ဆင်းသီဟ
၁၉၆၇ ခုနှစ်တွင် စိုက်ပျိုးရေးဝန်ထမ်းအဖြစ် မကွေးတိုင်း ကံမမြို့နယ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ အလုပ်ခွင်မပျက် ပညာဆက်လက်သင်ကြားကာ ၁၉၇၅ ခုနှစ်တွင် ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံမှ စိုက်ပျိုးရေးဒီပလိုမာ လက်မှတ်ကို လည်းကောင်း၊ ၁၉၇၈ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ ပြင်ပဝိဇ္ဖာ(သမိုင်း)ဘွဲ့ကိုလည်းကောင်း၊ ၁၉၈၃ ခုနှစ်တွင် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးပညာဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးပညာပေးရေးလုပ်ငန်းများကို မကွေးတိုင်းအတွင်း ဆောင်ရွက်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ရေဆင်း၌ စိုက်ပျိုးရေး သုတေသနလုပ်ငန်းများကို စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ညွှန်ကြားရေးမှူး ရာထူးဖြင့် အငြိမ်းစား ယူပြီးနောက် အကြံပေး(ညွှန်ကြားရေးမှူး)နှင့် ကျွမ်းကျင်သူ(သီးနှံစိုက်ပျိုးရေးစနစ်)အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သည်။ ယခုလက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန(စိုက်ပျိုးရေးဦးစီးဌာန)နှင့် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်းအကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသော မြန်မာဆယ်မာအူးလ်အွန်ဒုံ စီမံကိန်းတွင် အကြံပေးပညာရှင်အဖြစ်တာဝန်ထမ်းဆောင်လျက် ရှိပါသည်။
ဆောင်းပါး 179 ပုဒ်နောက်ဆုံးရေးသားထားသော ဆင်းသီဟ ၏ ဆောင်းပါးများ
စိုက်ပျိုးသုတ သြဂုတ်လ
မြေပဲကို မိုးနည်း၍ မစိုက်ရသေးသော မြေများ သို့မဟုတ် ပထမသီးနှံ ရိတ်သိမ်းပြီး မြေများ တွင် ဩဂုတ်လ (၁၅) ရက်နေ့အတွင်း အပြီး စိုက်ပျိုးသင့်ပါသည်။
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
စိုက်ပျိုးသုတ ဇူလိုင်လ
စိုက်ပျိုးသုတ ဇွန်လ
ဒေသအလိုက်စိုက်ပျိုးကြသော မိုးစပါးမျိုးများ၏ လက္ခဏာများ
စိုက်ပျိုးသုတ မေလ
စိုက်ပျိုးသုတ ဧပြီလ
စိုက်ပျိုးသုတ မတ်လ
စိုက်ပျိုးသုတ ဖေဖော်ဝါရီလ
စိုက်ပျိုးသုတ ဇန်နဝါရီလ
နှစ်သစ်တွင် သီးနှံများအထွက်တိုးစေရန်
စိုက်ပျိုးသုတ ဒီဇင်ဘာလ
စိုက်ပျိုးသုတ နိုဝင်ဘာလ
စိုက်ပျိုးသုတ အောက်တိုဘာလ
စိုက်ပျိုးသုတ စက်တင်ဘာလ