စိုက်ပျိုးသုတ သြဂုတ်လ
မိုးဦးနှင့် မိုးလယ်ရာသီတို့တွင် စိုက်ပျိုးလေ့ရှိသည့်ယာသီးနှံများနှင့် မိုးစပါးသီးနှံတို့အတွက် သြဂုတ်လအတွင်း လုပ်ကိုင်ဆောင်ရွက်သင့်သည်များမှ သိမှတ်စရာများကို ဖော်ပြလိုပါသည်။
မိုးစပါး

ပြုစုစောင့်ရှောက်ရေး
ဇွန်၊ ဇူလိုင်လများတွင်စိုက်သည့် မိုးစပါးသည် ပင်ပွားချိန်နှင့် မှို့ကပ်ချိန်တို့ကို ရောက်ရှိတော့မည် ဖြစ်ပါသည်။
စိုက်ပြီးစပါးခင်းအများစုသည် ပင်ပိုင်းကြီးထွားသည့်ကာလ(Vegetative Phase) တွင် ရှိပါမည်။ ဤကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area) များစေရေးအတွက် အရေးပါသောကာလ ဖြစ်သည်။
ပေါင်းမြက်ကင်းစင်စေရေး၊ လယ်ကွက်အတွင်း ရေမပြတ်စေရေး၊ မြေသြဇာအာဟာရ မချို့တဲ့စေရေး၊ ပိုးမွှားရောဂါကင်းစင်စေရေး လိုအပ်သလို လုပ်ကိုင်ရမည် ဖြစ်ပါသည်။
နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်နှင့် ပိုတက်စီယမ်ဓာတ်သုံးမျိုးသည် စပါးအပင်အတွက် မရှိမဖြစ်လိုအပ်သောအာဟာရများဖြစ်သော်လည်း ဤကာလတွင် အဓိကလိုအပ်သည်မှာ နိုက်ထရိုဂျင်(N)အာဟာရဓာတ် ဖြစ်သည်။ အပင်ကြီးထွားဖြစ်ထွန်းမှုကိုကြည့်ပြီး လိုအပ်ပါက နိုက်ထရိုဂျင်မြေသြဇာ ကျွေးပေးသင့်သည့် ကာလဖြစ်ပါသည်။
ပိုတက်စီယမ်(K) အာဟာရသည်လည်း အထွက်နှုန်းနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိရာ လိုအပ်ပါက နိုက်ထရိုဂျင်မြေသြဇာနှင့်အတူ ကျွေးပေးသင့်ပါသည်။
မိုးစပါးကို ယခုအချိန်အထိ စိုက်ပျိုးခြင်းမပြုရသေးပါက သြဂုတ်လပထမပတ် အတွင်းအပြီး စိုက်ပျိုးသင့်သည်။ စပါးမျိုးမှာ သက်လျင်စပါးမျိုးသာ ဖြစ်သင့်ပါသည်။
ပျိုးထောင်ထားသည့်ပျိုးသက်ကြီးများကို ပြောင်းရွှေ့စိုက်ပျိုးရန်ဖြစ်ပါက ရှိပြီးဖြစ်သည့် ပျိုးသက်ကြီးပျိုးကိုပင် အသုံးပြုစိုက်နိုင်သည်။ ပျိုးသက်ကြီးပျိုးကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် အမြင့်ဆုံးအထွက် (Maximum Yield) ကို မမျှော်မှန်းနိုင်သော်လည်း သင့်တင့်သောအထွက် (Accptable Yield) ကိုတော့ ရနိုင်ကြောင်း အသိပေးလိုသည်။ သို့သော် ပျိုးသက်ရက် ၆၀ ထက်ကြီးသော ပျိုးများကိုမူ အသုံးမပြုသင့်ပါ။
သဘာဝဘေးကြိုတင်ပြင်ဆင်ရေး
နေရာကွက်၍ မိုးကြီးရွာသွန်းချပါက ချောင်းငယ် မြောင်းငယ်များမှတစ်ဆင့် ရေကြီးရေလျှံကာ ရေကြီးရေလွှမ်းမှုဖြစ်ပေါ်နိုင်သည့်လယ်မြေများအတွက် စိုက်ပြီးစပါးခင်းများ ပျက်စီးပါက ပြန်လည်စိုက်ပျိုးနိုင်ရန် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ လုပ်ထားသင့်သည်။ ၄င်းမှာ ကုန်းမြင့်မြေလွတ် ရေလွှမ်းမှု မဖြစ်ပေါ်နိုင်သည့်နေရာတွင် စပါးပျိုးအပိုထောင်ထားရန် ဖြစ်ပါသည်။
စပါးမျိုးသည် အလင်းရောင်တုံ့ပြန်မှုရှိသည့် ရာသီစပါးမျိုး မဖြစ်သင့်ပါ။ သက်တမ်းတိုသော အထွက်ကောင်းမျိုး ဖြစ်သင့်ပါသည်။
ယာသီးနှံများ
နှမ်းလျင်၊ ပဲတီစိမ်း၊ မြေပဲ၊ အစေ့ထုတ်ပြောင်း
မိုးဦးကျပုံမှန်သည့်ဒေသများတွင် စိုက်ပျိုးသည့် မိုးနှမ်း၊ မိုးပဲတီစိမ်း၊ အစေ့ထုတ်ပြောင်းတို့ကို ရိတ်သိမ်းရမည့်အချိန်ဖြစ်သည်။ အလေအလွင့်မရှိစေရေး ဆောင်ရွက်ရန်ဖြစ်ပါသည်။
မိုးရွာသွန်းမှုနောက်ကျသည့်ဒေသများတွင်စိုက်ပျိုးသည့် ပဲတီစိမ်း၊ မြေပဲ၊ အစေ့ထုတ်ပြောင်းတို့တွင် ပေါင်းမြက်ကင်းစင်ရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး စသည့် အပင်ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ဖြစ်ပါသည်။
သြဂုတ်လတွင် မိုးများစွာ ရွာသွန်းလေ့ရှိသည်။ စိုက်ပျိုးထားသည့် ယာသီးနှံများ အပင်ခြေရေဝပ်မှုမရှိစေရေး အထူးဂရုပြု ကြိုတင်ဆောင်ရွက်ရန် ဖြစ်ပါသည်။
မိုးနှောင်းချည်မျှင်ရှည်ဝါ
စက်မှုသီးနှံတစ်မျိုးဖြစ်သည့် မိုးနှောင်းချည်မျှင်ရှည်ဝါကို သြဂုတ်လလယ်အတွင်း အပြီးစိုက်ပျိုးသင့်သည်။ မြေကောင်း၊ မြေသင့်၊ မြေညံ့ပေါ်မူတည်၍ ပင်ကြားတန်းကြား စိုက်စနစ်မှန်ကန်ပြီး အပင်ဦးရေပြည့်မီစေရေး ဆောင်ရွက်ရန် ဖြစ်ပါသည်။
စိုက်ချိန်တွင် မြေတွင်းအစိုဓာတ်လုံလောက်စွာရှိပြီး အပင်ဖြစ်ထွန်းချိန်များတွင်ပါ မြေအစိုဓာတ်ထိန်းသိမ်းနိုင်သည့်မြေမျိုးဖြစ်သင့်ပါသည်။
ထို့ပြင် ဝါပင်အတွက် ရေအလိုအပ်ဆုံးအချိန်များဖြစ်သည့် အပိန့်ဝင်ချိန်နှင့် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တို့တွင် မိုးရွာသွန်းခြင်းမရှိပါက ရေပေးသွင်းနိုင်ရေး ကြိုတင်ဆောင်ရွက်ရန် ဖြစ်ပါသည်။
မိုးလယ်သီးထပ်သီးနှံစိုက်ပျိုးရေး
စိုက်ချိန်စောခဲ့သဖြင့် ပထမယာသီးနှံရိတ်သိမ်းသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများရှိ ယာမြေကွက်များတွင် သီးထပ်အဖြစ် ဒုတိယယာသီးနှံ ထပ်မံစိုက်ပျိုးရန် တိုက်တွန်းလိုသည်။ မိုးရာသီတစ်ခုအတွင်း ‘ယာသီးနှံ-ယာသီးနှံ' သီးနှံပုံစံ ချမှတ်ဆောင်ရွက်ခြင်းမည်ပါသည်။
စိုက်ပျိုးမည့်ဒုတိယယာသီးနှံသည် ဒေသနှင့်သင့်တော်ရန်လိုသည်။ ရေမြေအလိုက် ဖြစ်ထွန်းသောမျိုး ဖြစ်သင့်သည်။ မည်သည့်ယာသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ သက်လျင် အထွက်ကောင်းမျိုးကို ရွေးချယ်အသုံးပြုသင့်ပါသည်။
သြဂုတ်လသည် မိုးဦးသီးနှံများအပျက်အစီးမရှိရိတ်သိမ်းရေး၊ မိုးလယ်သီးနှံများ စိုက်ပျိုးရေး၊ မိုးစပါးအောင်မြင်စွာစိုက်ပျိုးရေးနှင့် ရေကြီးရေလွှမ်းမှုရှိပါက ပြန်လည်စိုက်ပျိုးရေးတို့ အတွက် အရေးပါသောလဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဆင်းသီဟ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....