အပင်တွေ သေနေလို့...တရားခံ ဘယ်သူလဲ
တောင်သူပညာပေးဆွေးနွေးပွဲ အတွေ့အကြုံများ အပိုင်း(၁၀)
စိုက်ပျိုးရေးနည်းပညာ ဆိုတာ လေ့လာလေ ကျယ်ဝန်းလေ၊ အပြောလွယ်ပြီး အလုပ်ခက်၊ နက်နဲတဲ့ သက်မွေးပညာရပ်တခုဆိုတာ.. လက်တွေ့စိုက်ပျိုး လုပ်ကိုင်နေသူတွေ အသိဆုံးပါ။ သီးနှံပင်တစ်မျိုးဟာ ပုံမှန်အခြေအနေမဟုတ်ရင်..
- ရောဂါကြောင့်လား..
- ပိုးမွှားကြောင့်လား
- အာဟာရကြောင့်လား. စသဖြင့်
စိတ်အထင်နဲ့သော်လည်းကောင်း.. သူများ သုံးနေတာကြည့်ပြီးသော်လည်းကောင်း. ရော်ရမ်း မှန်းဆပြီး နီးစပ်ရာ ဆေးတမျိုးမျိုးကို ဝယ်ဖျန်းကြရပါတယ်။
တစ်ခါနဲ့မရ နှစ်ခါ၊တစ်မျိုးနဲ့မရ နှစ်မျိုး၊ တစ်ဆနဲ့မရ နှစ်ဆ။ ဖျန်းရင်း လှော်ရင်း နစ်ကြရတာတွေရှိနေကြပါတယ်။
တကယ်တော့.. စိုက်ပျိုးရေးပညာမှာ.
အပင်တွေ ရောဂါရစေခြင်းရဲ့ အဓိက အကြောင်းတရား ၂ ချက်ရှိပါတယ်။
၁။ သက်ရှိတမျိုးမျိုးကြောင့်ဖြစ်ခြင်း(Biotic )
( မှို၊ဘက်တီးရီးယား၊ နီမတုတ်၊ ဗိုင်းရပ်.......)
၂။သက်မဲ့ အကြောင်းတရားကြောင့်ဖြစ်ခြင်း(Abiotic)
- ရာသီဥတု(ပူခြင်း၊အေးခြင်း၊စိုခြင်း၊ခြောက်ခြင်း...
- မြေကြီး (မြေချဥ်/ငန်၊ မြေ အနု/အကြမ်း.....)
- ဓာတုအဆိပ်သင့်ခြင်း (ဆေးနှုန်းထားများခြင်း/မှားခြင်း၊ ..)
- လူ၊ တိရစ္ဆာန်၊ ထွန်ထယ်၊ လယ်လုပ်ကိရိယာများကြောင့် ထိခိုက်ခြင်း... ဆိုတဲ့..မထင်မှတ်ထားတဲ့ အကြောင်းတရားတွေကြောင့်လည်း..ရောဂါလက္ခဏာတွေ့ရ တတ်တယ်ဆိုတာ..မေ့လျော့ခံ ပြဿနာ တခုဖြစ်နေပါတယ်၊
ဒီအကြောင်းအရာနဲ့ပတ်သက်လို့ စာရေးသူ အတွေ့အကြုံလေးတခု တင်ပြချင်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြောက်လက်၊ ဇော်ဂျီ ရေသောက်ဧရိယာမှာ ငရုတ်ပွ၊ ခရမ်းချဥ်၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီထုပ်၊ ပြောင်း စတဲ့ ဟင်းသီး/ရွက် သီးနှံ အမယ်စုံ နှစ်ပတ်လည် စိုက်တဲ့ဒေသပါ။
အဲဒီမှာ ပညာပေးဆွေးနွေးပွဲ ပြုလုပ်ရင်း ထုံးစံအတိုင်း အပြန်အလှန်ဆွေးနွေးမေးမြန်းကြတာပေါ့။
- ငရုတ်ပွမှာ ကျရောက်တဲ့ green peach aphid(ပျစိမ်း) အကြောင်းနဲ့ ကာကွယ်နှိမ်နင်းနည်း
- ကြက်သွန်ဖြူ လှေးအကြောင်းနဲ့ ကာကွယ်နှိမ်နင်းနည်း
- ခရမ်းချဥ် ဘက်တီးရီးယားရွက်ပြောက်(Bacterial speck disease)အကြောင်း
- ငရုတ် ညှိုးသေ ရောဂါအကြောင်းနဲ့ ကြိုတင်ကာကွယ်နည်းစတဲ့ လက်တွေ့ဖြစ်ပျက်နေတဲ့ ပိုးမွှားရောဂါ ကုသနည်းများကို ဦးစားပေးဆွေးနွေးကြပါတယ်။
ဆွေးနွေးပွဲပြီးလို့ ပင်းတယ ပြန်မယ် ဆိုတော့မှ
တောင်သူတယောက်က အကူအညီလာတောင်းခံပါတယ်။
"ဆရာ..ပြောဟောသွားတာတွေ အရမ်းဗဟုသုတ ရပါတယ်။ ဆရာပြောတဲ့ ဆေးတွေလည်း သုံးနေပါတယ်။ ဒါပေမဲ့ ဆရာ...."
တောင်သူအမည် ကိုတင်ငွေ..တဲ့။
ဆက်ပြောရမှာ အားနာတဲ့ပုံစံ၊ မဝံ့မရဲ ဖြစ်ပြီး စကားကို ဖြတ်ပြီး စဥ်းစားနေပုံရတယ်။
"ဒါပေမဲ့..ဘာဖြစ်လဲ..ကိုတင်ငွေ၊
အားမနာနဲ့၊ ပွင့်ပွင့်လင်းလင်းသာပြောပါ။ ဒါမှ အဖြေတွေ့မှာ".လို့ လမ်းကြောင်းပေးတော့မှ. .
ဒီလိုဆရာ..ကျနော့ ငရုတ်ပွခင်းမှာ အသီးသီးပြီဆိုမှ တစ်ပင်ချင်း စိမ်းညှိုးပြီးသေနေတယ်။
အခု ဆရာပြောတဲ့ မှိုဆေးတွေ၊ ဘက်တီးရီးယားဆေးတွေ ဖျန်းတာစုံနေပြီ..
အဲဒါ..အခုထိ အသေမရပ် လို့ဆရာ.."တဲ့။
စာရေးသူ..သဘောပေါက်သွားတယ်။
ပိုးမွှားရောဂါကြောင့်မဟုတ်သော၊ အခြား အကြောင်းအရာ တခုခု အမှားရှိနေပြီလို့..။
အဲဒါနဲ့..ကိုတင်ငွေရဲ့ ငရုတ်ပွခင်းကို ကွင်းဆင်းကြည့်ရှုကြပါတယ်။
ဟုတ်ပါတယ်..
အပင်လေးတွေ၊ အသီးတန်းလန်းနဲ့ ညှိုးနေပါတယ်။
တစ်ပင်နုတ်ကြည့်တော့.. အစာစားမြစ်(အမြစ်မွှေး)ကောင်းတယ်၊ ရေသောက်မြစ် မဲပြီး ပုပ်နေပါတယ်။
နောက်ထပ် တစ်ပင်နုတ်ကြည့်တော့၊ မြေကြီးနဲ့ထိတဲ့နေရာမှာ ခါးရိနေတာတွေ့ရပါတယ်။

စာရေးသူ အထက်မှာဆွေးနွေးတင်ပြခဲ့သလို
(Abiotic)လို့ခေါ်တဲ့ သက်မဲ့ကြောင့်ဖြစ်သော အမှား ၂ ချက် တွေ့ရပါတယ်။
- ၁။ ပလတ်စတစ်အုပ်ပြီး အပင်မစိုက်မီတစ်ကြိမ်၊ အပင်စိုက်ပြီးတစ်ကြိမ်(ဘောင်ရေမြုပ်)ရေအပြည့်သွင်းခြင်း
- ( Dripပိုက်မြှုပ် ရေသွင်းတာဖြစ်လို့၊ ဘောင်မြုပ်ရေသွင်းစရာမလိုပါ)
- ၂။ ဓာတ်မြေသြဇာ ကျွေးနည်းစနစ်ပါ။ ပျိုးပင်စိုက်တဲ့အဝိုင်းပေါက်ထဲကို (အပင်ငယ်စဥ်မှ အသီးသီးချိန်အထိ) ဓာတ်မြေသြဇာကို ဆေးဖျန်းပုံးထဲ ရေဖျော်ပြီး နော်ဇယ်ခေါင်းဖြုတ်လောင်းထည့်ခြင်း။
(ငရုတ်ပင်က ပင်စည်၊ အမြစ်နဲ့ ဓာတ်မြေသြဇာ တိုက်ရိုက်ထိတာ မကြိုက်ပါ။)
အချုပ်ဆိုရသော်..
- သီးနှံပင်တွေမှာ ပင်ညှိုး၊ ရွက်ခြောက်၊ ရွက်ပြောက်မြင်တိုင်း ရောဂါအမှတ်နဲ့ မှိုဆေးအရင်မဖျန်းပါနဲ့။
- ပလတ်စတစ်ဘောင်အုပ် စိုက်စနစ်မှာအစိုများပြီး၊ အပူရှိန်ပြင်းရင်၊ မြေတွင်းအပူချိန်(soil temperature)မြင့်ပြီး ခံနိုင်ရည်နည်းတဲ့အပင် အရင်ညှိုးသေစေပါတယ်။
- ပိုက်လိုင်းဘောင်မြုပ်ရေပေးစနစ် (drip irrigation system)မှာ ဓာတ်မြေသြဇာကို
ရေပိုက်လိုင်းအတွင်း ထည့်ကျွေးစနစ်( Fertigation )နဲ့ကျွေးတာက အပင်အတွက် အန္တရာယ်လည်းကင်း၊အကျိုးလည်းရှိစေပါတယ်။
(အပင်ခြေကပ်ပြီး ဓာတ်မြေသြဇာ ကျွေးနည်းစနစ် မပြုလုပ်သင့်ပါ)
သို့သော်..အဆင်ပြေ၊ အလျဥ်းသင့်တဲ့ သီးနှံတွေလည်းရှိနိုင်ပါတယ်။ ဥပမာ..ခရမ်းချဥ်စိုက်တောင်သူတစ်ဦးကို မေးကြည့်တော့ အပင်သေတာမျိုးမရှိတာတွေ့ရပါတယ်။
ငရုပ်ပွသီးနှံကတော့ အပင်နုတဲ့သဘာဝရှိတော့ အမှားမခံတာတွေ့ရပါတယ်.. ဆိုတဲ့အကြောင်း.
အစိမ်းရောင်လမ်း မိတ်ဆွေများ၊ ဗဟုသုတ အလို့ငှာ ရေးသား တင်ပြအပ်ပါတယ်ခင်ဗျာ။
စေတနာ များစွာဖြင့်..
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မောင်စိုးသူ
လွန်ခဲ့သော ၃ နှစ် ကthankyou
ကိုထွေးကို
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါတယ်ဗျ
Yan Naing
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ ဆရာ
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး