ပဲစိုက်ပျိုးချိန် မျိုးစေ့နှုန်းထား လျှော့ချနိုင်ရန်အတွက် အကြံပြုချက် (၅) ချက်
မြန်မာ့ဆောင်းဦးပေါက်ကာလဖြစ်တဲ့ တန်ဆောင်မုန်း(နိုဝင်ဘာ)ဆိုတာ စပါးရိတ်သိမ်းအပြီး ဆောင်းသီးနှံအတွက် ထွန်ရေးပြင်နေကြချိန်၊ စိုက်ပျိုးချိန်ကာလလည်း ဖြစ်ပါတယ်။
တောင်သူလယ်သမားအများစုအတွက် လယ်ထဲ၊ ကိုင်းထဲ အလုပ်အများဆုံးကာလဆိုရင်လည်း မမှားပါဘူး။
ဒီလိုအချိန်မှာ စာရေးသူတို့လို တောင်သူပညာပေးဆွေးနွေးပွဲ ပြုလုပ်သူတွေဟာ တောင်သူတွေ နေ့လယ် ထမင်းစားနားချိန်ကို အချိန်လုပြီး ဆွေးနွေးပွဲ ပြုလုပ်ကြရပါတယ်။
ယခုလည်းပဲ ကျနော်ဟာ ပဲခူးတိုင်းအရှေ့ပိုင်း၊ ဒိုက်ဦး၊ ပြွန်တန်ဆာဘက်ကို ပဲတီစိမ်းသီးနှံစိုက်စနစ်များ၊ ပိုး၊ ပေါင်းရောဂါကာကွယ်နည်းစနစ်များကို ဆွေးနွေးဟောပြောဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။
ကျနော်ရဲ့ထုံးစံအတိုင်း ဘယ်သီးနှံမဆို
*မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်*..ဆိုတဲ့ မှန် ၄-မှန် ဆောင်ပုဒ်ကို အရင်ဦးစွာ ရှင်းလင်းဆွေးနွေးလေ့ရှိပါတယ်။
"မြေမှန် "ဆိုတာ ကိုယ်စိုက်ပျိုးမယ့် သီးနှံနဲ့ ကိုက်ညီတဲ့ မြေကြီးရဲ့ ချဥ်ငံကိန်း(pH) မှန်ကန်တာပါ။
(ဥပမာ..ပဲတီစိမ်း သီးနှံအတွက် မြေကြီးpH ဟာ ၅.၅- ၆.၈အကြားရှိသင့်ပါတယ်။)
မြေကို မပြင်ဘဲ အပင်ကိုချည်း ပြင်နေမယ်ဆိုရင် အထွက်မတိုးနိုင်ပါဘူး။
"မျိုးမှန်"ဆိုတာ ရာသီဥတု/ပိုး/ရောဂါဒဏ် ခံနိုင်ပြီး၊ ဒေသနဲ့ကိုက်ညီတဲ့ အထွက်ကောင်း မျိုးသန့် ဖြစ်တာပါ။
"စိုက်နည်းမှန်"ဆိုတာကတော့ ၁ဧက အပင်အရေအတွက်ကိုက်ညီတဲ့ ပင်ကြား×တန်းကြား အကွာအဝေး၊ မျိုးစေ့ အတိမ်အနက် စတဲ့ စိုက်ပျိုးနည်းစနစ်ကျနဖို့ကို ဆိုလိုပါတယ်။
"ရာသီမှန်အောင် စိုက်"ဆိုတာက သီးနှံတွေရဲ့ အပင်ပေါက်မှု၊ ကြီးထွားဖွံ့ဖြိုးမှု၊ သီးပွင့်ရင့်မှည့်မှုတွေဟာ ရာသီဥတုလို့ခေါ်တဲ့ အပူချိန်၊ နေ့တာ အတိုအရှည်၊ အစိုဓာတ် နည်းများမှုအပေါ် လုံးလုံးလျားလျား မူတည်နေပါတယ်။
ဒါကြောင့် သီးနှံ အကြိုက် ရာသီဥတုကို ချိန်ဆ တွက်ချက်ပြီး စိုက်ချိန် လုရခြင်း၊ မိုးလေဝသ ခန့်မှန်းရခြင်း၊ ထယ်ရေး/ထွန်ရေး အထူအပါး၊ စိုက်ရက်တို့ကို မှန်အောင်စိုက်ရခြင်းကိုဆိုလိုကြတာပဲဖြစ်ပါတယ်။
ဆွေးနွေးရင်းနဲ့ တစ်ဧက အသုံးပြုရမယ့် မျိုးစေ့နှုန်းထားအကြောင်း ပြောရင်း..
ဒီရွာမှာရော ပဲ၁ဧကကို မျိုးစေ့ ဘယ်လောက်နှုန်း ကြဲပက်ကြလဲ ဆိုပြီး မေးကြည့်တော့
တောင်သူကြီး ဦး ထွန်းမြင့်က "၁တင်းခွဲ နှုန်းကြဲတယ်ဆရာ" တဲ့။
အော်...များလှချည်လား.ဗျ၊ အပင်တွေမထူလွန်းဘူးလား..လို့ ပြောတော့..
"အပင်ပေါက်လာတော့လဲ..အနေတော်ပါပဲ ဆရာ"လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်က ကိုသိန်းစံဆီ ဖုန်းနဲ့လှမ်းမေးကြည့်တော့ မတ်ပဲ ၁ ဧကအတွက် ၁၂ ပြည်-၁၄ ပြည် ကြဲပါတယ်လို့ ဆိုပြန်တော့
စာရေးသူရဲ့ အတွေးထဲမှာ ဘာကြောင့်မျိုးစေ့နှုန်းထားတွေများများကြဲလာရသလဲ ဆိုတဲ့ မေးခွန်းကို ဖြေရှင်းရင်း ဒီစာစုလေးကို ရေးသားတင်ပြရခြင်းဖြစ်ပါတယ်။
"အမှန်တကယ် လိုအပ်သည့်မျိုးစေ့ပမာဏ"
စစ်ကိုင်း၊ မကွေးကဲ့သို့ အညာဒေသကုန်းပိုင်းထွန်ရေးပြင်မှာ မျိုးစေ့ချထွန်နဲ့ စိုက်ရင် ပဲတီစိမ်းမျိုး ၆ ပြည်-၈ ပြည်ပဲ စိုက်ကြပါတယ်။
ပဲတီစိမ်း၊ မတ်ပဲ ၁ ဧက ရှိသင့်သည့် အပင်အရေအတွက်= ပျမ်းမျှ -၁သိန်းခွဲရရန်..
၁ ဧက လိုအပ်သည့်မျိုးစေ့ ၁ သိန်းခွဲ= ခန့်မှန်း ၆ ပြည်-၈ ပြည်(အတန်းစိုက်စနစ်)
၁၀ ပြည်-၁၂ ပြည်( ပက်ကြဲ စနစ်)
Green life crop protection(Africa)ရဲ့ ပဲတီစိမ်းမျိုးစေ့ချရန် ထောက်ခံနှုန်းထားမှာ
တန်းကြား×ပင်ကြား (၁၈လက္မ×၆လက္မ)စိုက်စနစ်အတွက်
4-6kgs(၂ပြည်-၃ပြည်) လောက်သာ ဖော်ပြပါတာတွေ့ရပါတယ်။
အကြမ်းဖျဥ်း တွက်ကြည့်မယ်ဆိုရင်လည်း...
ပဲတီစိမ်း နို့ဆီ၁ဗူး=အစေ့ ၁ သောင်းထားပါက
၁ ပြည်=အစေ့ ၈သောင်း
၂ ပြည်= အစေ့ ၁သိန်း ၆သောင်း
(၁စေ့ ၁ ပင်ပေါက်ခဲ့ရင်၊ ၁ဧက အပင်၁သိန်းခွဲ ရနိုင်ပါတယ်)

မျိုးစေ့တွေအများကြီး သုံးကြတဲ့အပေါ် စာရေးသူ အတွေ့အကြုံအရ ဥာဏ်မီသလောက်စဥ်းစားကြည့်တော့..
- အတန်းစိုက်စနစ် မဟုတ်ခြင်း။
- ထယ်ထိုးကြဲစနစ်တွင် အစေ့နက်လွန်းခြင်း။
- အပင်ငယ်၊ အသေအပျောက်များလာခြင်း။
- ပင်စည်ထိုးယင်/ပိုးကိုက်လောက်စား များလာခြင်း။
- အပင်ပါးပါးကို ၊အမြင်အရ အားမရခြင်း။
(တောင်သူတယောက်အပြောမှာ"ထူသော် မမှား၊ ပါးသော် မယားဆူ" တဲ့ဆရာ)
- ပေါင်းပေါက်ရောက်မှု နည်းစေခြင်း စတဲ့အချက်တွေကြောင့် မျိုးစေ့နှုန်းထားမြင့်လာရခြင်း ဖြစ်နိုင်ပါတယ်။
မျိုးစေ့နှုန်းထားများခြင်းရဲ့ ဆိုးကျိုးတွေရှိပါတယ်။ အဲ့တာတွေကတော့
မျိုးစေ့များရင် အပင်ထူမယ်၊ အပင်ထူရင် ပိုး/ရောဂါ ပိုများပါတယ်။ အဲ့ကျရင် ဆေးသုံးစွဲမှု ကုန်ကျစရိတ် ပိုများစေပါတယ်။ အပင်ထူရင် အသီးကိုင်းဖြာထွက်မှုနည်းတဲ့အတွက် အထွက်နှုန်းလျော့စေပါတယ်။ မျိုးစေ့အသုံးများတဲ့အတွက် ကုန်ကျစရိတ် ပိုများစေပါတယ်။ (၁ ဧက=၁၆ ပြည်ကြဲရင် ၆ ပြည်စာပိုကုန်ပါတယ်။ တစ်နိုင်ငံလုံး ပဲစိုက်ဧက ၃သန်း နဲ့တွက်ရင် ပဲတင်းရေ ၁၀သိန်းကျော် ဆုံးရှုံးနိုင်ပါတယ်။)
မျိုးစေ့နှုန်းထား လျှော့ချနိုင်ရန်အတွက် အကြံပြုရမယ်ဆိုရင်
- မျိုးကောင်း မျိုးသန့်ကို ရှာဖွေအသုံးပြုပါ။
- မျိုးစေ့ မကြဲမီ မျိုးလူးဆေး အသုံးပြုပါ။
- မျိုးစေ့ကို မြေကြီး နက်နက် မချပါနှင့်။ (အထူးသဖြင့် မျိုးကြဲပြီးမှ ထယ်နက်နက်ထိုးခြင်းသည် မျိုးစေ့ဆုံးရှံးနိုင်ပါသည်။)
- အစိုဓာတ်ကို အမိအရဖမ်းစိုက်ပါ။
- စိုက်ချိန် နောက်မကျအောင် အချိန်လုစိုက်ပါ။ (ရေနက်ကွင်း၊စပါးရိုးပြတ်များ၊ရေခမ်းအောင်စောင့်ပြီး၊ထယ်ရေးစောင့်မည့်အစား၊ ခုတ်ဖုံးစနစ်ဖြင့် စိုက်ချိန်လုသင့်ပါတယ်)
ကဲဗျာ..နိဂုံးအနေနဲ့ ပဲစိုက်တောင်သူများ သီးနှံတွေအထွက်တိုးပြီး၊ စျေးကောင်းရကြပါစေ။
စေတနာများစွာဖြင့်..
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....