ကိုဗစ်တတိယလှိုင်းကိုရှောင်ဖို့ ဒါတွေပြင်ဆင်ထားရအောင်
ကိုရိုနာဗိုင်းရပ် (covid 19) သည် ယခုအခါမြန်မာပြည်သို့ တတိယလှိုင်းအဖြစ်ပြန်ရောက်လာကာ ပျံ့ပွားလျက်ရှိပါသည်။ ယခင်ကဲ့သို့ Quarantine Center များရှားလာခြင်းနှင့် ကပ်ဘေးအမျိုးမျိုးရင်ဆိုင်ရသော ယခုအခြေနေတွင် မိမိတို့နေအိမ်တွင်သာရောဂါကို အတတ်နိုင်ဆုံးရှောင်နိုင်ရန် ပြင်ဆင်သင့်သည်များကို ရေးသားတင်ပြအပ်ပါသည်။
အသုံးအဆောင်အနေဖြင့် နှာခေါင်းစည်း(mask)၊ face shield၊ လက်သန့်ဆေးရည်နှင့် oximeter (သွေးတွင်းအောက်စီဂျင်တိုင်းကိရိယာ) တို့ ဆောင်ထားသင့်ပါသည်။
ဆေးဝါးများအနေဖြင့် စီဗစ် (vitamin C)၊ ပါရာစီတမော၊ ဇင့်၊ ချောင်းဆိုးပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ရှူဆေး၊ ဓာတ်ဆားတို့ကို ပြင်ထားသင့်ပေသည်။
လူတစ်ဦးသည် တစ်နေ့လျှင် vitamin C ကို အများဆုံး 1000 mg အထိ သောက်သုံးနိုင်ပါသည်။ BPI civit တစ်ပြားသည် 100 mg နှင့်ညီပါသည်။ သို့သော် တန်ဆေးလွန်ဘေးမဖြစ်စေရန် ကိုယ်ခံအားကောင်းလိုသူများအတွက် တစ်နေ့တစ်ပြားသာ ကြိုတင်သောက်သုံးပေးသင့်ပါသည်။ ရောဂါကူးစက်လာပါက နှစ်ပြားခန့်သောက်နိုင်ပါသည်။ 500 mg ဆိုပါက တစ်ပြားသောက်နိုင်ပါသည်။
ဇင့်သည် သာမန်အခြေနေတွင် သောက်သုံးစရာမလိုပါဟု ဆရာဝန်များဆိုကြပါသည်။ ဇင့်၏အစွမ်းမှာ အနာကျက်မြန်စေခြင်းနှင့် အနံ့အရသာကောင်းအောင် ကူညီပေးခြင်းဖြစ်ပါသည်။ သို့သော် ဘေးထွက်ဆိုးကျိုးအနေနှင့် အလွန်အကျွံသောက်ပါက အော့အန်ခြင်း၊ ခေါင်းထိုးခြင်း၊ ဝမ်းလျောခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ရောဂါကာကွယ်ရန်အတွက် ဇင့်ကို ကြိုသောက်ရန်မလိုပါ။
ဓာတ်ဆားတွင် BPI ဓာတ်ဆားများကို ယခုကာလ ဆောင်သင့်ပါသည်။ ဗီဇပြောင်းကိုဗစ်သည် အချို့တွင် အစပိုင်း ဝမ်းသွားခြင်းနှင့် အန်ခြင်းကဲ့သို့ဖြစ်သောကြောင့် ထိုသို့ဖြစ်ပါက ချွေးဓာတ်နှင့် ဆားဓာတ်ကို ပြန်လည်ဖြည့်တင်းရန် တစ်နေ့ကို ဓာတ်ဆားတစ်ထုပ်သောက်ရပါမည်။
ရှူဆေးအနေနှင့် အနံ့ပျောက်ခဲ့ပါက ရှူပေးရန်ဖြစ်ပါသည်။ နှာစေးပျောက်ဆေးမှာလည်း ကူးစက်ခံရခါစတွင် နှာစေးပါက သက်သာရန်ဖြစ်ပါသည်။ အလွယ်ကူဆုံးမှာ ဘာမီတွန်ကို ၈ နာရီခြားတစ်ကြိမ် သောက်ပေးလျှင်ရပါသည်။ ချောင်းဆိုးပျောက်ဆေးမှာလည်း အလားတူပင်ဖြစ်ကာ ဆေးရည်ဖြစ်စေ ဆေးလုံးဖြစ်စေ အသင့်ဆောင်ထားသင့်ပါသည်။ ပါရာစီတမောကိုလည်း အဖျားဝင်မှသာ သောက်သင့်ပါသည်။ အဖျားရှိပါက ပါရာစီတမောကို လေးနာရီခြားတစ်ခါ သောက်နိုင်ပါသည်။ အဖျားကြီးလွန်းပါက ရေခဲဝတ်ကပ်ပေးခြင်းကိုပါ ပြုလုပ်နိုင်ပါသည်။ အဖျားမရှိဘဲ အနံ့သာပျောက်သောအခြေအနေတွင် စီဗစ်သောက်ခြင်း၊ ဓာတ်ဆားသောက်ခြင်းနှင့် နေရောင်ခြည်ကို နာရီဝက်ခန့် လှုံပေးခြင်းတို့လုပ်ကာ ကိုယ်ခံအားပြည့်ဝစွာ စားသောက်နေထိုင်ပါလျှင် အကောင်းပကတိပြန်ဖြစ်နိုင်ပါသည်။
oximeter မှာ သွေးတွင်းရှိ အောက်စီဂျင်ပမာဏကိုတိုင်းပေးသော ကိရိယာဖြစ်၍ ရောဂါကူးစက်ခံရသူသည် အောက်စီဂျင် 90% အောက်နည်းပါက အောက်စီဂျင်ပေးရန်လိုပြီဟု မှတ်သားနိုင်ပါသည်။ ထိုအခြေနေတွင် ဆေးရုံသို့ ချက်ချင်းသွားရပါမည်။
Vitamin C ကြွယ်ဝသော အစားအစာများမှာ မာလကာသီး၊ သံပုရာသီး၊ ငရုတ်ပွ၊ ချဥ်ပေါင်ရွက်၊ ပန်းပွင့်စိမ်းတို့ဖြစ်ကာ ထိုအစားအစာတို့ကိုလည်း ယခုကာလတွင် စားသုံးပေးရပါမည်။ ဇင့်ဓာတ်ကို အနီရောင်အသားများ၊ ဂဏန်းများနှင့် သီဟိုစေ့များမှလည်း ရနိုင်၍ တစ်ပတ်တစ်ခါ ထိုအရာများစားသုံးပေးလျှင် သင့်တော်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် အာဟာရပြည့်ဝစွာစားသုံးခြင်း၊ လတ်လတ်ဆတ်ဆတ်ပူပူနွေးနွေးစားသုံးခြင်း၊ အိပ်ရေးဝဝအိပ်စက်ခြင်း၊ နေစာလှုံပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကိုတစ်နေ့လျှင်နာရီဝက်ခန့်လုပ်ပေးခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ အပြင်သွားတိုင်း မဖြစ်မနေ နှာခေါင်းစည်း mask နှစ်ထပ်တပ်ပေးခြင်း၊ လက်သန့်ဆေးရည် hand gel ဆောင်ထားခြင်း၊ အပြင်မှပြန်လာတိုင်း လက်ကို စင်ကြယ်စွာဆေးခြင်းတို့်သည် ကိုဗစ်ကို အကောင်းဆုံးကာကွယ်ပေးသည့် နည်းလမ်းများဖြစ်ပါသည်။ အကယ်၍ ကူးစက်ခံရသည်ဟုသံသယရှိပါက အိမ်တွင် သီးသန့်ခွဲနေကာ အသုံးအဆောင်ပန်းကန်များပါ ခွဲထားပြီး အထက်ဖော်ပြပါနည်းလမ်းများ ဆေးဝါးများဖြင့် ကိုယ်ခံအားကောင်းစေရန် နေမည်ဆိုပါက မကြာမီ ပျောက်ကင်းမည်ဖြစ်ပါကြောင်း ရေးသားအပ်ပါသည်။
ThawZin
လွန်ခဲ့သော ၅ နှစ် ကကိုဗစ်ရောဂါပိုးကို သတ်နိုင်တဲ့ဆေး မရှိသေးပါဘူးနော် ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကပဲ ကိုဗစ်ပိုးကို တိုက်ရတာပါ ပြောထားတဲ့ဆေးတွေဆိုတာက ခံစားနေရတာကို သက်သာစေဖို့အတွက် ဆေးတွေရယ် အားဆေးတွေရယ် ဖြစ်ပါတယ်
namnam
လွန်ခဲ့သော ၅ နှစ် ကအခုဆေးကိုသောက်ရင်ပြောက်တယ်လို့ပြောတယ်နော်ဒါဆိုရင်ဘာလို့လူတွေသေရတာလည်းပြောပြပါ
812984
လွန်ခဲ့သော ၅ နှစ် ကနှာခေါင်းစည်း၂ထပ်တပ်ရန်လိုအပ်ပါသလားရှင်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from စုမြတ်မြတ်မိုး
အားလုံး
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
ငါးအမိုင်နိုအက်စစ် လက်တွေ့အသုံးချကြည့်ခြင်းနှင့် သတိပြုသင့်သည့်အချက်များ
14/09/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....