ကြက်ဥခွံက မြေဆီလွှာအတွက်ကောင်းကျိုးရှိသလား..
မီးဖိုချောင်ကနေ စွန့်ပစ်ပစ္စည်းအဖြစ် ထွက်ရှိလာတဲ့ ကြက်ဥခွံလေးတွေဟာ မြေဆီလွှာအတွက် ကောင်းကျိုးများစွာ ထောက်ပံ့ပေးနိုင်ပါတယ်။ မြေဆီလွှာထဲကို ကြက်ဥခွံလေးတွေ ထည့်ပေးခြင်းဖြင့် အပင်တွေအတွက် အာဟာရဓာတ်ရရှိပြီး ကျန်းမာသန်စွမ်းစေနိုင်သလို အဖျက်ပိုးအချို့ရဲ့ ဒဏ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင်မြေဆီလွှာရဲ့ မြေချဉ်/ငန်ကိန်းပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ကြက်ဥခွံလေးတွေကို သဘာဝအတိုင်း မြေပြင်မှာစိုက်ပျိုးတဲ့ အပင်တွေမှာရော အိမ်တွင်းအလှစိုက်အပင်တွေမှာ ထည့်ပေးနိုင်ပါတယ်။

စာရေးသူတို့အိမ်မှာဆိုရင် နှင်းဆီပင်၊ စံပယ်ပင်၊ သစ်ခွပင်နဲ့ အခြားအလှစိုက်အပင်တွေထဲကို ကြက်ဥခွံတွေ ချေပြီး မကြာခဏထည့်ပေးလေ့ရှိပါတယ်။ တကယ်လည်းအကျိုးရှိပါတယ်။ ဒါ့ကြောင့် စိုက်ခင်းထဲ (သို့မဟုတ်) ပန်းအိုးတွေထဲကို ကြက်ဥခွံထည့်ခြင်းရဲ့ အဓိက အကျိုးကျေးဇူး ၃ မျိုးကို မျှဝေပေးသွားပါမယ်။
၁။ အပင်အား ကျန်းမာသန်စွမ်းစေခြင်း
ကြက်ဥခွံတွေမှာ ကယ်လ်စီယမ်ကာဗွန်နိတ်လို့ခေါ်တဲ့ သတ္တုဓာတ်ပါဝင်ပြီး ၎င်းဓာတ်ဟာ အပင်တွေကျန်းမာသန်စွမ်းဖို့အတွက် ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင်၎င်းအာဟာရဓာတ်ဟာ အပင်ရဲ့ ဆဲလ်နံရံတွေကို တောင့်တင်းခိုင်မာအောင် ကူညီပေးပါတယ်။ လူသားတွေမှာဆိုရင်တော့ အရိုး အဆစ်တွေကို သန်မာအောင် ပြုလုပ်ပေးတဲ့ ပုံစံမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
ဒါ့အပြင် ကြက်ဥခွံမှာ ဖော့စဖောရပ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်း အနည်းငယ်ပါဝင်နေပါသေးတယ်။ ဖော့စဖောရပ်ဟာ အပင်ရဲ့ အမြစ်၊ အစေ့အဆန်၊ အပွင့်နဲ့ အသီး ဖြစ်ပေါ်မှုတွေကို အားပေးပါတယ်။ ပိုတက်စီယမ်ကတော့ အပင်ရဲ့ ပင်စည်တောင့်တင်းခိုင်မာဖို့နဲ့ ကြီးထွားရှင်သန်နိုင်ဖို့ အားပေးပါတယ်။
၂။ အဖျက်ပိုးကာကွယ်ပေးခြင်း
အကယ်၍ သင့်ရဲ့ စိုက်ခင်းတွေနဲ့ ပန်းအိုးတွေမှာ ခရုတွေ၊ ပက်ကျိတွေ ကျရောက်တတ်တယ်ဆိုရင် ၎င်းတို့ကို ကာကွယ်ဖို့ ကြက်ဥခွံကို ထည့်ပေးနိုင်ပါတယ်။ ကြက်ဥခွံရဲ့ စူးရှပြီး ကြွပ်ဆတ်တဲ့ သဘာဝကြောင့် ၎င်းအဖျက်ပိုးတွေ အပင်ဆီကိုလာရောက်ဖို့ ဟန့်တားပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကြက်ဥခွံတွေကို အပင်ခြေရင်းတစ်ဝိုက်မှာ ဖြန့်ပေးထားနိုင်ပါတယ်။
အပင်ကို အာဟာရဓာတ်ရရှိအောင် ကြက်ဥခွံ ထည့်တာဆိုရင်တော့ ကြိတ်ချေပြီးထည့်သင့်ပါတယ်။ ဒါပေမယ့် ခရုတွေ၊ ပက်ကျိတွေ ကျရောက်တတ်လို့ ကြက်ဥခွံထည့်တာဆိုရင်တော့ ကြိတ်ချေတာမျိုးမဟုတ်ဘဲ ၂ လက်မဝန်းကျင် အရွယ်အစားရှိတဲ့ ကြက်ဥခွံ အပိုင်းအစလေးတွေကို အပင်ပတ်လည်မှာ ချပေးနိုင်ရင် ပိုပြီးထိရောက်မှာ ဖြစ်ပါတယ်။
၃။ မြေချဉ်/ငန် ဓာတ်ကို ထိန်းညှိပေးခြင်း
ကြက်ဥခွံထည့်ပေးခြင်းရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ မြေဆီလွှာရဲ့ ချဉ်/ငန် ဓာတ်ကို ထိန်းညှိပေးတာဖြစ်ပါတယ်။ ၎င်းမှာပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်ဟာ မြေချဉ်/ငန်ကိန်း ပမာဏကို တိုးစေပါတယ်။ အပင်အများစုဟာ အက်စစ်ဓာတ်ဆန်တဲ့ မြေတွေမှာဆိုရင် ရှင်သန်ပေါက်ရောက်နိုင်ဖို့ ခက်ခဲကြပါတယ်။ ၎င်းအခြေအနေမှာ ကြက်ဥခွံထည့်ပေးခြင်းအားဖြင့် မြေချဉ်/ငန်ကိန်းကို ထိန်းညှိပေးနိုင်ပါတယ်။
အကယ်၍ သင်ဟာ ကြက်ဥခွံထည့်ခြင်းဖြင့် မြေချဉ်/ငန်ကိန်းအပေါ် သက်ရောက်မှုရှိမှာကို စိုးရိမ်တယ်ဆိုရင်တော့ ကြက်ဥခွံအမှုန့်တွေကို သောက်ပြီးသားကျန်ရှိတဲ့ ကော်ဖီအမှုန့်နဲ့ ရောစပ်ပြီး အပင်မှာ ထည့်ပေးနိုင်ပါတယ်။
ကြက်ဥခွံတွေကို နောက်ထပ် ဘယ်လိုပုံစံနဲ့ အသုံးပြုနိုင်သလဲ?
ကြက်ဥခွံတွေကို မြေဆွေးပြုလုပ်တဲ့အခါမှာ အခြားသော သဘာဝစွန့်ပစ်ပစ္စည်းများနဲ့အတူ ရောစပ်ထည့်သွင်းနိုင်ပါတယ်။ ကြက်ဥခွံမှာပါဝင်တဲ့ သတ္တုဓာတ်တွေဟာ တဖြည်းဖြည်းနဲ့ ပြိုကွဲသွားပြီး မြေဆွေးထဲမှာ အာဟာရဓာတ်တွေအနေနဲ့ ရရှိစေမှာဖြစ်ပါတယ်။ ကြက်ဥခွံတွေဟာ ပြိုကွဲဆွေးမြည့်ဖို့ အချိန်ယူရလေ့ရှိတာကြောင့် မြေဆွေးပြုလုပ်တဲ့အခါ ထည့်သွင်းမယ်ဆိုရင်တော့ ကြိတ်ချေပြီး ထည့်ပေးခြင်းဟာ အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ ကြက်ဥခွံအာဟာရဖျော်ရည်ပုံစံနဲ့ အသုံးပြုနိုင်ပါတယ်။
- ကြက်ဥခွံတွေကို သန့်စင်အောင် ရေဆေးပါ။
- ပြီးလျှင် လုံးဝခြောက်သွေ့အောင်ထားပါ။
- ပြီးလျှင် မှုန့်ညက်အောင် ကြိတ်ချေပါ။
- ခွက်တစ်တခုထဲသို့ အမှုန့်များကိုထည့်ပြီး ၎င်းပေါ်သို့ ဆူပွက်နေသော ရေနွေးလောင်းထည့်ပါ။
- ၎င်းအရည်ကို သာမန်အခန်းအပူချိန်ရောက်သည်အထိ မွှေပေးပါ။
- အေးသွားပြီဆိုလျှင် အရည်ကို စစ်ယူပြီး အပင်များကိုလောင်းနိုင်ပါတယ်။
- ကျန်ရှိတဲ့ ကြက်ဥခွံအပိုင်းအစများကိုတော့ မြေဆွေးလုပ်တဲ့အခါမှာထည့်နိုင်ပါတယ်။
အကယ်၍ သင်ဟာ စိုက်ပျိုးထားတဲ့ အပင်တွေကို မြေအသစ်လဲဖို့ မလုပ်နိုင်သေးဘူးဆိုရင် ဒီ ကြက်ဥခွံဖျော်ရည်လေးပြုလုပ်ပြီး လောင်းပေးထားမယ်ဆိုပါကလည်း အပင်အတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။
ဇင်ထူးနိုင်
Ref: http://www.picturethisai.com
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026