ဆားခါးကို အပင်အတွက်ဘယ်လိုအသုံးချကြမလဲ?
အပင်ပြုစုစိုက်ပျိုးရာမှာ ဆားခါးကိုအသုံးပြုခြင်းက အထူးအဆန်းတော့မဟုတ်ပါဘူး။ ကျွန်ုပ်တို့ မိရိုးဖလာမှာ ဆားခါးကို ကျန်းမာရေးအတွက် ဆေးဖော်စပ်ရာမှာလည်းကောင်း၊ ဥယျာဉ်စိုက်ပျိုးရာမှာ အပင်အာဟာရအဖြစ်လည်းကောင်း အသုံးဝင်ကြောင်း ကျွန်ုပ်တို့ နားယဉ်ပြီးသားဖြစ်မှာပါ။ ကဲ ဆားခါးက အပင်အတွက် တကယ်ရောအသုံးဝင်ရဲ့လား ဆိုတာ ဆက်ကြည့်လိုက်ရအောင်!!!!!!
ဆားခါးက အပင်အတွက် ကောင်းရဲ့လား?
ဟုတ်ကဲ့။ ကောင်းပါတယ်လို့ပြောဖို့အတွက်ကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိပါတယ်။ ဆားခါး မှာ ရေဓာတ်ပြည့်ဝပြီး မက်ဂနီဆီယမ်၊ ဆာလ်ဖာ(ကန့်)ဓာတ်တွေပါဝင်တာကြောင့် အပင်ကိုသန်စွမ်းစေ ပါတယ်။ ပန်းပွင့်နှုန်းအားကောင်းစေပြီး အပင်ရဲ့အစိမ်းရောင် ရောင်ခြယ်ဖြစ်ပေါ်မှုကိုလည်း အားပေးရုံ သာမက အပင်အုံလည်းထူလာစေပါတယ်။
ဘာကြာင့်ဆားခါးကို အပင်တွေမှာ အသုံးပြုကြတာလဲ?
ဆားခါးမှာပါဝင်တဲ့ မက်ဂနီဆီယမ်ဓာတ်ဟာ အပင်အတွက်အရေးပါတဲ့ နှိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ် ဓာတ်တွေလို အာဟာရများကို လွယ်ကူစွာရယူစေပါတယ်။ အပင်အစာချက်ဖို့အတွက် လိုအပ်တဲ့ ကလိုရိုဖီးလ်(စိမ်းရောင်ခြယ်ဓာတ်)ဖြစ်ပေါ်မှုကိုလည်းအားပေးပြီး အပင်ရဲ့ပန်းပွင့် ပွင့်နိုင်စွမ်း နှင့် အသီးတင်နိုင်စွမ်းကိုလည်းအားပေးပါတယ်။ ဒါ့အပြင် စိုက်ပျိုးမြေမှာ မက်ဂနီဆီယမ်ဓာတ် ချို့ယွင်း ခဲ့ရင်လည်း ဆားခါးကိုအသုံးပြုပေးနိုင်ပါတယ်။ ဆားခါးက ဓာတုစိုက်ပျိုးရေးဆေးတွေလို အန္တရာယ်မများ တဲ့အတွက် ဆေးနှုန်းထားအနည်းအများကို ပူစရာမလိုပါဘူး။ မိမိကိုယ်တိုင် သင့်တော်သလို ချိန်ဆအသုံး ပြုနိုင်ပြီး စိတ်ချလက်ချအသုံးပြုနိုင်တယ်။ အဲ့ဒီအချက်တွေကြောင့်ပဲ အပင်တွေမှာ ဆားခါးကို အသုံးပြု ကြတာပေါ့။
ဆားခါးကို အာဟာရရည်အဖြစ် ဘယ်လိုပြုလုပ်သုံးစွဲကြမလဲ?
ဆားခါးကို ရေနဲ့ဖျော်စပ်ပြီး အာဟာရရည်အဖြစ် ရိုးရိုးရှင်းရှင်းပြုလုပ်သုံးစွဲနိုင်ပါတယ်။ အပင်တွေကို ရေပေးတဲ့အချိန်တွေမှာ ဆားခါးကို တစ်လတစ်ကြိမ်သော်လည်းကောင်း နှစ်ကြိမ်သော် လည်းကောင်းထည့်ဖျန်းပေးနိုင်ပါတယ်။ ဆားခါးကိုဖျော်စပ်ရာမှာလည်းသီးနှံပေါ်မူတည်ပြီး ဖော်မြူလာ အမျိုးမျိုးအသုံးပြုကြပါတယ်။ မိမိအဆင်ပြေရာကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဆားခါးကို အသုံးပြုတော့ မည်ဆိုလျှင် မိမိရဲ့စိုက်ပျိုးမြေကို မက်ဂနီဆီယမ် ချို့ယွင်းမှုရှိမရှိ ဆန်းစစ်ကြည့်ရင် ပိုကောင်းတာပေါ့။ ပြီးတော့ သတိထားရမဲ့အချက်က ဆားခါးက သီးနှံတိုင်းအတွက်အသုံးမဝင်ပါဘူး။ ပဲအမျိုးမျိုး၊ အရွက်စား ဟင်းသီးဟင်းရွက်တွေက မက်ဂနီဆီယမ်ဓာတ် မရှိလည်း ကောင်းကောင်းကြီးထွားနေနိုင်တဲ့အတွက် ၎င်း သီးနှံတွေမှာ ဆားခါးကိုအသုံးပြုဖို့မလိုပါဘူး။ ဒါပေမဲ့ နှင်းဆီ။ ခရမ်းချဉ်သီး၊ နဲ့ ငရုတ်ကောင်းတို့လို သီးနှံ မျိုးမှာတော့ မက်ဂနီဆီယမ်ဓာတ်အမြောက်အမြားလိုအပ်တာကြောင့် အဲဒီအပင်တွေမှာဆိုရင်တော့ ဆားခါးအာဟာရရည်ကိုသုံးပါလိမ့်။။။။။။
ဆားခါးကို ရေနဲ့ဖျော်လိုက်တဲ့အခါမှာ (အထူးသဖြင့် အရွက်ဖျန်းဆေးအဖြစ်အသုံးပြုတဲ့အခါ) အပင်က အလွယ်တကူအာဟာရဓာတ်ကို ပိုရရှိစေပါတယ်။ ယေဘုယျအားဖြင့် အပင်အများစုအတွက် အသုံးပြုနိုင်တဲ့အချိုးအစားကတော့ ရေ(၁)ဂါလံမှာ ထမင်းစားဇွန်း(၂)ဇွန်းစာ ရောစပ်ပြီး တစ်လတစ်ကြိမ် အသုံးပြုနိုင်ပါတယ်။ မကြာခဏ အသုံးပြုလိုလျှင်(ဥပမာ-တစ်ပတ်လျှင်တစ်ကြိမ်) ရေ(၁)ဂါလံမှာ ထမင်းစားဇွန်း (၁)ဇွန်းသာလျှင်ဖျော်စပ်ပါ။
နှင်းဆီပန်းမှာအသုံးပြုတဲ့အခါ ရေ(၁)ဂါလံမှာ လက်ဖက်စားဇွန်း(၁)ဇွန်းစာရောစပ်ပြီး နှင်းဆီပန်းရဲ့ ဆူးကိုင်း(၁)ပေမြင့်တိုင်း အသုံးပြုပေးနိုင်ပါတယ်။ နှင်းဆီပန်းအရွက်တွေထွက်တဲ့ နွေဦးအခါမှာလည်း အသုံးပြုပေးနိုင်သလို ပန်းပွင့်ပြီးနောက်ပိုင်းလည်း အသုံးပြုပေးနိုင်ပါတယ်။
ခရမ်းချဉ်နဲ့ ငရုတ်ကောင်းပင်တွေမှာ သုံးမယ်ဆိုရင်တော့ ရေ(၁)ဂါလံမှာ လက်ဖက်ရည်ဇွန်း(၁)ဇွန်း ရောစပ်၍သော်လည်းကောင်း၊ ရေနဲ့မရောစပ်ဘဲ အမှုန့်အနေဖြင့်သော်လည်းကောင်း ပျိုးပင်ရွှေ့စိုက်ချိန်၊ ပထမဦးဆုံးပန်းပွင့်ချိန်၊ နဲ့ အသီးတင်ချိန်တွေမှာ အသုံးပြုပေးနိုင်ပါတယ်။
ကဲ စာဖတ်သူတို့ရေ အခုဆိုရင် မိရိုးဖလာအရ ဆေးမှီးတိုအဖြစ်သိကြတဲ့ ဆားခါးဟာ အပင်အတွက်လည်း အကျိုးရှိပြီး အသုံးဝင်တယ်ဆိုတာ သိကြရောပေါ့။ အကယ်၍ မယုံခဲ့ရင်တောင် ဓာတုဆေးမဟုတ်တဲ့အတွက် စိတ်ချစွာလက်တွေ့အသုံးပြုကြည့်ပါ။ အကျိုးထူးတာကို တွေရပါလိမ့်မယ်။ ဆားခါးကို အပင်အတွက်အာဟာရအဖြစ်အသုံးပြုနိုင်လို့ တောင်သူတွေကြုံတွေ့ရတတ်တဲ့ စိုက်ပျိုးရေးဆေး ကုန်ကျစရိတ်ပြူနာကို တစ်ဖက်တစ်လမ်းကနေပြီး အနည်းငယ်ဖြေရှင်းပေးနိုင်တာပေါ့။
လက်တွေ့အသုံးချကြည့်ကြဖို့ တိုက်တွန်းရင်း ဆောင်းပါးကို ဒီမှာပဲ အဆုံးသတ်ပါရစေ။
နန္ဒာအိလှိုင်
https://www.gardeningknowhow.com/garden-how-to/soil-fertilizers/epsom-salt-gardening.htm
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ဆားခါး
ကိုညွန့်မောင်
လွန်ခဲ့သော ၁ နှစ် ကပဲအမျိုးမျိုးမှာသုံးမိရင်ဆိုးကြိုးရှိနှိုင်သလားခမျ
zwe htet
လွန်ခဲ့သော ၃ နှစ် ကနှမ်းပင်မှာလဲ သုံးရတယ်
အုန်းကျော်
လွန်ခဲ့သော ၃ နှစ် ကပြန်ဖြေပေးပါအုံး။ ဆေးတပုံးဆိုရင် ဘယ်လောက်ထိသုံးရမလဲ?
အုန်းကျော်
လွန်ခဲ့သော ၃ နှစ် ကဆားခါးကိုမတ်ပဲနဲ့ပဲတီစိမ်းတေမှာရောသုံးလို့ရလား။
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကဆားခါးကို စပါးခင်းကို အရွက်ဖျန်း အဖြစ် သုံလို့ရပါသလား ရလျှင် ဆေးဖျန်းပုံးတပုံးကို ဘယ်လောက်ထည့်ရပါသလဲ
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from နန္ဒာအိလှိုင်
အားလုံး
ဓညင်းပင် မြေထုပ်စည်းနည်း
22/10/2020
ရှားစောင်းလက်ပတ်ရဲ့ ရေလိုအပ်ချက် နဲ့ မှန်ကန်စွာ ရေပေးခြင်း
01/10/2020
ထပ်ခါတလဲလဲပြန်ပွားနိုင်ပြီး အိမ်မှာအလွယ်တကူစိုက်ထားလို့ရတဲ့ မီးဖိုချောင်ရဲ့မရှိမဖြစ် ဟင်းသီးဟင်းရွက်လေးများ
24/09/2020
ခရမ်းချဉ်သီးစိုက်ပျိုးရာမှာ မဖြစ်မနေရှောင်ရှားသင့်တဲ့ အလွဲအမှားများ
10/09/2020
ဝတ်မှုန်ကူးတတ်တဲ့ ကျိုင်းကောင်ပိုးများ
20/08/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....