သြဇာသီးကပေးတဲ့ ကျန်းမာရေးအကျိုး (၁၀) မျိုး
သြဇာသီးဆိုတာ အရသာအားဖြင့်ချိုမြပြီး လက်ရှိကာလမှာလည်း ရာသီပေါ်သီးနှံဖြစ်တဲ့အတွက် စားသုံးပေးသင့်တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း သင့်တင့်တာကြောင့် အလွယ်တကူဝယ်ယူစားသုံးနိုင်ပါတယ်။ ဒါကြောင့် ယခုဆောင်းပါးလေးမှာတော့ သြဇာသီးစားသုံးပေးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
၁။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းစေခြင်း
သြဇာသီးမှာဆိုရင် ဗီတာမင် B6 ပါဝင်ပြီး လေပြွန်ရောင်ရမ်းခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီအသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းပါ၀င်နေတာကြောင့် အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်ခံအားစနစ် ကောင်းမွန်လာအောင်လည်း ကူညီပေးပါတယ်။
၂။ သွေးတိုးခြင်းအား ကာကွယ်ပေးနိုင်ခြင်း
အစာအာဟာရမမျှတခြင်းနဲ့ စိတ်ဖိစီးမှုများကြောင့်ဖြစ်တတ်တဲ့ သွေးတိုးခြင်းကိုလည်း သြဇာသီးက အထိုက်အလျောက်ကာကွယ်ပေးနိုင်ပါတယ်။ သြဇာသီးမှာဆိုရင် ပိုတက်စီယမ်ဓာတ်ပါဝင်နေပြီး ၎င်းဓာတ်ဟာ နှလုံးကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။ ငှက်ပျောသီးမှာပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ထက်ကို ပိုများတဲ့ပမာဏဟာ သြဇာသီးမှာပါဝင်နေတာဖြစ်ပါတယ်။ ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေဟာဆိုရင် ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးပြီး သွေးဖိအားကိုလည်း ကျဆင်းစေပါတယ်။
၃။ နှလုံးကျန်းမာရေးအတွက် ကောင်းစေခြင်း
သြဇာသီးတစ်လုံးဟာ ခန္ဓာကိုယ်မှ နေ့စဉ်မဂ္ဂနီဆီယမ်လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းကို ပေးစွမ်းနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ဟာ နှလုံးကြွက်သားများ ဖြေလျှော့ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ဟာ သွေးဖိအားကို ထိန်းညှိပေးထားတဲ့အတွက် နှလုံးကြွက်သားတွေကိုလည်း ဖြေလျော့စေပြီး နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုစေတာပဲဖြစ်ပါတယ်။
၄။ ကိုလက်စရော ကျဆင်းစေခြင်း
ယနေ့ခေတ် အစားအသောက်ပုံစံများနဲ့ အထိုင်များသောနေထိုင်မှုပုံစံများကြောင့် လူအများစုဟာ ကိုလက်စထရောပမာဏ မြင့်လေ့ရှိပြီး ၎င်းဟာ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင် B3 ချို့တဲ့ခြင်းဟာ ဆိုးရွားတဲ့ကိုလက်စရောများကို တိုးလာစေပါတယ်။ Niacin လို့ခေါ်တဲ့ဓာတ်ဟာဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ ကိုလက်စရောပမာဏ ၂၀ ရာခိုင်နှုန်းကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါနဲ့ ပတ်သတ်တာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၅။ အစာခြေဖျက်နိုင်စွမ်း ကောင်းစေခြင်း
သြဇာသီးမှာဆိုရင် အစာခြေစနစ်အတွက် အရေးကြီးတဲ့ ကော့ပါးဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်ခြင်းနဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို လျော့နည်း သက်သာစေပါတယ်။
၆။ သွေးအားနည်းမှုကို ကာကွယ်ပေးနိုင်ခြင်း
ခန္ဓာကိုယ်ထဲမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သွေးအားနည်းခြင်းကိုလည်း သြဇာသီးက ကာကွယ်ပေးနိုင်ပါတယ်။ သွေးအားနည်းခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့လက္ခဏာများမှာ ကွဲပြားနိုင်ပြီး အများစုဟာ မကြာခဏခေါင်းမူးခြင်းနဲ့ နာတာရှည်ပင်ပန်းနွမ်းနယ်ခြင်းတို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် သြဇာသီးဟာ သံဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးအားနည်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။
၇။ ကင်ဆာရောဂါ ကာကွယ်ပေးနိုင်ခြင်း
သြဇာသီးမှာဆိုရင် ကင်ဆာရောဂါကို ဆန့်ကျင်ပေးတဲ့ဓာတ်တွေ ပါဝင်နေပါတယ်။ သြဇာသီးမှာပါဝင်တဲ့ acetogenin (အဆီတိုဂျန်နင်) နှင့် alkaloids (အယ်ကာလွိုက်) ဓာတ်တွေဟာဆိုရင် ကင်ဆာ အကျိတ်ဆဲလ်များရဲ့ ကြီးထွားမှုကိုတားဆီးပေးနိုင်ပါတယ်။
၈။ ကိုယ်ဝန်ဆောင်မိခင်များရဲ့ ကျန်းမာရေးကို အထောက်အကူပြုခြင်း
သြဇာသီးဟာ Folic (ဖောလစ်အက်စစ်) ဓာတ်ကြွယ်ဝစွာပါဝင်နေပြီး ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေးအထောက်အကူပြုပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အာရုံကြောစနစ်ချို့ယွင်းခြင်းနဲ့ ကိုယ်ဝန်ပျက်ကျခြင်းတွေကို အခွင့်အလမ်းနည်းစေပါတယ်။ သင်္ဘောသီးနဲ့ ထောပတ်သီးတွေမှာဆိုရင်လည်း ဖောလစ်အက်စစ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေလို့ စားသုံးပေးသင့်ပါတယ်။
၉။ အဆစ်အမြစ်နာကျင်မှုများကို သက်သာစေခြင်း
သြဇာပင်ရဲ့ အရွက်ပြုတ်ရည်ဟာ အဆစ်အမြစ်နာကျင်ခြင်းများကိုလည်း သက်သာစေတယ်လို့ သိရပါတယ်။ ၎င်းမှာ မဂ္ဂနီဆီယမ်ဓာတ်ပါဝင်ပြီး ဒူလာနဲ့ အဆစ်နာမှုများကြောင့် ဖြစ်ပေါ်တဲ့ ရောင်ရမ်းမှုများကို လျော့နည်းသက်သာစေပါတယ်။
၁၀။ ဆံပင်နှင့် အသားအရေအတွက် ကောင်းစေခြင်း
သြဇာသီးမှာဆိုရင် ဗီတာမင်A နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါ၀င်တဲ့အတွက် တစ်သျှူးများကို ပြန်လည်တည်ဆောက်ပေးပြီး အသားအရေကို တောက်ပစေပါတယ်။ ဗီတာမင်အေဟာ ပရိုတင်းဓာတ်များနဲ့ ပေါင်းစပ်ကာ အရွတ်များနဲ့ ကြွက်သားများသန်မာစေရန် ခန္ဓာကိုယ်မှာ အလုပ်လုပ်ပေးပါတယ်။ ၎င်းဟာ collagen (ကော်လဂျင်) ထုတ်လုပ်မှုကိုကူညီပေးပြီး အသားအရေနဲ့ ဆံပင်တို့ကို ကျန်းမာသန်စွမ်းစေပါတယ်။
Source - https://www.healthbenefitstimes.com/sugar-apple/
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....