သီးရောစိုက်ခြင်းက ပျားနဲ့ဝတ်မှုန်ကူးအင်းဆက်တွေကို ပိုဆွဲဆောင်နိုင်မလား
ကမ္ဘာတဝန်းမှာရှိနေတဲ့ လူဦးရေ ၈ ဘီလီယံကို စားနပ်ရိက္ခာ လုံလောက်စွာ ကျွေးမွေးနိုင်ဖို့အတွက်ဆိုရင် သီးနှံအများအပြား စိုက်ပျိုးထုတ်လုပ်ဖို့ လိုအပ်နေပါတယ်။ သို့ပေမဲ့လည်း တဖက်မှာတော့ သီးနှံတွေစိုက်ပျိုးထုတ်လုပ်နေခြင်းကြောင့် ဇီဝမျိုးစုံမျိုးကွဲတွေ ဆက်လက်ဆုံးရှုံးနေသလို သဘာဝပတ်ဝန်းကျင်ကိုလည်း ဆိုးရွားစွာ ထိခိုက်နေတာဖြစ်ပါတယ်။ အထူးသဖြင့် ပိုးသတ်ဆေးတွေနဲ့ အင်းဆက်သတ်ဆေးတွေဟာ အင်းဆက်ပိုးမွှားတွေအပေါ်မှာ ဆိုးရွားတဲ့သက်ရောက်မှုတွေ ရှိနေတာဖြစ်ပါတယ်။

စိုက်ပျိုးမြေအများစုမှာ ပန်းပွင့်တဲ့အပင်တွေကို စိုက်ပျိုးမှုနည်းပါးလာခြင်းဟာ ဝတ်မှုန်ကူးအင်းဆက်တွေ ကျဆင်းလာမှုကို ပိုဆိုးသွားစေတာ ဖြစ်ပါတယ်။ သို့ပေမဲ့ သီးနှံတမျိုးတည်း သို့မဟုတ် အခြားပုံစံနဲ့စိုက်ပျိုးတာထက် ပဲနဲ့ ဂျုံကဲ့သို့ သီးနှံတွေကို ရောနှောစိုက်ပျိုးလိုက်ရင်တော့ စိုက်ခင်းပတ်ဝန်းကျင်မှာ ပျားကောင်ရေ တိုးလာစေဖို့ အပံ့အပိုး ဖြစ်စေသွားမှာပါ။
ဂျာမနီနိုင်ငံ Gottingen တက္ကသိုလ်မှ သုတေသီတွေဟာ ဂျုံနဲ့ပဲ ရောနှောစိုက်ပျိုးထားတဲ့နေရာနဲ့ ပဲတစ်မျိုးတည်းစိုက်ပျိုးထားတဲ့နေရာတွေမှာ ရှိနေတဲ့ ရိုးရိုးပျားတွေနဲ့ ပျားရိုင်းတွေရဲ့ အရေအတွက်ကို ရေတွက်ကြည့်ခဲ့ကြပြီးတဲ့နောက်မှာ အထက်ဖော်ပြပါအခြေအနေကို သိရှိနားလည်ခဲ့ကြတာဖြစ်ပါတယ်။
“ပန်းပွင့်တဲ့ အပင်နည်းနည်းကို သီးနှံတွေနဲ့ ရောစိုက်ထားခြင်းဟာ သီးနှံတမျိုးတည်းစိုက်ပျိုးထားတဲ့ စိုက်ခင်းတွေထက် ပျားတွေ နည်းနည်းပိုပြီး မကြာမကြာ လာရောက်ကျက်စားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ကြပါတယ်” လို့ တက္ကသိုလ်ရဲ့ Functional Agrobiodiversity သုတေသနအဖွဲ့မှ PhD ကျောင်းသား Felix Kirsch က ဆိုပါတယ်။ “ဒါပေမဲ့ အံ့ဩစရာကောင်းတာကတော့ ဒီအချက်(ပန်းပွင့်တွေကြောင့်) ဟာ အဓိကကျတဲ့အချက်တော့ ဟုတ်မနေဘူးဆိုတာပါပဲ”
ဒါ့ကြောင့် အဆိုပါအခြေအနေအတွက် အကြောင်းရင်းများစွာ ရှိနိုင်တယ်လို့ သုတေသီတွေက သုံးသပ်ကြပါတယ်။
" ကျွန်တော်တို့ရဲ့ သီးနှံရောနှောပြီးစိုက်ပျိုးတဲ့အလေ့အထဟာ သီးနှံတစ်မျိုးတည်းစိုက်ပျိုးတာထက်ကို သိသိသာသာ နည်းပါးနေတာကြောင့် ပန်းပွင့်တဲ့အပင်တွေနဲ့ ရောနှောစိုက်ပျိုးခြင်းဆိုတဲ့ အချက်က ပိုပြီးမြင်သာသွားစေတာပါ။ သီးနှံတွေကို အချင်းချင်းရောနှောစိုက်ပျိုးထားတဲ့စိုက်ခင်းတွေဟာလည်း အလားတူပျားအမြောက်အများကို ဆွဲဆောင်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်” လို့ လေ့လာတွေ့ရှိချက်တွေကို ထုတ်ပြန်ကြေငြာလေ့ရှိတဲ့ သုတေသနအဖွဲ့မှ ပါရဂူဘွဲ့လွန်သုတေသီ Annika Haß က ပြောပါတယ်။
“ထပ်ဖြည့်ပြောရရင် သီးနှံတွေကို ရောစိုက်လိုက်ခြင်းအားဖြင့် မျိုးတူပဲပင်တွေအချင်းချင်းထက် အစာရေစာပြိုင်ဆိုင်မှု လျော့နည်းသွားတော့ ပျားတွေကို ပိုဆွဲဆောင်နိုင်မဲ့ ဝတ်ရည်နဲ့ ဝတ်မှုန်ထုတ်လုပ်နိုင်မှုတွေ ပိုကောင်းသွားစေတာပေါ့" လို့လည်း အပင်မျိုးမွေးမြူရေးဆိုင်ရာ သုတေသနအဖွဲ့ရဲ့ အကြီးအကဲ ပါမောက္ခ Wolfgang Link က ဆိုပါတယ်။
အစောပိုင်း သုတေသနပြုချက်များအရဆိုရင်လည်း သီးနှံစိုက်ခင်းတွေမှာ ပန်းမျိုးကွဲအစုံအလင်ရှိနေခြင်းဟာ ပျားနဲ့ ပျားပိတုန်းတွေအပြင် အခြားသော ဝတ်မှုန်ကူးအင်းဆက်တွေအတွက်ပါ အကျိုးဖြစ်ထွန်းနိုင်ချေရှိကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဂျုံနဲ့ပဲကို ရောနှောစိုက်ပျိုးခြင်းဟာ ပျားကဲ့သို့ ဝတ်မှုန်ကူးအင်းဆက်တွေရဲ့ အကောင်ဦးရေ တိုးလာအောင် ပံ့ပိုးကူညီပေးနိုင်တဲ့အပြင် သီးနှံစိုက်ပျိုးထုတ်လုပ်ရာမှာလည်း အခြားသောအားသာချက်တွေ ရှိနေတာဖြစ်ပါတယ်။ သီးနှံတစ်မျိုးတည်း စိုက်ပျိုးတာထက် ရောစပ်စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းတွေမှာ ပဲပင်တစ်ပင်ရဲ့ အထွက်နှုန်းက ပိုပြီးမြင့်မားတယ်လို့ ဂျာမန်သိပ္ပံပညာရှင်တွေက မှတ်ချက်ပြုပါတယ်။
ပဲတောင့်ရှည် ဒါမှမဟုတ် ပဲနီကလေးကဲ့သို့ ပဲအမျိုးမျိုးကို ပေါင်းထည့် စိုက်ပျိုးခြင်းအားဖြင့် သီးနှံတွေရဲ့ ဂေဟဗေဒစနစ်ကိုလည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါအခြေအနေဟာ သီးနှံစိုက်ပျိုးထားတဲ့မြေမှာ ပန်းပွင့်တွေပေါများလာစေဖို့အတွက် အဖိုးတန်တဲ့ ပံ့ပိုးကူညီမှုတစ်ခု ဖြစ်စေနိုင်ပြီး ဝတ်မှုန်ကူးမှု ကျဆင်းတာမျိုးတွေကိုလည်း တွန်းလှန်နိုင်တာကြောင့် ဖြစ်ပါတယ်” လို့ Annika Haß က အကြံပြုထားပါတယ်။
ဇင်ထူးနိုင်
Ref: https://www.sustainability-times.com/environmental-protection/a-mixture-of-crops-can-be-a-blessing-for-bees-and-other-pollinators/
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026