ဝတ်မှုန်ကူးတတ်တဲ့ ကျိုင်းကောင်ပိုးများ
ဝတ်မှုန်ကူးခြင်းလို့ ဆိုလိုက်ရင် ပျားပိတုန်းလေးများနဲ့ ငှက်ပိတုန်းလေးများကို အရင်ဆုံးမျက်စိထဲမြင်ယောင်လာတတ်ကြပါတယ်။ လန်းဆန်းစွာပွင့်ဖူးနေကြတဲ့ ပန်းမန်လေးတွေ အနားမှာတဝဲလည်လည် ရစ်ဝဲရင်း ပန်းပင်လေးများမျိုးပွားနိုင်ရန် တစ်တပ်တစ်အားအစွမ်းကုန် ကူညီပေးနေကြတဲ့ ပျားပိတုန်းလေးများနဲ့ငှက်ပိတုန်းလေးများဟာ သဘာဝရဲ့အလှဖန်တီးရှင်တွေပါ။
ထို့အတူပဲ ပျားပိတုန်းငှက်ပိတုန်းလေးတွေသာမကပဲ ကျိုင်းကောင် မျိုးစိတ်လေးများဟာလည်း ဝတ်မှုန်ကူးတဲ့အလုပ်ကို လုပ်ဆောင်ပေးကြပါတယ်။ အမှန်တကယ်တော့ ဤကမ္ဘာမြေပေါ်မှာ ပျားပိတုန်းမျိုးစိတ်များမပေါ်ပေါက်ခင်ကတည်းက ကျိုင်းကောင်မျိုးစိတ်များက ဝတ်မှုန်ကူးခြင်းဖြင့် သဘာဝအတွက် တာဝန်ထမ်းဆောင်နေခဲ့ကြပါတယ်။
ယနေ့အခါမှာတော့ ကျိုင်းကောင်များရဲ့ ဝတ်မှုန်ကူးနှုန်းဟာ ရှေးယခင်နှစ်များကလောက် မကျယ်ပျံ့တော့ပေမဲ့ ပျားပိတုန်း၊ ငှက်ပိတုန်းများ ရှားပါးသောနေရာများမှာတော့ ယနေ့တိုင်ဝတ်မှုန်ကူးခြင်းကို ကျေပွန်စွာ လုပ်ဆောင်နေဆဲပါပဲ။
အမှန်တကယ်ပင် ကျိုင်းကောင်လေးများဟာ ကမ္ဘာ့ပေါ်မှာ ပန်းပွင့်တဲ့အပင် မျိုးစိတ်ပေါင်း၂သိန်း၄သောင်းခန့်ကို ဝတ်မှုန်ကူးပေးနိုင်တယ်ဆိုတာ ယုံတမ်းစကားမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ အင်းဆက်အားလုံးရဲ့ ၄၀ရာနှုန်းက ကျိုင်းကောင်များ ဖြစ်ကြပြီး အဲ့ဒီအချက်ကပဲ ၎င်းတို့ဟာသဘာဝတရားကြီးရဲ့ တာဝန်ကျေပွန်သောဝတ်မှုန်ကူးသူများအဖြစ် ထင်ရှားစေပါတယ်။
ဒါပေမဲ့ သဘာဝတရားကြီးမှာလည်း အားနည်းချက်ရှိသည့်အတွက် ကျိုင်းကောင်မျိုးစိတ်များဟာ ပန်းပွင့်အားလုံးကို ဝတ်မှုန်မကူးပေးနိုင်ပါဘူး။ ပျားပိတုန်းများကဲ့သို့ ပန်းပွင့်များအနား တဝဲလည်လည်မနေနိုင်ကြသလို ငှက်ပိတုန်းများကဲ့သို့လည်း နှုတ်သီးချွန်ချွန် တွေမပါကြပါဘူး။ ကျိုုင်းကောင်မျိုးစိတ်များဟာ ခရာသဏ္ဍာန်ရှိတဲ့ပန်းပွင့်များနဲ့ ဝတ်မှုန်များသိသာစွာမပေါ်နေသော ပန်းပွင့်များကိုလည်း ဝတ်မှုန်မကူးပေးနိုင်ပါဘူး။ ကျိုင်းကောင်များဟာ ပျားပိတုန်များ၊ ငှက်ပိတုန်းများနဲ့မတူဘဲ ဝတ်မှုန်ကူးတဲ့အခါမှာ ပွင့်ဖတ်များကိုကိုက်ဖြတ်စားပြီး ပန်းပွင့်ပေါ်မှာဘဲ အညစ်အကြေးစွန့်တတ်ကြတဲ့ ညစ်ပတ်တဲ့ကောင်တွေ ဖြစ်ကြပါတယ်။
ကျိုုင်းကောင်များဝတ်မှုန်ကူးခြင်းကို အပူပိုင်းဒေသ၊ မိုးနည်းသည့်ဒေသများမှာ အတော်အတန်တွေ့ ရတတ်ပြီး သမပိုင်းဇုံရဲ့ အလှပန်းပင်တွေမှာလည်း အနည်းငယ်တွေ့ရတတ်ပါတယ်။ ကျိုင်းကောင်များဝတ်မှုန်ကူးနိုင်တဲ့ ပန်းပွင့်အများစုဟာ ပန်းကန်လုံး ပုံသဏ္ဍာန်များ ရှိကြပြီး ၎င်းတို့နားနိုင်ရန် ပန်းပွင့်ရဲ့မျိုးပွာအင်္ဂါများဟာ ပွင့်အာနေတတ်ကြပါတယ်။
ကဲအခုဆိုရင် ပျားပိတုန်းလေးများ၊ ငှက်ပိတုန်းလေးများသာမကဘဲ ကျိုင်းကောင်မျိုးစိတ်များဟာလည်း ဝတ်မှုန်ကူးပေးနိုင်ကြတာကို မကြားဖူးကြသူများ သိရှိသွားကြပြီထင်ပါတယ်။ ကျိုင်းကောင်မျိုးစိတ်လေးများဟာ တခါတလေမှာ စိုက်ပျိုးသီးနှံများကို ဖျက်ဆီးတတ်ကြပေမဲ့လည်း တခါတရံမှာလည်းသဘာဝတရားကြီးရဲ့ အလှဖန်ဆင်းရှင်ကြီးများအဖြစ်တည်ရှိနေကြတာကိုလည်း မေ့မထားသင့်ကြောင်း နှိုးဆွရင်း ဒီမှာပဲနိဂုံးချုပ်ပါရစေ။ ။
နန္ဒာအိလှိုင်
https://www.gardeningknowhow.com/garden-how-to/beneficial/beetles-and-pollination.htm
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from နန္ဒာအိလှိုင်
အားလုံး
ဓညင်းပင် မြေထုပ်စည်းနည်း
22/10/2020
ရှားစောင်းလက်ပတ်ရဲ့ ရေလိုအပ်ချက် နဲ့ မှန်ကန်စွာ ရေပေးခြင်း
01/10/2020
ထပ်ခါတလဲလဲပြန်ပွားနိုင်ပြီး အိမ်မှာအလွယ်တကူစိုက်ထားလို့ရတဲ့ မီးဖိုချောင်ရဲ့မရှိမဖြစ် ဟင်းသီးဟင်းရွက်လေးများ
24/09/2020
ဆားခါးကို အပင်အတွက်ဘယ်လိုအသုံးချကြမလဲ?
17/09/2020
ခရမ်းချဉ်သီးစိုက်ပျိုးရာမှာ မဖြစ်မနေရှောင်ရှားသင့်တဲ့ အလွဲအမှားများ
10/09/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....