အဖြည့်ခံ ပန်း (သို့မဟုတ်) ခံပန်း
အင်္ဂလိပ် အမည် - Bengal currant
ရုက္ခဗေဒ အမည် - Carissa carandas
ပန်းစံပယ်၊ နန်းလယ်မပေါ်ခိုက်ဟာမို့၊
အလိုက်တော်တန် သင့်ရုံပ၊ ခံပွင့်ကိုကုံး။
နန်းရဝေ၊ မန်းမြေစံပယ်လှိုင်တော့၊
ခံပန်းခိုင်ယာယီရွေ့တယ်၊ တောလေ့ရွာသုံး။
စာဆိုတော် ဦးပုညရဲ့ ဖော်ပြပါ ကဗျာလေးကို မိတ်ဆွေတို့ ကြားဖူးကြမယ် ထင်ပါတယ်။ ခံပန်းဆိုတာ စံပယ်ပန်း မပေါ်သေးတဲ့ အချိန်မျိုးမှာ အစားထိုး သုံးစွဲကြတဲ့ ပန်းတစ်မျိုးရဲ့အမည် ဖြစ်ပါတယ်။ စံပယ်ပန်းလိုပဲ ဖြူဖွေးသေးငယ်ပြီး ရနံ့အနည်းငယ်ရှိတဲ့ ပန်းပင်ဖြစ်ပါတယ်။ စံပယ်ပန်း လှိုင်လှိုင်ပေါ်တဲ့အချိန်ရောက်လာပါက ခံပန်းကို တောရွာများ၌သာ သုံးစွဲကြတော့တယ်လို့ သိရပါတယ်။ တစ်နည်းအားဖြင့် အဖြည့်ခံပန်းလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ခံပန်းကို တောခံ၊ ခံစပ်လို့လည်း ခေါ်ဆိုကြပါသေးတယ်။ ခံပင်ဟာ ဘယ်ရီသီးနဲ့ တူတဲ့ အသီးများ သီးလေ့ရှိပြီး ၎င်းတို့ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ရော ဟင်းချက်ရာမှာရော ထည့်သွင်း အသုံးပြုလေ့ ရှိကြပါတယ်။

အပင်ဟာ ဆူးပါရှိပြီး မာကြောတဲ့ နှစ်ရှည်ခြုံပင် အမျိုးအစားဖြစ်ပါတယ်။ ရေငတ်ဒဏ်ကို ကောင်းကောင်း ခံနိုင်ရည်ရှိပြီး မြေအမျိုးအစားမရွေး ဖြစ်ထွန်း ပေါက်ရောက်နိုင်ပါတယ်။ ကျေးလက်ဒေသတွေမှာ ဆိုရင် ခြံစည်းရိုးပင်အနေနဲ့ စိုက်ပျိုးကြပါတယ်။ ခံပင်ဟာ အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာ ပိုပြီးဖြစ်ထွန်းပါတယ်။ အာရှတိုက်ရဲ့ တောင်ပိုင်းဒေသတွေမှာ သဘာဝအလျောက် ပေါက်ရောက်တာတွေ့ရပါတယ်။
ခံပင်ကို အစေ့ကနေ စိုက်ပျိုးမယ်ဆိုရင် သြဂုတ်လနဲ့ စက်တင်ဘာလအတွင်း စိုက်ပျိုးသင့်ပါတယ်။ အပင်ပိုင်း မျိုးပွားနည်းတွေနဲ့ လည်း စိုက်ပျိုးနိုင်ပါသေးတယ်။ ကိုင်းဖြတ်ကူးခြင်း၊ အဖူးသွင်းခြင်း၊ သပ်သွင်းပင်ထောက် ကိုင်းကူးခြင်း စတဲ့ နည်းတွေနဲ့ လည်း စိုက်ပျိုးနိုင်ပါတယ်။ အစေ့ကနေစိုက်ပျိုးမယ် ဆိုရင်တော့ အရွယ်ရောက် အပင်တစ်ပင်ဖြစ်ဖို့ ၂ နှစ်ဝန်းကျင် ကြာမှာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား အပင်ဟာ မတ်လလောက်မှာ ပန်းစတင်ပွင့်ပြီး ဇူလိုင်လမှ စက်တင်ဘာလအတွင်းမှာ အသီး သီးလေ့ရှိကြပါတယ်။ ပန်းပွင့်ဟာ အဖြူရောင် (သို့မဟုတ်) ပန်းရောင်ဖျော့ဖျော့ ရှိပါတယ်။ အသီးကတော့ အနီရောင်ရှိပါတယ်။
ဆေးဖက်ဝင်ခြင်း
ခံပင်ရဲ့ အသီးဟာဆိုရင် သံဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် အေ၊ ကယ်လ်ဆီယမ်၊ ဖော့စဖောရပ် စတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အသီးဟာ ဆေးဖက်ဝင်တာကြောင့် အစာမကြေခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အရေပြားရောဂါများ၊ ဆီးလမ်းကြောင်းနှင့် ဆိုင်သော ရောဂါများ၊ ဝမ်းချုပ်ခြင်းနှင့် သွေးအားနည်းခြင်းတို့ ကဲ့သို့သော ရောဂါများကိုလည်း သက်သာစေနိုင်ပါတယ်။ ထို့နည်းတူ ခံပင်၏ အရွက်သည်လည်း ဖျားနာခြင်း၊ ဝမ်းလျောခြင်းနှင့် နားကိုက်ခြင်းတို့အတွက် အသုံးဝင်ကြောင်း သိရပါတယ်။ ခံပင်ရဲ့ အမြစ်ဟာလည်း ဆေးဖက်ဝင်ကြောင်း သိရပါတယ်။ တိရိစ္ဆာန်များ အနာပေါက်ပါက အမြစ်ကို သွေးလိမ်ပေးမယ်ဆိုရင် ပိုးသေပြီး အနာမြန်မြန်ကျက်တယ်လို့ဆိုပါတယ်။
ခံသီးကို ဟင်းအနေနဲ့လည်း ချက်ပြုတ်စားသောက်နိုင်ပါတယ်။ ကျေးလက်တောရွာတွေမှာဆိုရင် ခံသီးကို ပုဇွန်ငါးပိ၊ ငရုတ်သီးတို့နဲ့ ရောထောင်းပြီး ခံသီးငပိထောင်းအနေနဲ့ စားသုံးကြပါတယ်။ တချို့ကတော့ ငပိနဲ့ ရောချက်ပြီး စားသုံးလေ့ရှိကြပါတယ်။ အပင်တစ်ပင်လုံး အသုံးဝင်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေ ရှိစေတဲ့ ခံပင် အကြောင်းကို မိတ်ဆွေများ သိရှိရအောင် မျှဝေပေးလိုက်ရပါတယ်။
ဇင်ထူးနိုင်
ကိုးကားချက်
- https://en.wikipedia.org/wiki/Carissa_carandas
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....