“ဆေးစွမ်းထက်လှပါတဲ့ မြန်မာ့ရဲယို…”
အရွက်၊ အခေါက်၊ အပွင့်၊ အသီး၊ အမြစ် အားလုံး ဆေးဖက်ဝင်တဲ့ မြန်မာ့ရဲယိုပင်အကြောင်းကို ကျွန်မတို့ စိုက်ပျိုးရေးလောကသား တော်တော်များများလည်း သိပြီးသား ဖြစ်လောက်မှာပါ။ အရင့်အရင်တုန်းကတည်းက မြန်မာလူမျိုးတို့ရဲ့ အိမ်ခြံဝန်းတွေမှာ ရဲယိုပင်တစ်ပင်တလေတော့ တွေ့နေကြ။ လူကြီးမိဘတွေက ရဲယိုသီးမီးဖုတ်၊ ရဲယိုရွက်ပြုတ်တွေကို ငပိရည်နဲ့တို့စရာအဖြစ် စားသုံးတာကို တွေ့ဖူးသလို၊ အိမ်မှာ ငါးဖယ်ခြစ်လေးကို ရဲယိုရွက်လေးတွေနဲ့ထုပ်ပြီး ဆီပြန်ဟင်း ချက်စားတာမျိုး၊ ရဲယိုရွက်နဲ့ ငါးခူစဉ်းကောလေးနဲ့ နံနံပင်လေးအုပ်၊ အိုးကပ်ချက်စားတာမျိုးကိုလည်း ကျွန်မတို့တတွေ စားဖူးနေကြ။ သို့သော် တကယ်တမ်း ကျန်းမာရေးအတွက် သေသေချာချာ နေ့စဉ်စားသုံးကြည့်ဖို့ကိုတော့၊ ကျွန်မကိုယ်တိုင်လည်း စိတ်မကူးမိခဲ့ပါဘူး။
တစ်နေ့ကတုန်းကပေါ့။ ရဲယိုပင်စိုက်ပျိုးတဲ့ တောင်သူတစ်ယောက်ကို အင်တာဗျူးဖို့ စီစဉ်ရင်း၊ သူ့ကို အင်တာမဗျူးခင်မှာ သူထုတ်လုပ်နေတဲ့ ရဲယိုထုတ်ကုန်တွေ အကြောင်းကို အရင်ဆုံး လေ့လာဖြစ်သွားခဲ့တယ်။ အဲ့ဒီနောက်တော့ အဖိုးမဖြတ်နိုင်တဲ့ ရဲယိုပင်တစ်ပင်လုံးရဲ့ အစွမ်းတွေကို တစေ့တစောင်း တီးမိ၊ ခေါက်မိခဲ့ပါတော့တယ်။
ရဲယိုပင်ကို နိုနီ (Noni) လို့လည်း ခေါ်ကြပြီး၊ ရုက္ခဗေဒအမည် Morinda anhgustifolia Roxb လို့ ခေါ်တွင်ပါတယ်။ ရဲယိုပင်ကနေထွက်တဲ့ ရဲယိုထုတ်ကုန် (စားသောက်ကုန်) တွေကို စားသုံးပေးမယ်ဆိုရင် ကာဗိုဟိုက်ထရိတ်၊ ကစီဓာတ်၊ သကြားဓာတ်၊ အသားဓာတ် (ပရိုတင်း) စတာတွေကို ရရှိနိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။
ရဲယိုရွက် - ခန္ဓာကိုယ်ထဲက ကျန်းမာစေတဲ့ ဆဲလ်တွေကို ပိုထုတ်ဖို့ အားပေးပြီးတော့၊ မကောင်းတဲ့ ဆဲလ်တွေကို လျော့နည်းအောင် လုပ်ဆောင်ပေးပါတယ်။ ရဲယိုရွက်ကို ဟင်းအဖြစ်ပဲ ချက်စား၊ တို့စားလို့ပဲ ရတာမဟုတ်ပါဘူး။ ဒဏ်ရာပေါ်မှာ အုံပေးတာမျိုး၊ အရွက်ကို ထောင်းထုပြီး ဆေးအဖြစ် သုံးပေးလို့ ရပါတယ်။ အရွက်ကို အခြောက်ခံပြီး အမှုန့်အဖြစ် သောက်သုံးပေးရင်လည်း ကိုယ်ခံစွမ်းအားတွေကို တိုးမြှင့်စေပါသေးတယ်နော်။ (တချို့ခံတွင်းတွေအတွက် ရဲယိုရွက်စားရင် အခါးဓာတ်နဲ့ အနည်း ငယ်ယားယံတာမျိုးကို ကြုံရင်လည်း၊ ရဲယိုရွက်တွေကို ဆားနဲ့နယ်ပြီး၊ ရေဆေးပေးလိုက်ရင် အဆင်ပြေသွားမှာပါ။)
ရဲယိုဖျော်ရည် - ဇီးသီး၊ သရက်သီး၊ နာနတ်သီးအမှည့်တွေကို ဖျော်ရည်အဖြစ် သောက်သုံးပေးသလိုပဲ၊ ရဲယိုသီးအမှည့်ကိုလည်း သကြားလေးနဲ့ ဖျော်ရည်အဖြစ်၊ သောက်သုံးပေးလို့ ရပါတယ်။ ရဲယိုသီးဖျော်ရည်ရဲ့အစွမ်းကတော့ ခန္ဓာကိုယ်မှာ အဓိကလိုအပ်တဲ့ ဟော်မုန်းဓာတ်ကို အားဖြည့်တာကြောင့်၊ အမောအပန်းခံနိုင်ကာ အားအင်ပြည့်ဖြိုးစေပါတယ်တဲ့။
ရဲယိုသီး - ရဲယိုသီး မမှည့်တမှည့်လေးကို မီးဖုတ်ပါ။ ဆားလေးနည်းနည်းလောက်ထည့်လို့ သွားတိုက်ဆေးအဖြစ် တိုက်ပေးမယ်ဆိုရင် သွားနဲ့သွားဖုံးတွေကို သန်စွမ်းစေပါတယ်။ ရဲယိုသီးကို ပျား ရည် (သို့မဟုတ်) ထန်းလျက်နဲ့ခေါက်စားပါက ချောင်းဆိုး၊ ပန်းနာရောဂါတွေကို ပျောက်ကင်းစေပါတယ်။
၁၉၉၃-ခုနှစ်က ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့မှာရှိတဲ့ တက္ကသိုလ်တစ်ခုကနေ ရဲယိုသီးမှာ ပါဝင်တဲ့ ဆေးဖက်ဝင်ဓာတ်တွေဟာ သွေးတိုး ရောဂါနဲ့ နာကျင်ရောင်ရမ်းမှုတွေကို လျော့ကျစေတာ၊ မှိုရောဂါနဲ့ ရောဂါပိုးမွှားတွေကို သေစေနိုင်တာ၊ အဖုအကြိတ်တွေကို သက်သာပျောက်ကင်းစေတာကို လေ့လာစမ်းသပ်မှုတွေမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရဲယိုသီးယို - ရဲယိုသီးအမှည့်တွေကို ကြိတ်စက်နဲ့ကြိတ်ပါ။ နောက်ထပ် ပါဝင်ပစ္စည်းတွေအနေနဲ့ ထန်းလျက်၊ ဆား နည်းနည်းစီ ထည့်ပါ။ အပူပေး အခြောက်ခံပါ။ ပျားရည် (သို့မဟုတ်) ထန်းလျက် နဲ့ တို့စားလို့ရပါပြီ။ နောက်တစ်နည်းကတော့ ရဲယိုသီးအမှည့်တွေကို ကြိတ်စက်နဲ့ကြိတ်ပြီး၊ ထန်းလျက်နဲ့ (မိမိနှစ်သက်ရာ အချိုဓာတ် အတိုင်း) တစ်ခါတည်းရောနှောပါ။ အပူပေးလို့ ယိုထိုးပြီး၊ သွားရေစာ (အိမ်သုံးဆေးဝါးဓာတ်စာ) အဖြစ်လည်း စားသုံးလို့ ရပါပြီ။ ရဲယိုသီးယိုကို စားသုံးပေးမယ်ဆိုရင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးတာ၊ စိတ်နှလုံးရွှင်လန်းစေတဲ့ အကျိုးတွေကို ရစေမှာပါတဲ့ရှင့်။
အဲ့ဒီတော့ - အနောက်တိုင်းက တင်သွင်းလာတဲ့ဆေးဝါးတွေကို အားကိုးနေမယ့်အစား၊ ကိုယ့်ခြံထဲက ထွက်ရှိတဲ့ ရဲယိုတစ်ပင်လုံးကို အရိုးရော၊ အရွက်ပါမကျန် နည်းမျိုးစုံ ပြုလုပ်စားသောက်လိုက်မယ် ဆိုရင် (ရဲယိုဓာတ်စာရည်၊ ရဲယိုပေါင်းရည်၊ ရဲယိုသီးယို စတဲ့စား သောက်ကုန်တွေကို စားသုံးပေးမယ်ဆိုရင်) ဈေးနှုန်းသက်သက်သာသာနဲ့ ကျန်းမာရေးစောင့်ရှောက်ရာ ရောက်စေမှာ ဖြစ်တဲ့အကြောင်း၊ စေတနာရှေ့ထား တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
နန်းထက်ထက်ချစ်(ABM)
tun
လွန်ခဲ့သော ၁ နှစ် ကဟုပ်ပါ့
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022