ဈေးကောင်းမရစေသော ဆန်ဗိုက်သားဖြူခြင်း လက္ခဏာ
ဆန် စပါးသည် အရေးကြီးသော ကောက်ပဲသီးနှံများထဲမှ တစ်ခုဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်ခန့်၏ အဓိက အစားအစာတစ်ခုလည်း ဖြစ်ပါသည်။ ပြောင်းလဲလာသော ရာသီဥတုအခြေအနေနှင့် ဈေးကွက်အခြေအနေပေါ်မူတည်ပြီး စိုက်နည်းစနစ်အသစ်များဖြင့် မျိုးအသစ်များကို စိုက်ပျိုးထုတ်လုပ်လာကြပါသည်။ လိုအပ်ချက်အရ စိုက်ပျိုးထုတ်လုပ်လာသော ဆန်စပါးများအနေဖြင့် အရည်အသွေးကောင်းရန်လည်း အထူးလိုအပ်လာပါသည်။ အရည်အသွေးဆိုရာတွင် ဆန်စပါး၏ ပြင်ပအသွင်အပြင်လက္ခဏာ၊ ချက်ပြုတ်ရာတွင်ရှိသော အရည်အသွေးလက္ခဏာနှင့် စားသုံးရာတွင်ရှိသော အရည်အသွေးလက္ခဏာတို့သည် အဓိကကျပါသည်။
ဆန် စပါးသာမက အခြားသောသီးနှံများအား ရောင်းချရာတွင် ဈေးကောင်းရရှိစေရန်အတွက် ၎င်းတို့၏ ပြင်ပသွင်ပြင်လက္ခဏာသည် အရေးကြီးလှပါသည်။ ဆန်ဗိုက်သားဖြူခြင်း ဖြစ်ရပ်သည် စပါး၏ မျိုးရိုးဗီဇကြောင့်သာမက ပတ်ဝန်းကျင်အခြေအနေများ၏ သက်ရောက်မှု အထူးသဖြင့် အပူချိန်မြင့်ခြင်းကြောင့် ဖြစ်သည်ကိုလည်း တွေ့ရပါသည်။ ဆန်ဗိုက်သားဖြူခြင်းသည် ဆန်၏ အရေးကြီးသော လက္ခဏာတစ်ခုဖြစ်ပြီး စားသုံးသူများ အနေဖြင့် အလွယ်တကူ တွေ့မြင်နိုင်သောကြောင့် ဈေးကွက်ပိုင်းတွင် အဆုံးအဖြတ် ပေးသည်ကို တွေ့ရပါသည်။
စိုက်ပျိုးထားသော စပါးများ နို့ရည်ခဲမည့်အချိန်နှင့် ရင့်မှည့်မည့်အချိန်များတွင် အပူချိန် တိုးမြင့်လာပါက စပါးစေ့များသည် ပုံမှန်မဟုတ်သော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများနှင့် အရောင်ပျက်ပြယ်မှုများ စတင်ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။ စပါးနှံထွက်ပြီး ရက် ၂၀ အတွင်း၌ အပူချိန် ပျမ်းမျှ ၂၇ ဒီဂရီ စင်တီဂရိတ်တွင် ဆက်တိုက်ရှိနေမည်ဆိုပါက ဆန်ဗိုက်သားဖြူရန်အတွက် အခြေအနေများလာမည် ဖြစ်ပါသည်။ စပါးများရင့်မှည့်မည့် အချိန်တွင် အပူချိန်တိုးမြင့်လာပါက စပါးစေ့များအား အစေ့အဆန် ဖြည့်တင်းပေးမည့် အင်ဇိုင်းဓာတ်များ၏ လှုပ်ရှားမှု လျော့ကျလာခြင်း၊ စပါးအတွင်း၌ ရှိနေသော စွမ်းအင်ထုတ် ဓာတ်များ ကုန်ခမ်းခြင်း၊ အစိုဓာတ်ပါဝင်မှု မညီမျှခြင်း၊ ဆန်သားအတွင်း၌ ရှိနေသော ကစီဓာတ်များ၏ကြားတွင် လေဟာနယ်ကွက်များဖြစ်လာခြင်းနှင့် ဆန်သား အရောင်ပြောင်းလဲခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် ဆန်ဗိုက်သားဖြူခြင်း ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။ သို့သော် ဆန်ဗိုက်သားဖြူခြင်းသည် အပူချိန်မြင့်ခြင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ စပါး၏ မျိုး၊ ဗီဇနှင့် ၎င်း၏ ရာသီဥတုဒဏ်အပေါ် ခံနိုင်ရည်ရှိသော အခြေအနေများပေါ်တွင်လည်း မူတည်ပါသည်။ ဆန်ဗိုက်သားဖြူခြင်း ဖြစ်ရပ်သည် အခြားသော အရည်အသွေးဆိုင်ရာ လက္ခဏာများဖြစ်သည့် အမိုင်းလို့စ်ဓာတ် ပါဝင်မှု၊ စေးကပ်မှုနဲ့ ပရိုတင်းဓာတ် ပါဝင်မှုများနှင့်လည်း သက်ဆိုင်နေပါသည်။
ဆန်ဗိုက်သားဖြူခြင်းသည် ဆန်၏ အရည်အသွေးနှင့် ဈေးကွက်ကို အဆုံးဖြတ်ပေးသောကြောင့် အရေးကြီးတဲ့သော လက္ခဏာတစ်ခုဖြစ်ပါသည်။ ဆန်သားထဲတွင် ပိုးသတ်ဆေးပါခြင်း၊ မပါခြင်းအား အလွယ်တကူ မမြင်နိုင်သော်လည်း ဗိုက်သားဖြူသော အခြေအနေသည် စားသုံးသူများအနေဖြင့် အလွယ်တကူ မြင်နိုင်သောကြောင့် မိမိ၏ဆန်သည် ဗိုက်သားဖြူနေသည်ဆိုပါက ရောင်းချသောနေရာတွင် ဈေးကောင်းမရသည်မှာ အသေအချာပင် ဖြစ်ပါသည်။ ထို့ကြောင့် ဆန်ဗိုက်သားဖြူသော လက္ခဏာသည် စားသုံးသူများသာမက စိုက်ပျိုးထုတ်လုပ်သူများပါ လက်မခံသော လက္ခဏာတစ်ခုဖြစ်နေပါသည်။
ဗိုက်သားဖြူသောဆန်များကို ယေဘူယျအားဖြင့် အမျိုးအစား ၃ မျိုးခွဲခြားနိုင်ပါသည်။ ၎င်းတို့မှာ ၁) ကျောဘက်ဖြူခြင်း၊ ၂) ဗိုက်သားဘက်ဖြူခြင်း နှင့် ၃) ဆန်သား အလယ်အူတိုင်ဖြူခြင်း ဆို၍ ယေဘူယျအားဖြင့် ခွဲခြားနိုင်ပါသည်။ ဗိုက်သားဖြူသော ဆန်များကို ချက်ပြုတ်စားသောက်ရာတွင် အနံ့နှင့် အရသာသည် ထူးထူးခြားခြား ပြောင်းလဲမှုမရှိကြောင်း အချို့သုတေသနများတွင် ဖော်ပြထားကြပါသည်။ သို့သော် မြန်မာပြည်မှ ကုန်သည်များသာမက နိုင်ငံတကာ၌ပါ ဆန်ဗိုက်သားဖြူသော လက္ခဏာကို မနှစ်သက်ရခြင်းမှာ ဗိုက်သားဖြူသောဆန်များကို ကြိတ်ခွဲရာတွင် သာမန်ဆန်များထက် ခံနိုင်ရည်နည်းကာ အကျိုးအကြေ ပိုများခြင်းကြောင့် ဖြစ်ပါတယ်။ “ဆန်ဗိုက်သားဖြူလေ ဈေးကွက် လက်မခံလေ ” ဆိုသည့် အတိုင်းပင် ဖြစ်ပါသည်။ ဗိုက်သားဖြူသောဆန်များကို ချက်ပြုတ်ရာတွင် ရေပိုမိုစုပ်ယူသည်ကို တွေ့ရပြီး ထမင်းအဖြစ်ရရှိမှု (အိုးတက်ခြင်း) နည်းသည်ကို တွေ့ရပါသည်။ ထို့အပြင် ဗိုက်သားဖြူသောဆန်များကို ချက်သောအခါတွင် ထမင်းသည်မာကြောပြီး ကြေညက်အောင် ဝါးစားရန်အတွက် အချိန်ပိုပေးရကြောင်း အချို့သုတေသနများတွင် ဖော်ပြထားသည်။ ဗိုက်သားဖြူသောဆန်သည် သာမန်ဆန်များနှင့် ယှဉ်ကြည့်ပါက ပရိုတိန်း (အသားဓာတ်) ပါဝင်မှု နည်းသည်ကို တွေ့ရပါသည်။
ဆန်ဗိုက်သားဖြူခြင်းသည် ကာလကြာရှည်စွာ ကြုံတွေ့နေရသော ပြဿနာတစ်ခုဖြစ်ပါသည်။ ဆန်ဗိုက်သားဖြူခြင်းအပေါ်တွင် စပါးပင်၏ မျိုးရိုးဗီဇနှင့် ဇီဝကမ္မဖြစ်စဉ်များ လွှမ်းမိုးထားသောကြောင့် ဗိုက်သားဖြူခြင်းကို ခံနိုင်ရည်ရှိမည့် မျိုးအသစ်များ၊ ပြောင်းလဲလာသော ရာသီဥတုနှင့် ကိုက်ညီမည့်မျိုးများ စမ်းသပ်စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ပါကြောင်း။
ဇင်ထူးနိုင်
ကိုးကားချက်
https://www.google.com/search?client=firefox-b-d&q=Chalkiness+in+rice
http://www.knowledgebank.irri.org/ricebreedingcourse/Grain_quality.htm
Qualities Attribute of Ten Myanmar Rice Cultivars Research/ လယ်ယာသီးနှံ ပညာဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်။
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....