မိသားစုလယ်ယာ လုပ်ကိုင်ခြင်း
မိသားစုလယ်ယာ လုပ်ကိုင်ခြင်းသည် စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေးနှင့် သဘာ၀ပတ်၀န်းကျင်တို့ကို မိသားစုမှ စီမံခန့်ခွဲကာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ လုပ်အားခပေးရသည့် အလုပ်သမားတို့အပေါ် မှီခိုခြင်းမရှိဘဲ မိသားစု၏ လုပ်အားကိုသာ အဓိကမှီခိုအားထားကာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ခြင်းဖြစ်ပါသည်။ မိသားစုဖြင့် စိုက်ပျိုးရေးလုပ်သော တောင်သူလယ်သမားများသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အစားအစာအများစုကို ထုတ်လုပ်လေ့ရှိပြီး အာရှနှင့်အာဖရိကရှိ မြေဧရိယာစုစုပေါင်း၏ ၈၀% ကျော်ကို မိသားစုလယ်ယာ လုပ်ကိုင်ခြင်းအတွက် အသုံးပြုနေကြပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ မိသားစုလယ်ယာ လုပ်ကိုင်ခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အများဆုံးစိုက်ပျိုးသော ပုံစံတစ်ခုဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းရှိ လူဦးရေ ၁.၅ ဘီလီယံသည် မိသားစုလယ်ယာလုပ်ငန်းတွင် ပါ၀င်ပတ်သက်နေသည်ဟု ခန့်မှန်းရပါသည်။ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မိသားစုလယ်ယာမြေငယ်ပေါင်း သန်း ၅၀၀ ခန့်ရှိပြီး ၎င်းတို့အထဲမှ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့တွင် သန်း ၂၈၀ ရှိနေပါသည်။ မိသားစုလယ်ယာ နှင့်အသေးစားလယ်ယာလုပ်ငန်းတို့သည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုနှင့်လည်း ဆက်စပ်နေပါသည်။ မိသားစုလယ်ယာလုပ်ကိုင်ခြင်းတွင် တောင်သူတို့၏ ပိုင်ဆိုင်သော လယ်ကွက်အရွယ်အစား၊ ဝင်ငွေနှင့် စက်ပစ္စည်း အသုံးချနိုင်မှုတို့သည်လည်း အမျိုးမျိုးကွဲပြားပါသည်။ မိသားစုလယ်ယာ လုပ်ငန်းသည် လူမှုစီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ အခန်းကဏ္ဍများတွင် အဓိကကျနေပါသည်။
မိသားစုလယ်ယာ စိုက်ပျိုးခြင်း၏ သဘောတရားသည် အမျိုးမျိုး သတ်မှတ်နိုင်ပါသည်။ လူမှုဗေဒဆိုင်ရာ ရှုထောင့်မှကြည့်လျှင် မိသားစုလယ်ယာလုပ်ငန်းသည်စည်းလုံးညီညွတ်မှု၊ စဉ်ဆက်မပြတ်လုပ်ဆောင်မှုနှင့် ကတိကဝတ်များကဲ့သို့သောမိသားစုတန်ဖိုးများနှင့် ဆက်စပ်နေပါသည်။ မိသားစုလယ်ယာလုပ်ငန်းကို စီးပွားရေးဆိုင်ရာ ရှုထောင့်မှကြည့်လျှင် တိကျသော စီးပွားရေး စွမ်းဆောင်နိုင်မှု၊ စီးပွားရေးပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲနိုင်မှု၊ ရွေးချယ်စွန့်စားမှု စသည်တို့နှင့် ဆက်စပ်နေပါသည်။ မိသားစုလယ်ယာလုပ်ငန်းသည် ယုံကြည်မှုနှင့်ထုံးတမ်းအစဉ်အလာများ၊ လူနေမှုနှင့် အလုပ်အကိုင်အပေါ် အခြေခံ၍ တောင်သူလယ်သမားတို့၏ လူနေမှုဘဝပုံစံကို ထင်ဟပ်စေသောကြောင့် သာမန် လယ်ယာအလုပ် လုပ်ကိုင်ခြင်းထက်ပိုမို၍ အဓိပ္ပာယ်ရှိစေပါသည်။
မိသားစုလယ်ယာ လုပ်ကိုင်ခြင်း၏ အရေးပါပုံ
- ရိုးရာအစားအစာ ထုတ်ကုန်များကို ထိန်းသိမ်းထားပြီး အာဟာရမျှတသော အစားအစာများကို ထောက်ပံ့ရာတွင်လည်းကောင်း၊
- ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝအရင်းအမြစ်များကို ရေရှည်တည်တံ့အောင် ကာကွယ်စောင့်ရှောက်ရာတွင်လည်းကောင်း၊
- ဒေသတွင်းစီးပွားရေးကို မြှင့်တင်ရာတွင် အခွင့်အလမ်းတစ်ခုဖြစ်သောကြောင့်လည်းကောင်း၊
- ဆင်းရဲနွမ်းပါးသူများနှင့် ကျေးလက်နေ ပြည်သူများအတွက် အစားအစာနှင့် ၀ င်ငွေကို ရရှိစေသောကြောင့် လည်းကောင်း၊
- အမျိုးသားများ၊ အမျိုးသမီးများနှင့် လူငယ်များအတွက် ဆက်စပ်စီးပွားရေးလုပ်ငန်းများတွင် အလုပ်အကိုင်များ ဖန်တီးပေးခြင်းကြောင့်လည်းကောင်း၊
- ရေရှည်တည်တံ့သော စားနပ်ရိက္ခာထုတ်လုပ်မှုအတွက် လိုက်လျောညီထွေရှိမှုနှင့် ပိုမိုခံနိုင်ရည်ရှိမှုများကြောင့်လည်းကောင်း မိသားစုလယ်ယာ လုပ်ကိုင်ခြင်းသည် အရေးပါလျက်ရှိပါသည်။
မိသားစုလယ်ယာ လုပ်ကိုင်ခြင်း၏ စိန်ခေါ်မှုများ
- ရာသီဥတုပြောင်းလဲခြင်းနှင့် ဆိုးရွားလာခြင်း။
- ငွေကြေးအရင်းအမြစ်များ၊ သွင်းအားစုများ၊ နည်းပညာများနှင့် လေ့ကျင့်သင်ကြားမှုများတွင် အကန့်အသတ်ရှိခြင်း၊
- မြေယာနှင့် ရေလိုအပ်ချက် များခြင်း၊
- မြေပိုင်ဆိုင်မှုဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းခြင်းတို့ကြောင့် လုံခြုံမှုကင်းမဲ့ခြင်း၊
- သီးနှံများ စျေးနှုန်းမတည်ငြိမ်မှုနှင့် စျေးကွက်သို့လက်လှမ်းမီမှု နည်းပါးခြင်း စသည့် အခက်အခဲများလည်း မိသားစုလယ်ယာလုပ်ကိုင်ခြင်းတွင် ရှိနေပါသည်။
ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရရှိရန်အတွက် အသေးစားနှင့် အလတ်စားလယ်သမားများ၏ အရေးပါမှုကိုအသိအမှတ်ပြုရမည်ဖြစ်ပါသည်။ အထူးသဖြင့် စားနပ်ရိက္ခာဖူလုံရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်နှင့် သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှုတို့တွင် အသေးစားနှင့် အလတ်စားလယ်သမားများ၏ ပါ၀င်မှုများကို အသိအမှတ်ပြုရမည်ဖြစ်ပါသည်။ ကျေးလက်နေအမျိုးသမီးများနှင့် လူငယ်များအပါအ၀င် မိသားစုလယ်ယာလုပ်ငန်းကို ပိုမိုလုံခြုံစိတ်ချစွာ ရေရှည်လုပ်ကိုင်နိုင်ရန် အမြတ်အစွန်းနှင့် ဆွဲဆောင်မှုရှိသော အသက်မွေးဝမ်းကျောင်းမှုဖြစ်စေမည့် မူဝါဒအပြောင်းအလဲများကိုလည်း အားပေးရမည်ဖြစ်ပါသည်။ အသေးစားနှင့်အလတ်စားလယ်သမားများကို ၎င်းတို့၏စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်၊ စျေးကွက်နှင့်ချိတ်ဆက်ရန်၊ ဆင်းရဲနွမ်းပါးမှုနှင့် အားနည်းချက်များကို ကျော်လွှားနိုင်ရန် အထောက်အကူပြုစေမည့် အစီအစဉ်များလည်း ချမှတ်ရေးဆွဲနိုင်ရန် လိုအပ်ပါသည်။ မိသားစုလယ်ယာလုပ်ကိုင်သော လယ်သမားများအား ၎င်းတို့၏ မြေ၊ ရေ၊ ဇီ၀မျိုးကွဲများနှင့် အခြားသဘာဝသယံဇာတများကို ပိုမိုရေရှည်တည်တံ့သောနည်းလမ်းဖြင့် စီမံခန့်ခွဲရန်လည်း ပံ့ပိုးကူညီရမည် ဖြစ်ပါသည်။
ဇင်ထူးနိုင်
ကိုးကားချက်
-http://www.worldofscience.in/CT_Edtr.aspx?value=233
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Zaw Thura
လွန်ခဲ့သော ၅ နှစ် ကငရုတ်ပျိုးပင်တွေမသန်လို့ဘယ်လိုလုပ်ရမလဲဗျ
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026