စိုက်ပျိုးရေးတွင် အုန်းဆံခွံ အုန်းဆံမှုန့် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ
အုန်းသီးဟာ အလွန်အသုံးဝင်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ အသားဟာ အရသာရှိသလို အုန်းစိမ်းရည်ဟာလည်း ပိုတက်စီယမ်ဓာတ်ကြွယ်ဝကာ အခွံတွေဟာလည်း အကျိုးရှိရှိပြန်လည်အသုံးချနိုင်တဲ့ သဘာဝပစ္စည်းတွေ ဖြစ်ပါတယ်။
အုန်းဆံမှုန့်တို့၊ အုန်းဆံခွံ တို့ဆိုတာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အလွယ်တကူတွေ့ရတတ်တဲ့ သဘာဝစွန့်ပစ်ပစ္စည်းတွေ ဖြစ်ပါတယ်။ များသောအားဖြင့် အပင်တွေ စိုက်ပျိုးရာမှာ (သို့မဟုတ်) စပ်မြေပြုလုပ်ရာမှာ ထည့်သွင်း အသုံးပြုကြလေ့ရှိတဲ့ သဘာဝပစ္စည်းတွေဖြစ်ပါတယ်။ အထူးသဖြင့် သစ်ခွကဲ့သို့ အလှစိုက် ချိတ်ဆွဲပင်တွေ၊ ပိန်းပန်းပင်နဲ့ အိမ်တွင်းအလှစိုက် အပင်တွေစိုက်ပျိုးရာမှာ အုန်းခွံတွေကို အသုံးပြုကြတာ ဖြစ်ပါတယ်။

အုန်းခွံတွေအပြင် အုန်းစိမ်းရည်ကို အသုံးပြုပြီးတော့လည်း အပင်အားဆေး ပြုလုပ်နိုင်ပါသေးတယ်။ “သဘာဝအုန်းစိမ်းရည်ဖြင့် အပင်အားဆေးပြုလုပ်နိုင်” ဆိုတဲ့ ဒီ https://bit.ly/3B7I2nX ဆောင်းပါးမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ယခုနောက်ပိုင်းမှာတော့ အပင်တွေစိုက်ပျိုးသူတွေဟာ ဓာတုပစ္စည်းတွေထက် သဘာဝပစ္စည်းတွေ သဘာဝနည်းလမ်းတွေကို ပိုပြီးတော့ စိတ်ဝင်စားလာကြပါတယ်။ ထို့နည်းတူ အုန်းဆံမှုန့်၊ အုန်းဆံတုံး၊ အုန်းဆံတိုင်၊ အုန်းဆံဖတ် စတာတွေကိုလည်း စနစ်တကျထုပ်ပိုးပြီး ဈေးကွက်ထဲမှာ ရောင်းချနေတာမျိုးတွေအထိ ရှိလာပါတယ်။ ဒီသဘာဝပစ္စည်းတွေဟာ လက်တွေ့မှာလည်း အမှန်တကယ်အသုံးဝင်ပြီး အကျိုးရှိတာကြောင့် လူကြိုက်များတာလည်း ဖြစ်ပါတယ်။
အုန်းဆံမှုန့် အုန်းဆံခွံတွေ အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများ
- အုန်းဆံမှုန့်တွေ အုန်းဆံခွံတွေဟာ ရေညှိဆွေးနဲ့ အော်ဂဲနစ်ပစ္စည်းတွေထက်ကို ဆွေးမြည့်ပျက်စီးမှု နှေးကွေးတာကြောင့် ပန်းအိုး၊ ပျိုးအိတ်၊ ပျိုးပင်တွေမှာ စပ်မြေ (Growing media) အနေနဲ့ အကျိုးရှိရှိ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
- မျိုးစေ့ကနေ ပျိုးထောင်စိုက်ပျိုးတဲ့အခါမှာ အုန်းဆံမှုန့် ၅၀ ရာခိုင်နှုန်းနဲ့ မြေ ၅၀ ရာခိုင်နှုန်းတို့ကို ဆတူရောစပ်ပြီး စိုက်ပျိုးပါက အပင်ပေါက်နှုန်းကို သိသိသာသာမြင့်စေနိုင်မှာ ဖြစ်ပါတယ်။
- အုန်းဆံမှုန့်မှာ hemicellulose, lignin, cellulose နဲ့ pectin စတဲ့ ဓာတ်တွေ ပါဝင်နေခြင်းကြောင့် မြေဆီလွှာရဲ့ ရေစိမ့်ဝင်နိုင်မှုကို ကောင်းစေပါတယ်။
- အုန်းဆံမှုန့်တွေဟာ ၎င်းတို့အလေးချိန်ရဲ့ ၇ ဆကနေ ၁၀ ဆ အထိ ရေကို စုပ်ယူထိန်းထားနိုင်ပြီး ရေမြှုပ်အဖြစ် လုပ်ဆောင်ပေးတာကြောင့် အပင်များမှ ရေကိုလိုအပ်တဲ့အချိန်မှာ ထုတ်လွှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- အုန်းဆံမှုန့်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ လစ်ဂ်နင် (lignin) ဓာတ်တွေ ပါဝင်နေခြင်းဟာ အပင်ကြီးထွားဖို့အတွက် လိုအပ်တဲ့ အကျိုးပြု ဘက်တီးရီးယားနဲ့ မှိုတွေ နေထိုင်ပွားများစေဖို့အတွက် ပြီးပြည့်စုံတဲ့ နေရာတစ်ခုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။
- အုန်းဆံမှုန့်တွေကို စပ်မြေပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုခြင်းဖြင့် မလိုလားအပ်တဲ့ မှိုနဲ့ ရေညှိတွေ ပွားများလာခြင်းကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အပင်တွေမှာ အမြစ်ပုပ်တာမျိုးကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- မြေဆီလွှာကို လေဝင်လေထွက်ကောင်းစေပြီး အမြစ်များကို ကြီးထွားသန်မာစေပါတယ်။
- မြေဆီလွှာမှာရှိတဲ့ အဏုဇီဝ သက်ရှိတွေအတွက် အထောက်အကူ ပြုပေးနိုင်သလို မြေဆီလွှာထဲမှ အာဟာရဓာတ်များ စိမ့်ထွက်ဆုံးရှုံးခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
- အုန်းဆံမှုန့်တွေဟာ pH အဆင့် ၃.၃ နဲ့ ၄ ကြားမှာရှိတဲ့ သစ်ဆွေးဓာတ်တွေနဲ့ မတူဘဲ သမျှတတဲ့ အခြေအနေ pH အဆင့် ၅.၂ နဲ့ ၆.၈ ကြားမှာရှိတဲ့အတွက် မြေဆီလွှာရဲ့ ချဥ်/ ငန် ကိန်းကို ထိန်းညှိပေးနိုင်တာ ဖြစ်ပါတယ်။
- မြေဆီလွှာနဲ့ ရေ ရဲ့ pH အပေါ်မှာ ဆိုးကျိုးသက်ရောက်မှု မရှိနိုင်တာကြောင့် သာမန်စိုက်ခင်းတွေမှာသာမက မြေမဲ့နည်းနဲ့ စိုက်ပျိုးတဲ့နေရာတွေမှာပါ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။
- အပင်တွေစိုက်ပျိုးရာမှာ အုန်းဆံမှုန့်၊ အုန်းဆံခွံတွေကို ပုံစံအမျိုးမျိုးနဲ အသုံးပြုလို့ရပြီး မြေဆီလွှာတိုက်စားခံရခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
- အုန်းဆံမှုန့်ဟာ မြေဆွေးထက်ကို ဓာတ်ဖိုဖလှယ်နိုင်စွမ်းအား Cation Exchange Capacity (CEC) ပိုမြင့်တာကြောင့် အခြားသော အော်ဂဲနစ် သဘာဝပစ္စည်းတွေထက် အာဟာရဓာတ်တွေကို ပိုမိုကြွယ်ဝစွာ ထိန်းထားနိုင်တာလည်း ဖြစ်ပါတယ်။
- သူ့မှာ သဘာဝ ဖော့စဖရပ်စ်နဲ့ ပိုတက်စီယမ်ဓာတ်တွေ အများအပြား ပါဝင်နေတာကြောင့် အပင်များရဲ့ အမြစ်ဖွံဖြိုးမှုနှင့် ပန်းပွင့်ခြင်းအတွက် အထောက်အကူပြုနိုင်တဲ့အပြင် အပင်များအတွင်း ဇီဝဖြစ်ပျက်မှုကို ထိန်းညှိဖို့နဲ့ ဆဲလ်တည်ဆောက်မှုတွေကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
- ဒါ့အပြင် အုန်းဆံမှုန့်တွေမှာ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ ကော့ပါး၊ အိုင်းယွန်းနဲ့ ဇင့် စတဲ့ သတ္တုဓာတ်တွေလည်း ပမာဏအနည်းငယ်စီ ပါဝင်နေတာကြောင့် အပင်တွေအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။
ဇင်ထူးနိုင်
Ref: https://coir.com/
https://www.groworganic.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အရှင်စန္ဒာဝရ
လွန်ခဲ့သော ၃ နှစ် ကဘယ်လိုပြုလုပ်ပြီး ဘယ်လိုသုံးစွဲတယ်ဆိုတာ သိပါရစေ။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....