အိမ်တွင်းအလှစိုက်အပင်တွေကို မိုးရေလောင်းပေးခြင်းရဲ့အကျိုးများ
အပင်တွေစိုက်ပျိုးတဲ့အခါ ဘယ်လိုပဲ လူတွေက ပြုစုစောင့်ရှောက်တယ်ပြောပြော ကျန်းမာသန်စွမ်းပြီး လှပတဲ့အပင်တွေ ရရှိနိုင်ဖို့အတွက် သဘာဝကနေပေးတဲ့ အရာတွေထက်တော့ သာလွန်ကောင်းမွန်တယ်ဆိုတာ မရှိနိုင်ပါဘူး။ ဒီအချက်ကို လက်ခံကြလိမ့်မယ်ထင်ပါတယ်။
အိမ်တွင်းအလှစိုက်ပင်တွေကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာတာနဲ့အမျှ ပြုစုစောင့်ရှောက်မှုတွေလည်း လိုအပ်လာပါတယ်။ အိမ်တွင်းအလှစိုက်ပင်တွေ စိုက်ပျိုးတဲ့အခါ အခြေခံအားဖြင့် သဘာဝနေရောင်ခြည်ရယ် သင့်တင့်တဲ့စိုထိုင်းဆရယ် ရရှိနေမယ်ဆိုရင် ကောင်းစွာရှင်သန်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အပင်စိုက်ပျိုးသူတွေအနေနဲ့ ပိုး၊ ရောဂါ ကျရောက်မှု ရှိ/မရှိ ပုံမှန် စစ်ဆေးတာ၊ မြေဩဇာကျွေးတာ၊ ရေလောင်းတာ၊ မြေလဲပေးတာ စသည်တို့ကိုလည်း ပြုလုပ်ကြရပါတယ်။
အဲ့ဒီလို သမရိုးကျလုပ်ဆောင်တာတွေအပြင် ကွဲပြားခြားနားပြီးတော့ အိမ်တွင်းအလှစိုက် အပင်တွေအတွက် အကျိုးကျေးဇူးရှိစေတဲ့ အချက်တစ်ချက်ကတော့ မိုးရေ လောင်းပေးတာပဲ ဖြစ်ပါတယ်။ မိုးရေဆိုတာ သဘာဝကပေးတဲ့ တန်ဖိုးရှိအရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။
သန့်စင်တဲ့ တွင်းရေဟာ အပင်တွေအတွက်ကောင်းမွန်တယ်လို့ ယူဆနိုင်ပေမယ့် မိုးရေမှာက တွင်းရေထက်ကို အားသာချက်တွေ များစွာရှိနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာ အိမ်တွင်းအလှစိုက်အပင်တွေအတွက် မိုးရေကနေပေးနိုင်တဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ ဓာတုအဆိပ်သင့်မှု နည်းပါးခြင်း
တွင်းရေဟာ ယေဘုယျအားဖြင့် သန့်စင်တယ်လို့ယူဆနိုင်ပေမယ့် အိမ်တွင်းအလှစိုက်အပင်အတွက် တော့ အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နိုင်ပါတယ်။
ဥပမာအနေနဲ့ ကျွန်ုပ်တို့အသုံးပြုနေတဲ့ ရေမှာ ကလိုရင်းနဲ့ ဖလိုရိုက်ဓာတ်တွေ ပါဝင်နေတဲ့အခါ လူတွေအတွက် အကျိုးရှိတာမှန်ပေမယ့် အိမ်တွင်းအလှစိုက်ပင် အများစုကတော့ ကလိုရင်းဓာတ် အဆိပ်သင့်မှုကို ခံနိုင်ရည်မရှိတာကြောင့် သတိပြုရမှာ ဖြစ်ပါတယ်။ အပင်တွေမှာ ကလိုရင်းဓာတ် အဆိပ်သင့်တဲ့အခါ အရွက်တွေရဲ့ ဘေးအနားသတ်တွေ လောင်တာမျိုး တွေ့ရတတ်ပါတယ်။ Dracaena မျိုးရင်းဝင် အပင်တွေ ဥပမာ - ဆင်စွယ်ဂမုန်း၊ ဇော်စိမ်းတို့အပြင် ပင့်ကူဂမုန်း (Spider Plant) တို့ဟာ ဖလိုရိုက်ဓာတ် အဆိပ်သင့်မှုကို ခံနိုင်ရည်မရှိဘဲ အရွက်တွေလောင်တာ၊ အရောင်ပျက်ပြယ်တာနဲ့ အစက်အပြောက်တွေ ပေါ်လာတာမျိုး တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တွင်းရေမှာ အိမ်တွင်းအလှစိုက်အပင်တွေ ကြိုက်နှစ်သက်ခြင်းမရှိတဲ့ ဆိုဒီယမ်ဓာတ်တွေလည်း ပါဝင်နိုင်ပါသေးတယ်။
မိုးရေမှာတော့ အထက်မှာ ဖော်ပြခဲ့တဲ့ ဓာတ်တွေပါဝင်မှု မရှိတာကြောင့် စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။
၂။ အောက်စီဂျင်ပါဝင်မှု များခြင်း
မိုးရေမှာ တွင်းရေထက်ကို အောက်စီဂျင်ပါဝင်မှု ပိုများပါတယ်။ အောက်စီဂျင်များခြင်းဟာ အပင်တွေရဲ့ အစာချက်လုပ်မှုနဲ့ အာဟာရဓာတ်တွေစုပ်ယူနိုင်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။ မိုးရေရဲ့ အကျိုးကျေးဇူးကတော့ ရေရှည်မှာအပင်တွေကို ကျန်းမာသန်စွမ်းစေပြီး အမြစ်တွေကိုပါ ပိုပြီးသန်မာစေမှာလည်း ဖြစ်ပါတယ်။
၃။ နိုက်ထရိတ်ပါဝင်မှု များခြင်း
မိုးရေမှာ အပင်ကြီးထွားဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေထဲက တစ်မျိုးဖြစ်တဲ့ နိုက်ထရိတ်ဓာတ်တွေ များစွာ ပါဝင်နေပါတယ်။ အပင်တွေဟာ နိုက်ထရိုဂျင်ဓာတ် လုံလောက်စွာမရရှိခဲ့ပါက အရွက်တွေစိမ်းလန်းဖို့နဲ့ အရွက်သစ်တွေထွက်ရှိဖို့အတွက် ခက်ခဲမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အိမ်တွင်းအလှစိုက်အပင်တွေကို မိုးရေလောင်းပေးမယ်ဆိုရင် သိသိသာသာစိမ်းလန်းစိုပြေပြီး ကြီးထွားသန်မာလာမှာ ဖြစ်ပါတယ်။
၄။ အက်စစ်ဓာတ်ပါဝင်ပြီး ချဥ်၊ ငံကိန်း ထိန်းညှိပေးခြင်း
မိုးရေမှာ အက်စစ်ဓာတ် အနည်းငယ်ပါဝင်ပြီး ချဥ်/ငံကိန်း အားဖြင့် ၇ ဝန်းကျင်ခန့် ရှိပါတယ်။ အပင်တွေအတွက် သင့်တော်တဲ့ ရေရဲ့ ချဥ်/ငံကိန်း ပမာဏကတော့ ၅.၅ ကနေ ၆.၅ အတွင်းပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ အသုံးပြုနေတဲ့ တွင်းရေနဲ့ မြေအောက်ရေအများစုရဲ့ ချဥ်/ငံကိန်း ပမာဏက ၈.၅ ကနေ ၁၀.၅ အထိရှိနေတတ်ပြီး ၎င်းပမာဏဟာ အပင်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အိမ်တွင်းအလှစိုက်အပင်တွေကို မိုးရေလောင်းပေးတဲ့အခါ ချဥ်/ငံကိန်း ထိန်းညှိပေးပြီး မြေထဲမှာရှိနေတဲ့ ဓာတုပစ္စည်းတွေကိုလည်း ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။
၅။ အနည်းလိုအာဟာရဓာတ်များ ရရှိစေနိုင်ခြင်း
မိုးရေမှာပါဝင်တဲ့ ကာဗွန်ဓာတ်တွေဟာ အပင်ရဲ့ပတ်ဝန်းကျင် မြေဆီလွှာထဲမှာရှိတဲ့ အနည်းလိုအာဟာရဓာတ်တွေကို အပင်တွေကရရှိအောင် ဖြိုခွဲပေးနိုင်ပါတယ်။ အထူးသဖြင့် ဇင့်၊ မဂ္ဂနိစ်၊ မဂ္ဂနီစီယမ်နဲ့ ကော့ပါးဓာတ်တွေ ရရှိစေနိုင်ပြီး ၎င်းဓာတ်တွေဟာ အပင်ကို လျင်မြန်စွာကြီးထွားလာအောင် ကူညီပေးနိုင်ပါတယ်။
ဇင်ထူးနိုင်
ကိုးကားချက် - https://www.bonasila.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
https://www.picturethisai.com/
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....