol နဲ့ thymol ကဲ့သို့သော ဒြပ်ပေါင်းတွေပါဝင်နေတာကြောင့် ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ ကလျာဏီ၊ စမုန်ဖြူ နဲ့ တောရှုံးပင်တွေကနေ ရရှိတဲ့ အဆီတွေအကြား နှိုင်းယှဉ်လေ့လာမှုပြုလုပ်ရာမှာ တောရှုံးပင်ကရရှိတဲ့ အဆီဟာ ဘက်တီးရီးယားပိုးမွှားတွေကို ဆန့်ကျင်ပေးနိုင်ဆုံး အကျိုးပြုအဆီအဖြစ် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၎င်းရှာဖွေတွေ့ရှိမှုမှာ တောရှုံးပင်တွေဟာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးမွှား ၂၃ မျိုးကို ထိရောက်စွာ တိုက်ဖျက်ပေးနိုင်တယ်လို့ ဆိုပါတယ်။
၃။ ရောင်ရမ်းမှုများကို ဆန့်ကျင်ပေးနိုင်ခြင်း
တောရှုံးပင်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) တွေ ကြွယ်ဝစွာပါဝင်နေပြီး ရောင်ရမ်းမှုကို ဆန့်ကျင်ပေးနိုင်တဲ့ဂုဏ်သတ္တိဖြစ်တဲ့ carvacrol ပါ၀င်နေတာ ဖြစ်ပါတယ်။ ရောင်ရမ်းမှုကို ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိဟာ ရောဂါပိုးမွှား၊ ဒဏ်ရာနဲ့ အဆိပ်အတောက်တွေကို ပျောက်ကင်းအောင် တိုက်ဖျက်ပေးနိုင်တဲ့ကိုယ်ခံအားတုံ့ပြန်မှုတစ်ခုလည်း ဖြစ်ပါတယ်။

၄။ ဗိုင်းရပ်စ်ပိုးမွှားများကို ဆန့်ကျင်ပေးနိုင်ခြင်း
တောရှုံးပင်ဟာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့အပြင် ဗိုင်းရပ်စ်တွေကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။
တောရှုံးပင်မှာ ပါဝင်တဲ့ ဒြပ်ပေါင်း ၂ ခုဟာ ဗိုင်းရပ်စ်ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ရှိနေတယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြပါတယ်။ အထူးသဖြင့် နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ အအေးမိခြင်းနဲ့ ချောင်းဆိုးခြင်းတို့ကို တိုက်ဖျက်ပေးနိုင်တာ ဖြစ်ပါတယ်။ အဆိုပါ ဒြပ်ပေါင်းနှစ်ခုဟာ တစ်နာရီအတွင်း ရေယုန်ဗိုင်းရပ်စ်ပိုးရဲ့ ၉၀ ရာခိုင်နှုန်းကို ဟန့်တားနိုင်ကြောင်း သက်သေပြထားနိုင်တာလည်း ဖြစ်ပါတယ်။
၅။ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း
တောရှုံးပင်ဟာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ၎င်းရဲ့ အကျိုးကျေးဇူးတွေဟာ အစာခြေလမ်းကြောင်းတစ်လျှောက် ကြွက်သားတွေရဲ့ ကျုံ့ဆန့်နိုင်တဲ့ peristaltic လှုပ်ရှားမှုကို လှုံ့ဆော်ပေးခြင်း၊ အစာတွေကိုထိရောက်စွာ ရွေ့လျားစေပြီး စွန့်ထုတ်ပေးနိုင်ခြင်း စတဲ့ ဂုဏ်သတ္တိတွေကို ပံ့ပိုးပေးနိုင်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဗိုက်အောင့်ခြင်းစတဲ့ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကုသဖို့အတွက် တောရှုံးပင် အဆီကိုလည်း အသုံးပြုနိုင်ပါတယ်။
၆။ ဆီးချိုရောဂါ ကာကွယ်ပေးခြင်း
ဆီးချိုရောဂါဟာ ပန်ကရိယ ဘီတာဆဲလ် (Pancreatic β-cell) ပျက်စီးခြင်းကြောင့် ကိုယ်တွင်းသဘာဝအတိုင်းရှိနေတဲ့ အရာတွေ ရောင်ရမ်းမှုဖြစ်လာပြီး သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်း (hyperglycemia) ဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ တောရှုံးပင်ကနေ ထုတ်ယူရရှိတဲ့ သဘာဝပစ္စည်းတွေဟာ သွေးတွင်းသကြားဓာတ် ကြီးထွားလာမှုကိုကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ၎င်းဟာ pro-inflammatory macrophage တုံ့ပြန်မှုကိုလည်း လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် တောရှုံးပင်မှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာချေဖျက်မှုကို နှောင့်နှေးစေတာဖြစ်ပါတယ်။ ၎င်းဟာ သကြားဓာတ်ကို လျင်မြန်စွာ မချေဖျက်နိုင်ဘဲ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေကြောင်း သေချာစေပါတယ်။
၇။ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေခြင်း
အူလမ်းကြောင်းတစ်လျှောက် အမျိုးမျိုးသော အစိတ်အပိုင်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ ဇီဝကမ္မလုပ်ဆောင်မှုတွေဟာ အစာအိမ်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိတာ ဖြစ်ပါတယ်။ ညစ်ညမ်းသောအစားအစာနဲ့ ရေကဲ့သို့ မသန့်ရှင်းတဲ့ အခြေအနေတွေဟာ အစာအိမ်အတွင်း ကပ်ပါးပိုးများဝင်ရောက်နိုင်ပြီး ရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။
လေ့လာမှုတစ်ခုမှာဆိုရင် အစာခြေဖျက်နိုင်မှု ပြဿနာဖြစ်စေတဲ့ ကပ်ပါးပိုး ၃ မျိုး ကူးစက်ခံထားရတဲ့သူတွေကို တောရှုံးပင် အဆီကို ဖြည့်စွက်စာအနေနဲ့ ကျွေးတဲ့အခါ ကပ်ပါးပိုးတွေကို လုံးဝပျောက်ကင်းသွားစေပြီး ကျန်ရှိတဲ့ ရောဂါလက္ခဏာတွေကိုပါ သက်သာပျောက်ကင်းသွားစေတယ်လို့ ဆိုပါတယ်။
ဇင်ထူးနိုင်
Ref:
https://www.healthifyme.com/blog/benefits-of-oregano/amp/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဇင်ထူးနိုင်
လွန်ခဲ့သော ၃ နှစ် က<a href="https://greenwaymyanmar.com/posts/healthy_benefits_of_basil">ပင်စိမ်းပင်၏ ကျန်းမာရေးအကျိုးကျေးဇူးများ</a> လေ့လာနိုင်ပါတယ်
ဇင်ထူးနိုင်
လွန်ခဲ့သော ၃ နှစ် ကစိုက်လို့ရပါတယ်။ မျိုးကတော့ အွန်လိုင်းပေါ်မှာ တစ်ချက်ရှာကြည့်ပါ။ မျိုးစေ့သီးသန့်ရောင်းတဲ့ နေရာတွေမှာ မေးကြည့်နိုင်ပါတယ်။ ဒါမှမဟုတ် အစိမ်းရောင်လမ်းရဲ့ စျေးတန်းကြီးမှာ တစ်ချက်မေးကြည့်ပါခင်ဗျ
S2MO
လွန်ခဲ့သော ၃ နှစ် ကပင်စိမ်းပင်အကြောင်းလေးလဲရေးပေးနော်
Kaung Sat
လွန်ခဲ့သော ၃ နှစ် ကမြန်မာနိုင်ငံ ဖြစ်ထွန်းနိုင်လားဗျ မျိုး ဘယ်မှာ ရနိုင်လဲ
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....