စိုက်ပျိုးသုတ မတ်လ
နွေစပါးစိုက်ချိန်သည် ဒေသတစ်နေရာနှင့်တစ်နေရာ မတူညီပါ။ မစိုက်ပျိုးရသေးသည့် နွေစပါးနှင့် စိုက်ပြီးနွေစပါးခင်းများအတွက် ဆောင်ရွက်သင့်သည်များကို သုတပေးလိုပါသည်။
ထို့ပြင် ဆည်ရေ၊ သွင်းရေကိုသာ အားကိုးစိုက်ပျိုးရသည့် မိုးကြိုယာသီးနှံများဖြစ်သော ပဲတီစိမ်းသီးနှံ၊ နှမ်းလျင်သီးနှံနှင့် ချည်မျှင်ရှည်ဝါသီးနှံတို့နှင့်ပတ်သက်၍လည်း သိရှိသင့်သည်များကို ရေးသားလိုပါသည်။

၁။ မိုးကြိုယာသီးနှံများ
နှမ်းလျင်သီးနှံ
စျေးကွက်ရှိ ရေမြေဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့် အထွက်ကောင်းမျိုးကို အသုံးပြုပါ။
ထယ်ရေးထွန်ရေးကောင်းအောင် ပြုပြင်ပါ။
အပင်ပေါက်လာသည်နှင့် နှမ်းမှုန်းတာ၊ သားခွဲတာ အရေးကြီးသည်။ နှမ်းစေ့ကသေးသေးဆိုတော့... ကြဲပက်စိုက်တာဖြစ်ဖြစ်၊ အတန်းလိုက်နို့ဆီဗူးနဲ့ မျိုးစေ့ချတာပဲ ဖြစ်ဖြစ်၊ ဘယ်လိုစိုက်စိုက် မြေပေါ်ကျသည့်မျိုးစေ့တွေကတော့ စုလို့ပုံလို့ ဖြစ်နိုင်သည်။
တစ်ပင်ချင်းသားမခွဲနိုင်လျှင် ထွန်ဖြင့်မှုန်းနိုင်သည်။ ကြဲပက်စိုက်ခင်းဖြစ်ပါက ထွန်ဖြင့် တစ်စပ်(သို့မဟုတ်)နှစ်စပ်မှုန်းရန်လိုသည်။ လက်နှင့် သားခွဲလျှင်တော့ သန်မာသောအပင်ကိုချန်၊ မသန်မာသောအပင်တွေကို နုတ်ပယ်ပစ်ရမည်။ အတန်းလိုက်စိုက်ခင်းတွင် တစ်ပင်နှင့်တစ်ပင် လေးလက်မအကွာသာထားပြီး ကျန်တာတွေ နုတ်ပစ်ရန် ဖြစ်သည်။
သားခွဲနောက်ကျလျင် အပင်လှီမည်။ ကြီးထွားသန်စွမ်းမှုနှေးပြီး အသီးနည်းနိုင်သည်။
သို့ဖြစ်၍ မူမှန်အရွက် ၆ ရွက်ထွက်ချိန်၊ အပင်သက်တမ်းအရဆိုလျင် အပင်နှစ်ပတ်သားခန့်တွင် မဖြစ်မနေသားခွဲပါ။
ပဲတီစိမ်းသီးနှံ
စိုက်ပျိုးမည့်မြေနေရာသည် ပဲတီစိမ်းသီးနှံပန်းစပွင့်ချိန်နှင့် အသီးကင်းဝင်စအချိန်များတွင် အစိုဓာတ်လုံလောက်စွာရရှိစေရန် လိုအပ်ပါက ရေပေးသွင်းနိုင်သည့်အခြေအနေ ဖြစ်သင့်ပါသည်။
- ပဲမျိုးစုံသီးနှံတစ်မျိုးမျိုးအပြီး သီးထပ်စိုက်ပျိုးခြင်းကို ရှောင်ကြဉ်ပါ။
- ရေမြေဒေသနှင့်ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်သည့် အရည်အသွေးကောင်းမျိုးကို အသုံးပြုစိုက်ပျိုးပါ။
- သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာကို မြေပြင်စဉ်တွင် ထည့်သွင်းပါ။
- မျိုးစေ့ကို ပဲတီစိမ်းသီးနှံအတွက်သီးသန့်ထုတ်လုပ်ထားသော ပဲမြစ်ဖုမြေသြဇာနှင့် လူးနယ်စိုက်ပျိုးပါ။
ချည်မျှင်ရှည်ဝါသီးနှံ
- လယ်မြေတွင် စပါးအပြီး စိုက်ပါက စပါးထယ်ရေးထက် အနည်းဆုံး တစ်လက်မ ပို၍နက်အောင် ထယ်ထိုးပါ။ အကြောင်းမှာ စပါးစိုက်မြေတွေမှာ ထယ်ရေးအောက်ခြေ မာကြောလွှာ(Hard Pan) ဆိုတာ ရှိနေတတ်သည်။ ဝါပင် အမြစ်ကြီးထွားမှုကို ထိခိုက်စေတတ်သည့် အဆိုပါ မာကြောလွှာကို ခွဲပေးလိုက်သည့်သဘောဖြစ်ပါသည်။
- ထယ်ရေးပြုပြင်ပြီးသည်နှင့် စိုက်ချိန်နောက်ကျမှု မဖြစ်စေလိုပါ။ သို့ဖြစ်၍မတ်လလယ်အတွင်း အပြီးစိုက်ပါ။
- ချည်မျှင်ရှည်ဝါမျိုးသည် သွေးသစ်လောင်းထားသည့် မျိုးသန့်မျိုးစေ့ဖြစ်သင့်သည်။ မစိုက်မီ ၁၅ ရက်အလိုတွင် အပင်ပေါက်စမ်းပါ။ ဝါစေ့ ၁၀၀ လျှင် အနည်းဆုံး အစေ့ ၇၀ အပင်ပေါက်သောမျိုးဖြစ်ရပါမည်။
- ချည်မျှင်ရှည်ဝါကို ပိုးမွှားရောဂါများ အလွန်ကြိုက်၍ ကြိုတင်ကာကွယ်သင့်သည်။ မျိုးစေ့ကိုသင့်တော်ရာလူးနယ်ဆေးများဖြင့် လူးနယ်ပြီးမှ စိုက်ပျိုးပါ။
၂။ စပါးသီးနှံ
- မတ်လအတွင်း စိုက်ပျိုးမည့် နွေစပါးစိုက်ခင်းများတွင် သက်လျင်မျိုးကို အသုံးပြုစိုက်ပျိုးပါ။ စိုက်ပျိုးမည့်ဒေသ၊ ရေမြေနှင့်တော့ ကိုက်ညီပါစေ။
- ဖုံးတုံးလုံးတုံးအချိန်၊ အနှံထွက်ပန်းပွင့်ချိန်တို့တွင် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထက်ရှိသည့် ကာလနှင့် မတိုက်ဆိုင်ဖို့လိုသည်။ သို့ဖြစ်၍ ထိုအချိန်မတိုင်မီ အနှံထွက် ပန်းပွင့်ပြီး ဖြစ်သင့်သည်။ စပါးအဖျင်းများရခြင်း၊ အထွက်ညံ့ရခြင်းမှာ ပန်းပွင့်ချိန်တွင် အပူချိန်မြင့်လွန်းခြင်းကလည်း အကြောင်းရင်းတစ်ချက် ဖြစ်နိုင်သည်။
- သို့ဖြစ်၍ စိုက်ချိန်ကို ဒေသအလိုက် ချိန်ဆစိုက်ပျိုးပါ။
- စပါးမစိုက်မီလယ်မြေတွင်ကွန်ပေါင်းဓာတ်မြေသြဇာ(သို့မဟုတ်)သဘာဝမြေသြဇာ (နွားချေးဆွေး/ မြေဆွေး)ထည့်ပေးပါ။
- ပေါင်းမြက်ကြောင့် စပါးအထွက်လျော့နည်းနိုင်သည်။ နွေစပါးစိုက်ခင်းများတွင် ပေါင်းမြက်ကင်းစင်စေရေး ဆောင်ရွက်ပါ။
- ပေါင်းသတ်ဆေးအသုံးပြုမည်ဆိုပါက စိုက်ပြီးကာစနှင့် ပေါင်းမြက်ပင် အပင်ပေါက်ကာစ အရွက် ၂ ရွက် ၃ ရွက်ထွက်ချိန်မှာ သုံးတာအကောင်းဆုံးဖြစ်သည်။ ဆေးဖျန်းချိန် နောက်ကျလျှင်တော့ လက်ပေါင်းလိုက်တာ အကောင်းဆုံးဖြစ်ပါသည်။
- စပါးပင်သက် တစ်လကျော်သည့် စိုက်ခင်းများတွင် လက်ပေါင်းလိုက်ခြင်းသည် အသင့်တော်ဆုံးနည်းစနစ်ဖြစ်သည်။ အတန်းလိုက်စိုက်ခင်းများတွင်မူ တမန်းနှိုး ကြားပေါင်းလိုက်ကိရိယာကို သုံးနိုင်ပါသည်။
- စပါးသီးနှံတွင် အပင်ပွားမှ အနှံများမည်။ အနှံများမှ စပါးအထွက်ကောင်းပါမည်။
- အပင်ပွားအားကောင်းစေရန်နှင့် အစေ့အဆံများပြားပြည့်ဖြိုးရန် စိုက်ပျိုးချိန်ကာလအတွင်း နိုက်ထရိုဂျင်မြေသြဇာကို မြေဆွေးနှင့်ရောစပ်ကာ ကျွေးပေးပါ။
ဆင်းသီဟ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး