သခွားပင်နဲ့အတူ စိုက်ပျိုးနိုင်တဲ့ အကောင်းဆုံးအဖော်ပင်များ
သခွားပင်ဟာ နေရာများစွာမှာ ပြန့်ကျဲပြီးပေါက်ရောက်တဲ့ နွယ်ပင်အမျိုးအစား ဖြစ်ပါတယ်။ အပင် ကျန်းမာ သန်စွမ်းလေ မြေနေရာပိုယူလေပဲ ဖြစ်ပါတယ်။ ဒီလိုနေရာယူတတ်တဲ့ သခွားပင်တွေနဲ့ အတူယှဥ်တွဲကာ အဖော် ပင်အဖြစ် စိုက်ပျိုးနိုင်တဲ့အပင်တွေလည်း ရှိနေပါတယ်။ မှန်ကန်သင့်တော်တဲ့ အဖော်အပင်တွေကို ရွေးချယ် စိုက်ပျိုးခြင်းဟာ အဖျက်ပိုးမွှားများကို ဟန့်တားနိုင်ပြီး ရေ (သို့မဟုတ်) အာဟာရတို့ကို ယှဥ်ပြိုင်ရတာမျိုးလည်း ရှိမှာမဟုတ်တာကြောင့် အကျိုးရှိစေမှာ ဖြစ်ပါတယ်။

အဖော်ပင်စိုက်ပျိုးခြင်း (သို့မဟုတ်) ယှဉ်တွဲစိုက်ပျိုးခြင်းဆိုတာ ဘာလဲ?
အဖော်ပင် စိုက်ပျိုးခြင်းဆိုသည်မှာ သီးနှံပင်အချင်းချင်း အထောက်အကူပြုကာ ကြီးထွားဖွံ့ဖြိုးမှုတိုးစေဖို့၊ အဖျက်ပိုးမွှားတွေကို ကာကွယ်နိုင်ဖို့နဲ့ အခြားသော အကျိုးကျေးဇူး ပေးစွမ်းနိုင်မှုအပေါ်မှာ အခြေခံပြီး မတူညီတဲ့ အပင်မျိုးစိတ်တွေကို အတူတကွယှဥ်တွဲစိုက်ပျိုးတဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ သင့်တော်တဲ့ သီးနှံ တွေကို အတူယှဥ်တွဲပြီး စိုက်ပျိုးခြင်းဟာ အကျိုးအမြတ်ရရှိနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
ဥပမာအနေနဲ့ စိုက်ပျိုးရေးမှာဆိုရင် ညီအစ်မ ၃ ဖော်ဆိုပြီး အတူယှဥ်တွဲ စိုက်ပျိုးကြတဲ့ အပင်တွေရှိပါတယ်။ ဘူး၊ ဖရုံ၊ သခွား မျိုးနွယ်ဝင်အပင်တွေကို ပြောင်း၊ ပဲပင် စတဲ့အပင်တွေနဲ့ အဖော်ပင်အဖြစ် တွဲဖက်စိုက်ပျိုးကြတာ ဖြစ်ပြီး ဒီနည်းလမ်းဟာ အမေရိကန်နိုင်ငံရဲ့ ရိုးရာစိုက်ပျိုးနည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီသီးနှံ ၃ မျိုးကို ပေါင်းစပ်ပြီး စိုက်ပျိုးခြင်းဟာ ထူးဆန်းတယ်လို့ ထင်ရပေမယ့်လည်း အနီးကပ်စိုက်ပျိုးကြည့်တဲ့အခါမှာ အချင်းချင်း အပြန်အလှန် အကျိုးဖြစ်ထွန်းစေနိုင်တာ ဖြစ်ပါတယ်။
တခါတရံမှာ ကြီးထွားရှင်သန်မှု အလေ့အထ မတူညီတဲ့ အပင်တွေကို ရွေးချယ်စိုက်ပျိုးခြင်းဟာ မြေနေရာ အတွက် ယှဥ်ပြိုင်ရတာမျိုး မရှိသလို မတူညီတဲ့ အာဟာရလိုအပ်ချက်တွေ ရှိနေတဲ့အတွက် မြေဆီလွှာကိုလည်း အကျိုးရှိရှိ အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီလို စိုက်ပျိုးခြင်းရဲ့ အကောင်းဆုံး အားသာချက် ကတော့ အဖော်ပင်တွေဟာ အဖျက်ပိုးမွှားတွေနဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး စိုက်ခင်းတွေမှာ ပိုး၊ ရောဂါ စီမံခန့်ခွဲရတာကို ပိုပြီးလွယ်ကူစေမှာ ဖြစ်ပါတယ်။ ထို့အပြင် မြေနေရာချွေတာနိုင်ခြင်း၊ မြေဆီလွှာကျန်းမာရေး ကောင်းမွန်စေခြင်း၊ ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများ ထောက်ပံ့ပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါဆိုရင် သခွားပင်တွေနဲ့အတူ ဘယ်လိုသီးနှံတွေကို ယှဉ်တွဲစိုက်ပျိုးနိုင်မလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
သခွားပင်အတွက် အကောင်းဆုံးအဖော်ပင်များ
ပြောင်း၊ ပဲအမျိုးမျိုး
သခွားပင်တွေဟာ နိုက်ထရိုဂျင်စားသုံးမှုများတဲ့ အပင်တွေဖြစ်ပါတယ်။ ပဲပင်တွေရဲ့ အမြစ်စနစ်ဟာ သခွားပင် အပါအဝင် အခြားသောသီးနှံပင်များ ဖြစ်ထွန်းအောင်မြင်စေဖို့အတွက် လိုအပ်တဲ့ နိုက်ထရိုဂျင်ဓာတ်တွေကို မြေဆီလွှာထဲ ပြန်လည်ဖြည့်သွင်းပေးခြင်းဖြင့် အာဟာရဓာတ်တွေကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြောင်းဖူးပင်တွေဆိုရင် နေရောင်ခြည်လိုအပ်ပြီး ၎င်းရဲ့အပင်အမြင့်ဟာ သခွားပင်အတွက် အရိပ်ပေးတဲ့ အတွက်ကြောင့် ၎င်းတို့ဟာ အပြန်အလှန်အကျိုးပြုနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြောင်းဖူးဟာ သခွားပင်ရဲ့ နွယ်ပင်ငယ်တွေ တက်နိုင်ဖို့အတွက် ရိုးတံအနေနဲ့လည်း ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။ အပြန်အလှန် ထောက်ပံ့မှုအနေနဲ့ သခွားပင်တွေဟာ ပြောင်းဖူးပင်တွေရဲ့ အောက်ခြေမှာ သဘာဝမြေဖုံးပစ္စည်းအနေနဲ့ လုပ်ဆောင်ပေးမှာဖြစ်ပြီး မြေဆီလွှာအစိုဓာတ်ကို ထိန်းသိမ်းကာ ပေါင်းပင်တွေ ပေါက်ရောက်မှုကို ဟန့်တားပေး မှာလည်း ဖြစ်ပါတယ်။
မုန်လာဥဖြူ၊ မုန်လာဥနီ၊ သကြားမုန်လာ၊ ကြက်သွန်နီ
အဆိုပါ အမြစ်ဥ ဟင်းသီးဟင်းရွက်တွေဟာ (root vegetable) ဖြန့်ကျက်ပြီး ရှင်သန်ကြီးထွားတာ မဟုတ်သလို မြေနေရာလည်း ယှဉ်ပြိုင်တာမျိုး မရှိတာကြောင့် သခွားပင်တွေနဲ့ ကောင်းစွာအလုပ်လုပ်နိုင်တဲ့ အပင်တွေ ဖြစ် ပါတယ်။ ၎င်းတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအများစုဟာ မြေဆီလွှာအောက်မှာပဲ ဖြစ်ပေါ်ကြတာ ဖြစ်ပါတယ်။ မုန်လာဥ ဖြူဆိုရင် ၎င်းနဲ့တွဲဖက်စိုက်ပျိုးတဲ့ အပင်တွေမှာ ကျရောက်တတ်တဲ့ အဖျက်ပိုးမွှားတွေကို စိုက်ခင်းဆီ မလာ ရောက်နိုင်အောင် ကာကွယ်ပေးထားခြင်းဟာ ထူးခြားတဲ့အားသာချက်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် မုန်လာဥ ဖြူဟာ သခွားပင်တွေမှာ ကျရောက်တတ်တဲ့ ကျိုင်းပိုးကဲ့သို့ ပိုးမွှားတွေကို ထိရောက်စွာ ဟန့်တားနိုင်တာ ဖြစ်ပါ တယ်။
ထပ်တရာပန်း၊ တောင်ကြာကလေး
ထပ်တရာပန်းဟာ သီးနှံစိုက်ခင်း အတော်များများမှာ တွဲဖက်စိုက်ပျိုးနိုင်တဲ့ ပန်းပင်တစ်မျိုးဖြစ်ပါတယ်။ ထောင်ချောက်သီးနှံ (Trap crop) အနေနဲ့ အသုံးချနိုင်ပြီး ၎င်းတို့ဟာဆိုရင် ကျိုင်းပိုး၊ လှေးပိုး၊ ဂျပိုး အုပ်စုဝင်ပိုးမွှားတွေနဲ့ အရွက်ပေါ်မှာ ကျရောက်ဖျက်ဆီးတတ်တဲ့ အဖျက်ပိုးမွှားတွေကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ထပ်တရာပန်းနဲ့ တောင်ကြာကလေး အပင်တွေဟာ ရေအရင်းအမြစ်လည်း များစွာမလိုအပ်ဘဲ သာမန်ရေဆင်းကောင်းတဲ့ နေရာတွေနဲ့ အာဟာရနည်းတဲ့ မြေဆီလွှာမှာကိုပဲ ကောင်းစွာဖြစ်ထွန်းနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ထပ်တစ်ရာပန်းပွင့်တွေဟာ အချိန်အတော်ကြာတဲ့အထိ ပန်းပွင့်နိုင်တာကြောင့် ပန်းပွင့် နေတဲ့ ကာလတစ်လျှောက်လုံးမှာ လိပ်ပြာ၊ ပျားအပါအဝင် အခြားသော ဝတ်မှုန်ကူး အင်းဆက်တွေ လာရောက်နိုင်တဲ့ အရင်းအမြစ်ကောင်း တစ်ခုလည်းဖြစ်ပါတယ်။ စိုက်ခင်း ပတ်ဝန်းကျင်မှာ ထပ်တစ်ရာ ပန်းပွင့်တွေ ရှိနေခြင်းအားဖြင့် ဇာတောင်ပိုး၊ လိပ်ခုံးကျိုင်း၊ ကပ်ပါးနဂျီကောင်၊ ပျစားယင် အပါအဝင် အခြားသော အကျိုးပြုအင်းဆက်တွေကိုပါ စိုက်ခင်းဆီသို့ ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။
နေကြာ
နေကြာဟာလည်း ပြောင်းဖူးပင်တွေလိုပဲ နေရာချွေတာပြီး သခွားပင်ရဲ့ နွယ်ပင်ငယ်တွေ တက်နိုင်ဖို့အတွက် ရိုးတံအနေနဲ့ ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။ သခွားနဲ့ နေကြာကို အတူစိုက်ပျိုးမယ်ဆိုရင်တော့ သခွားပင်တွေ မစိုက်ပျိုးခင် ၁ ပတ်လောက်ကတည်းက နေကြာပင်တွေကို ကြိုတင်စိုက်ပျိုးထားသင့်ပါတယ်။ နေကြာပင်တွေ ဟာ လျင်မြန်စွာကြီးထွားနိုင်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ အမြင့် ၁ ပေခန့် ရောက်ရှိနိုင်မှာ ဖြစ်ပါ တယ်။ နေကြာပင်ဟာ သခွားပင်တွေအတွက် အရိပ်ထောက်ပံ့ပေးနိုင်တာကြောင့် အပူဒဏ်ကိုလည်း ကာကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေကြာပန်းတွေဟာ ဝတ်မှုန်ကူး အင်းဆက်တွေဖြစ်ကြတဲ့ လိပ်ပြာ၊ ပျားနဲ့ အခြား အကျိုးပြု အင်းဆက်တွေကိုပါ ဆွဲဆောင်နိုင်တာကြောင့် ဝတ်မှုန်ကူးဖို့လိုအပ်တဲ့ သီးနှံတွေအတွက် အသင့်တော်ဆုံး အဖော်ပင်လည်း ဖြစ်ပါတယ်။
တောရှုံးပင်၊ စမုန်စပါး
ဒီဆေးဖက်ဝင်အပင်တွေဟာလည်း အဖျက်ပိုးမွှားတွေကို တွန်းလှန်နိုင်ကြတာဖြစ်ပြီး ဝတ်မှုန်ကူးအင်းဆက်တွေနဲ့ ကပ်ပါးနဂျီကဲ့သို့ အကျိုးပြုပိုးမွှားတွေ စိုက်ခင်းတွေဆီ လာရောက်အောင် ဆွဲဆောင်နိုင်တာလည်း ဖြစ်ပါတယ်။
သခွားပင်နဲ့ တွဲဖက်မစိုက်ပျိုးသင့်သော အပင်များ
တွဲဖက် မစိုက်ပျိုးသင့်တဲ့ အပင်တွေကတော့ အာလူး၊ ဖရဲ၊ ကလျာဏီ၊ ပင်စိမ်း၊ စမုန်နက်၊ ကိုက်လန်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ စတဲ့ အပင်တွေ ဖြစ်ပါတယ်။
ဒီအပင်တွေဟာ သခွားပင်တွေအတွက် အဖော်ကောင်းမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့ဟာ သခွားပင်နဲ့အတူ မြေ၊ ရေ၊ အာဟာရ စတာတွေကို ယှဥ်ပြိုင်လုယူပြီး ကြီးထွားရှင်သန်မှုကို အဟန့်အတား ဖြစ်စေနိုင်တဲ့ သဘာဝရှိပြီး အမျိုးအစားတူညီတဲ့ အဖျက်ပိုးမွှားနဲ့ ရောဂါတွေ ကျရောက်ဖျက်ဆီးတတ်တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ကလျာဏီနဲ့ ပင်စိမ်းကဲ့သို့ အပင်တွေဆိုရင် သခွားသီးတွေရဲ့ အနံ့ အရသာပေါ်မှာပါ သက်ရောက်မှုတွေ ရှိနိုင်တာ ဖြစ်ပါတယ်။ ဖရဲပင်တွေဆိုရင်လည်း သခွားပင်တွေလိုပဲ မြေပြင်မှာ ဖြန့်ကျက် ကြီးထွားတာဖြစ်ပြီး တူညီတဲ့ ပိုးမွှားတွေ ကျရောက်တာ ဖြစ်တဲ့အတွက် စိုက်ခင်းထဲမှာ အဖျက်ပိုးမွှားတွေ အများအပြား ကျရောက်နိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အထက်ဖော်ပြပါအပင်တွေကိုတော့ သခွားပင်တွေနဲ့ တွဲဖက်မစိုက်မိပျိုးဖို့ သတိပြုသင့်ပါတယ်။
ဇင်ထူးနိုင်
Ref: https://www.thespruce.com/
https://www.masterclass.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....