အာလူးခွံတွေကို လွှင့်မပစ်ဘဲ အပင်တွေမှာ ပြန်သုံးကြည့်ရအောင်
သဘာဝစွန့်ပစ်ပစ္စည်းတွေကို အပင်နဲ့ စိုက်ခင်းတွေမှာ ပြန်လည်အသုံးပြုတဲ့ နည်းလမ်းတွေ လူကြိုက်များလာတာနဲ့အမျှ မီးဖိုချောင်က ထွက်ရှိတဲ့ ကြက်ဥခွံ၊ ကြက်သွန်ခွံ၊ ငှက်ပျောသီးခွံ၊ ကော်ဖီမှုန့်၊ ဟင်းသီးဟင်းရွက် စွန့်ပစ်ပစ္စည်း စတာတွေကို အပင်တွေမှာ ပြန်လည်အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို မျှဝေလာကြပါတယ်။
ထို့နည်းတူ နေအိမ်၊ ခြံဝန်းနဲ့ ပတ်ဝန်းကျင်ကနေ ရရှိနိုင်တဲ့ သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်၊ လွှစာ မှုန့်၊ အုန်းဆံခွံ၊ မြက်ပင်၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်း၊ အပင်စွန့်ပစ်ပစ္စည်း စတာတွေကိုလည်း သဘာဝမြေဩဇာအနေနဲ့ အပင်တွေမှာ ပြန်လည်အသုံးပြုလို့ရပြီး နည်းလမ်းအတော်များများကိုလည်း အပင်စိုက်ပျိုးသူတွေအနေနဲ့ သိရှိပြီးဖြစ်ပါတယ်။
စွန့်ပစ်ပစ္စည်းတွေထဲမှာမှ လူပြော သိပ်မများသေးတဲ့ မီးဖိုချောင်ထွက် သဘာဝစွန့်ပစ်ပစ္စည်းဖြစ်တဲ့ အာလူးခွံတွေကိုလည်း အပင်တွေမှာ ပြန်လည်အသုံးပြုလို့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာတော့ အာလူးခွံရဲ့ အားသာချက်တွေနဲ့ အသုံးပြုလို့ရမယ့် နည်းလမ်းအချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
အာလူးခွံရဲ့ အားသာချက်များ
အာလူးခွံတွေကို အော်ဂဲနစ်မြေဩဇာအနေနဲ့ ပြန်လည်အသုံးပြုမယ်ဆိုရင် အပင်တွေအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့မှာ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။
အဓိကအားဖြင့် ကစီဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်တွေ အများဆုံးပါဝင်နေတာဖြစ်ပြီး ဆိုဒီယမ်၊ ဖော့စဖောရပ်စ်၊ ကယ်လ်စီယမ် စတဲ့ဓာတ်တွေလည်း အနည်းငယ်စီပါဝင်နေတာ ဖြစ်ပါတယ်။ ပိုတက်စီယမ်ဓာတ်ဟာ အပင်တွေမှာ ရေနဲ့ အာဟာရဓာတ်တွေ သယ်ယူပို့ဆောင်ခြင်းကို လုပ်ဆောင်ပေးသလို ပိုးမွှားကျရောက်မှုနဲ့ ရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်ရှိစေတာ ဖြစ်ပါတယ်။
အာလူးခွံတွေကို အသုံးပြုခြင်းဖြင့် ကော်လိုရာဒို အာလူးကျိုင်း၊ ခရု၊ ပက်ကျိနဲ့ ကျောက်ပိုး (wireworm) တို့ကို ကာကွယ်ရာမှာလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
အာလူးခွံတွေကို မြေဩဇာအနေနဲ့ အသုံးပြုခြင်းဟာ ကုန်ကျစရိတ်သက်သာစေပြီး အန္တရာယ်လည်း ကင်းရှင်းစေနိုင်ပါတယ်။ ဒါ့အပြင် ရာသီဥတု ရုတ်တရက်အေးလာတဲ့ အခါမျိုးတွေမှာ အပင်တွေကို ကာကွယ်ပေးနိုင်စွမ်းရှိပြီး အမြစ်စနစ်ကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။
ပုံမှန်အသုံးပြုခြင်းဖြင့် မြေဆီဩဇာကောင်းမွန်စေပြီး မြေဆီလွှာရဲ့ လေဝင်လေထွက်ကိုလည်း တိုးစေမှာ ဖြစ်ပါတယ်။ သဘာဝပစ္စည်းဖြစ်တာကြောင့် မြေဆီလွှာထဲမှာရှိနေတဲ့ အကျိုးပြုပိုးမွှားတွေကိုလည်း ထိခိုက်မှုမရှိစေဘဲ ပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေမှုရှိတဲ့ ပစ္စည်းဖြစ်ပါတယ်။
နေလှန်းပြီး အသုံးပြုခြင်း
အာလူးခွံတွေကို အသုံးပြုတဲ့အခါ အတတ်နိုင်ဆုံး သန့်ရှင်းစွာ စုဆောင်းထားရှိပြီးမှ အသုံးပြုသင့်ပါတယ်။ အာလူးခွံတွေကို အပင်ခြေအနီးတဝိုက်မှာ တိုက်ရိုက်ကြဲပက်တာမျိုး မလုပ်သင့်ပါဘူး။ အဲ့ဒီလို လုပ်တာဟာ ကြွက်အပါအဝင် မလိုလားအပ်တဲ့ ပိုးမွှားတွေကိုပါ ဖိတ်ခေါ်ရာရောက်သလို အာဟာရဓာတ်တွေလည်း ဆုံးရှုံးနိုင်တာ ဖြစ်ပါတယ်။
နေလှန်းပြီး အသုံးပြုခြင်းဟာ သန့်ရှင်းပြီး လွယ်ကူတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သန့်ရှင်းစွာ စုဆောင်းထားတဲ့ အာလူးခွံတွေကို အရင်ဆုံး ရေနဲ့ ဆေးကြောပြီးတဲ့နောက် နေရောင် ကောင်းစွာရရှိတဲ့နေရာမှာ လှန်းပေးရပါမယ်။ နေရောင်ရရှိမှုအပေါ် မူတည်ပြီး ၃ ရက်လောက်ဆိုရင် ကောင်းစွာခြောက်သွေ့သွားမှာ ဖြစ်ပါတယ်။
ခြောက်သွေ့သွားပြီ ဆိုရင်တော့ ၎င်းအခွံခြောက်အတိုင်း အပင်ခြေမှာ ပုံပေးနိုင်သလို အခွံခြောက်တွေကို အမှုန့်ကြိတ်ပြီးတော့လည်း အပင်ခြေမြေဆီလွှာထဲ ထည့်ပေးလို့ ရပါတယ်။ အခွံခြောက်အတိုင်း အသုံးပြုပါက ဓာတ်ပြိုကွဲမှုနှေးပြီး အချိန်ကြာကြာ အာဟာရ ထောက်ပံ့ပေးနိုင်တဲ့ Slow release minerals အနေနဲ့ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ အမှုန့်ကြိတ်ပြီး အသုံးပြုမယ်ဆိုရင်တော့ လေလွင့်ဆုံးရှုံးမှုနည်းပြီး အပင်ကနေ အာဟာရဓာတ်တွေကို မြန်မြန်ရရှိစေမှာ ဖြစ်ပါတယ်။
မြေဆွေးပြုလုပ်ရာတွင် အသုံးပြုခြင်း
အော်ဂဲနစ်မြေဆွေး ပြုလုပ်တဲ့အခါမှာလည်း အာလူးအခွံတွေကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အာလူးခွံတွေကို ထည့်သွင်းအသုံးပြုခြင်းဖြင့် အပူဓာတ်များစွာကို ထုတ်လွှတ်ပေးနိုင်ပြီး အချဉ်ပေါက်တဲ့ ဖြစ်စဉ်ကို ပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ လတ်ဆတ်တဲ့ အာလူးအခွံတွေကို အသုံးပြုတဲ့အခါ အားနည်းချက်တစ်ခု ရှိပါတယ်။ အာလူးခွံတွေဟာ အခြားသော ဟင်းသီးဟင်းရွက် အကြွင်းအကျန်တွေ၊ အပင်တွေနဲ့ ပေါင်းစပ်တဲ့အခါမှာ မှိုတွေပေါက်ပွားနိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြေဆွေးပြုလုပ်ရာမှာ မလိုလားအပ်တဲ့ မှိုတွေ ရောဂါတွေ ပေါက်ပွားမှာကို ကာကွယ်ချင်တယ်ဆိုရင်တော့ အာလူးခွံတွေကို ရေနဲ့ပြုတ်ကာ ခြောက်သွေ့တဲ့အထိ အအေးခံပြီးမှ အသုံးပြုသင့်ပါတယ်။
ရေနဲ့ပြုတ်ပြီး ပြုတ်ရည်ကို အသုံးပြုခြင်း
ဒီနည်းလမ်းကတော့ အာလူးခွံတွေကို ရေနဲ့ ပွက်ပွက်ဆူအောင် တည်ပြီးတဲ့နောက် ရရှိလာတဲ့ အရည်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အာလူးခွံ ရရှိနိုင်တဲ့ပမာဏအပေါ် မူတည်ပြီး အနည်းအများမဆို ထည့်လို့ရပါတယ်။ အာလူးတွေကို ပုံမှန်အခွံအတိုင်း ပြုတ်နိုင်သလို့ အခွံတွေကို ကြိတ်စက်နဲ့ မှုန့်ညက်နေအောင် ကြိတ်ပြီးမှလည်း ပြုတ်နိုင်ပါတယ်။
အရင်ဆုံး အာလူး အခွံတွေကို ပြုတ်မယ့်အိုးထဲ ထည့်ရပါမယ်။ ရေကိုတော့ အခွံတွေရဲ့အပေါ် ၁ လက်မခန့်အထိ မြုပ်အောင် လောင်းထည့်ပေးရပါမယ်။ ရေထည့်ပြီးပါက သေချာမွှေပေးပြီး အပူချိန်ကို အလယ်အလတ်မှာ ထားရပါမယ်။ အနည်းဆုံး ၃၀ - ၄၅ မိနစ်အထိ ပြုတ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးပါက အခွံတွေကို ဆယ်ယူပြီး ကျန်ရှိတဲ့ အရည်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။
ရရှိလာတဲ့ အရည်ဟာ အရောင်အားဖြင့် တော်တော်လေး နောက်နေ (ရင့်နေ) သေးတယ်ဆိုရင်တော့ ရေအနည်းငယ် ထပ်ရောပြီး အသုံးပြုနိုင်ပါတယ်။ အာလူးအရည် ၁၀၀ ဂရမ်မှာ ပိုတက်စီယမ်ဓာတ် ၃၅၀ မီလီဂရမ်နဲ့ အထက် ပါဝင်နေပြီး အပင်တွေကို ပတ်ဝန်းကျင်ဖိစီးမှုဒဏ် (environmental stress) ခံနိုင်ရည်ရှိစေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အပင်တွေမှာ အာဟာရချို့တဲ့မှုကြောင့် ဖြစ်ပေါ်တတ်တဲ့ အညိုရောင် အစက်အပြောက်ဖြစ်တာမျိုး၊ အရွက်လောင်တာမျိုး၊ အရွက်ထိပ်ဖျားတွန့်လိပ်တာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ရေစိမ်ပြီး အသုံးပြုခြင်း
ဒီနည်းလမ်းမှာတော့ အာလူး ၅ လုံးခန့် (သို့မဟုတ်) ရနိုင်သလောက်ကို အခွံခွာပြီးနောက် ၎င်းအခွံတွေကို ပုလင်း (သို့မဟုတ်) ဗူးတစ်လုံးထဲမှာ အလုံပိတ်ကာ ရေနဲ့ ၁၀ - ၁၅ ရက် ကြာအောင် စိမ်ပေးထားရမှာ ဖြစ်ပါတယ်။ အခွံတွေကို အရွယ်အစား သေးသေးလေးတွေ ပိုင်းဖြတ်ပြီးမှ ရေစိမ်မယ်ဆိုရင်တော့ အရည်ရရှိဖို့ ပိုပြီးအချိန်မြန်စေမှာ ဖြစ်ပါတယ်။
အခွံတွေဟာ အချိန်ကြာလာတာနဲ့အမျှ မည်းလာပြီး ရေဟာလည်း အရောင်ပြောင်းလာမှာ ဖြစ်ပါတယ်။ သတ်မှတ်ရက် ပြည့်တဲ့အခါ အခွံတွေကို ဆယ်ယူပြီး အရည်ကို အပင်တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အာလူးရည်ကို ပုံမှန်ရေလောင်းသလိုမျိုး အပင်ခြေမှာ လောင်းနိုင်သလို အပင်တွေအပေါ်လည်း ပက်ဖျန်းပြီး အသုံးပြုနိုင်ပါတယ်။ သတိပြုရမယ့် အချက်ကတော့ အာဟာရဓာတ်တွေ ပါဝင်တယ်ဆိုပြီး အလွန်အကျွံ အသုံးမပြုမိဖို့ပဲ ဖြစ်ပါတယ်။
ပမာဏ များများကို မကြာခဏ အသုံးပြုမယ်ဆိုရင် အပင်တွေမှာ အမြစ်ပုပ်တာမျိုး အရွက်တွေဝါလာတာမျိုး တွေ့ရတတ်ပါတယ်။ ယေဘုယျအားဖြင့်တော့ အာလူးခွံတွေကို အပင်အမျိုးအစား အားလုံးမှာ အသုံးပြုနိုင်ပြီး အသင့်တော်ဆုံး သီးနှံတွေကတော့ ဖရဲ၊ သခွား၊ မုန်လာဥအဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီထုပ်၊ စတော်ဘယ်ရီ နဲ့ အိမ်တွင်းအလှစိုက်အပင်တွေ ဖြစ်ပါတယ်။
ဇင်ထူးနိုင်
Ref: https://flourishingplants.com/
https://gardenlux-en.designluxpro.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါ်တင်တင်ဦး
လွန်ခဲ့သော ၃ နှစ် ကအိမ်အလှစိုက်ပန်းတွေမှာ အရွက်တွေလောင်နေတာဆိုတော့ အာလူးပြုတ်ရေရွေးရမယ်ပေါ့နော့
ယုယုခိုင်
လွန်ခဲ့သော ၃ နှစ် က၈နာရီပန်းပင်တွေကိုရောလောင်းလို့ရလား အပင်ကသေလိုက်လာလို့
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....