ငှက်ပျောဖတ်နဲ့ ပျိုးအိတ်ပြုလုပ်နည်း
ကျွန်တော်တို့ တွေ နေတဲ့ ကမ္ဘာကြီးဟာ ကမ္ဘာ့ရွာ ဖြစ်လာခဲ့တာနဲ့ အမျှ နည်းပညာ တွေလည်း တစ်ပြေးညီ တိုးတက်လာခဲ့ပါပြီ။ ဒါပေမဲ့ ခေတ်သစ် နည်းပညာတိုင်းဟာ ကျွန်တော်တို့ အတွက် အသုံးဝင်ပါ့မလား။ ပြီးတော့ နည်းပညာတိုင်းကို ကျွန်တော်တို့ လိုက်လုပ်ဖို့ လိုအပ်မှာလား စဉ်းစားစရာပါပဲ။ အခုချိန်က ရေရှည်တည်တံ့တဲ့၊ လွယ်ကူ ရိုးရှင်းတဲ့ နည်းလမ်းတွေ ကို ဖော်ထုတ်ဖို့ အချိန်ကျ ရောက် နေပါပြီ။ ကျွန်တော်တို့ အဖွဲ့အနေနဲ့လည်း ရေရှည် တည်တံ့ ကောင်းမွန်တဲ့ ရိုးရာ စိုက်ပျိုး နည်းလမ်းတွေကို ဖော်ထုတ်ဖို့ ရည်ရွယ်ချက် ထားရှိပါတယ်။ ရည်ရွယ်တဲ့ အတိိုင်း အခု ကျွန်တော်တို့ သူငယ်ချင်း KESAN အဖွဲ့က ကိုဆန်းဒေး ရဲ့ ကရင်ရိုးရာ စိုက်ပျိုး နည်းလမ်းလေး တစ်ခုကို ပြန်လည် ဝေမျှပေး လိုက်ပါတယ်။ ဒီနည်းလမ်းလေးက ပလပ်စတစ် မလိုအပ်ပဲ စိုက်ပျိုးနိုင်တယ်။ ပလပ်စတစ်နဲ့ စိုက်ရင် မြေကြီးထဲမှာ ဆွေးမြေ့ဖို့ မလွယ်ကူတဲ့ အပြင်အပင်တွေ အမြစ် ထွက်ဖို့လည်း မလွယ်ကူဘူး။ ပလပ်စတစ်ဖိုး ကုန်ကျစရိတ် ရှိမယ်။ ငှက်ပျောလက်က အစိုဓါတ်ထိန်း ပေးထားနိုင်လို့ အပင်ငယ်တွေ အတွက် ကောင်းမွန်တယ်။ ငှက်ပျောလက်ကို မဖယ်ပဲ မြေကြီးထဲမှာ တိုက်ရိုက် စိုက်နိုင်တယ်။ အဲ့လို စိုက်ရင် မြေကြီး ထဲကိုလည်း မြေသြဇာ အဖြစ် ပေးနိုင်တယ်။ ဥပမာ ရွေ့ပြောင်းစိုက်ဖို့ မလွယ်ကူတဲ့ အပင်တွေကို တိုက်ရိုက် မစိုက်ပဲ ပျိုးစိုက်ချင်တယ် ဆိုရင် ဒီနည်းလမ်းက အရမ်းသင့်တော်ပါတယ်။ အရမ်း ရိုးရှင်း လွယ်ကူ လို့ စမ်းကြည့်ဖို့ မမေ့နဲ့နော်။








KESAN အဖွဲ့မှ ကိုဆန်းဒေးအား အထူးကျေးဇူးတင်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
Mizuna
Ko Htoo • ဖြေကြားချက် 1 ခု
ဒီလိုခြင်ကာ ကဝတ်လေးတွေရောင်းတဲ့ဆိုင်များသိရင်ပြောကြပါဦးဗျ မိုးရာသီခြံထဲ ခြင်ကိုက်လွန်းလို့ပါ။🦟🦟🦟
soe htwe • ဖြေကြားချက် 0 ခု
ရာသီဉတုနှင့်ကိုင်ညီေသာတနိုင်တပိုင်စိုက်ပျိုးရေးလေးစချင်လို့ပါရှင့် မြေကွက်ကတော့အိမ်ဝိုင်းထဲမှာပါရှင့်
thida • ဖြေကြားချက် 2 ခု
အရွက်ဝါ အစက်ကွက်လေးပေါ်နေတယ်
သက်အေး • ဖြေကြားချက် 1 ခု
ခရမ်းချဉ်သီး အခုလထဲစိုက်ရင်စျေးကောင်းရောင်းရနိုင်မလား
sai thet mg • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from Thein Soe Min
အားလုံး
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
06/07/2026
အံ့ဖွယ် "ဒန့်သလွန်" နဲ့ နို့စားနွားမွေးမြူရေး ရေရှည်အောင်မြင်အောင် ဘယ်လိုလုပ်မလဲ?
02/07/2026
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
23/06/2026
မက်ဆီအမြဲလိုလို ပိုက်နဲ့စုပ်သောက်နေတာက ဘာလဲ?
20/06/2026
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026