"မောင်းညို" ဆိုတာ.. (တောင်သူပညာပေးဆွေးနွေးပွဲအတွေ့အကြုံများ - ၉ )
စပါးရိတ်သိမ်းပြီးတာနဲ့ ဆောင်းသီးနှံဖြစ်တဲ့ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကြီး တို့ကို စိုက်ကြတော့မှာ ဖြစ်ပါတယ်။
စာရေးသူလည်း မကွေးတိုင်း၊ စလင်း၊ မင်းဘူးဒေသ ဧရာဝတီမြစ်နဘေး၊ မြေနုကျွန်းဒေသတွေကို တောင်သူဆွေးနွေးပွဲ ခရီးဆက်ခဲ့ပါတယ်။
- ငရုတ်နဲ့ စားတော်ပဲ စိုက်ကြတာများလို့...
- ငရုတ်ရွက်သေးထိုးရခြင်းအကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်ခြင်း၊
- ပဲ ရွက်စားပိုး၊ သီးလုံးဖောက်ပိုးများ ကာကွယ်နှိမ်နင်းနည်းများ
- ခါးရိ/ပင်ညှိုး ရောဂါ ကာကွယ်နှိမ်နည်းများ
- အသီးအပွင့် ကြွေရခြင်း ၊အသီးအရည်အသွေးမမီခြင်းရဲ့ အကြောင်းရင်းများနဲ့ ပြုစုနည်းများ
အကြောင်းတွေကို အသေးစိတ် ဆွေးနွေးဟောပြောဖြစ်ပါတယ်။
ဟောပြောပွဲမှာ..
တောင်သူတယောက်က မတ်တပ်ထပြီး
"မေးခွန်းတခု မေးပါရစေဆရာ.. စပါးရိတ်သိမ်းချိန်ကို မောင်းညိုချိန်မှာ ရိတ်ပါ" လို့ စိုက်ပျိုးရေးစာစောင်တွေမှာ တွေ့ရပါတယ်။
"မောင်းညိုဆိုတာ ဘာကိုဆိုလိုတာပါလဲ?... ဆိုပြီး.
ဟောပြောပွဲမေးမြန်းခန်းမှာ မေးလာပါကော။
စာရေးသူကလည်း စိုက်ပျိုးရေးသမားဆိုတော့ စိုက်ပျိုးရေးနည်းပညာနဲ့ပဲ ဖြေပေးလိုက်ပါတယ်။

မောင်းညိုဆိုတာ...
စပါးပင်အနှံထွက်ပြီး ရက် ၃၀ ကြာတဲ့အချိန်ကို ခေါ်ပါတယ်။
တနည်းအားဖြင့် စပါးနှံမှ အစေ့များဟာ ၈၀ - ၈၅ ရာခိုင်နှုန်း အဝါရောင်ပြောင်းလာတဲ့အချိန်ကို မောင်းညိုချိန်လို့ ခေါ်ပါတယ်.... လို့ ဖြေလိုက်တော့...
အဲဒါကို သိတယ်ဆရာ...
"ဟောဗျာ..ဒါဆို ဘာလိုသေးတုန်း..ဦးကြီးရဲ့" လို့ ဆိုမှ..
"မောင်းညို" ဆိုတဲ့ စကားလုံး အဓိပ္ပာယ်ကို သိချင်တာတဲ့ ဗျာ။
မထင်ထားတဲ့မေးခွန်း၊ မေးလေ့မေးထမရှိတဲ့မေးခွန်းဆိုတော့... စာရေးသူ ရုတ်တရက် ကြောင်သွားပါတယ်။
လျှပ်တပြက်အတွင်းမှာ မောင်းညိုအကြောင်းစဉ်းစားရင်း ရွာမှာ ရယ်စရာ ပြောကြတာလေး သတိ ရမိလိုက်သေးတယ်။
၇ ရက် တရားစခန်းက ပြန်လာတဲ့ ယောက်ျားဖြစ်သူကို မိန်းမက မေးသတဲ့။
"ကိုအဝှာ(ယောကျားကို မိန်းမက ချစ်စနိုးခေါ်ခြင်း)..
၃၂ ကောဌာသ ဆိုတာ ဘာလဲဟင်" လို့ ကောက်ကာငင်ကာ မေးလိုက်ရော...
ယောက်ျားဖြစ်သူကလည်း ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို ဗြုန်းစားကြီး မေးခံရတော့မပြောတတ်ဘူးပေါ့..
မသိဘူး ပြောရင်လည်း တရားစခန်းပြန်ခါစ သိက္ခာကျမှာစိုးတော့..
မိန်းမကို ရုတ်တရက် သိုင်းဖက်ပြီးသကာလ..
တိုးတိုးလေး အနားကပ်ပြောလိုက်သတဲ့။
" မိန်းမရေ... မှတ်ထား.. ၃၂ ကောဌာသဆိုတာ ၃၂ ခါ ကွတ်တာကို ခေါ်တယ်ကွဲ့" တဲ့ဗျား...
စာရေးသူလည်း..စိတ်ထဲကနေပြီး "မောင်းညို" ဆိုတာ..မောင်းတဲ့နေရာ ညိုနေတာကိုခေါ်တယ်"လို့ တွေးရင်း ပြုံးမိသွားတယ်။
ပြီးမှ တဖြည်းဖြည်းစဉ်းစားလိုက်ပြီး..
မြတ်စွာဘုရားရဲ့ ရောင်ခြည် ၆ သွယ်မှာ ညိုမောင်းသော ရောင်ခြည်တော်ကို သတိရမိတယ်။..
မောင်းညိုဆိုတာ... ညိုမောင်းဆိုတဲ့ ပေါရာဏစကားလုံး ဖြစ်နိုင်ကြောင်း....
နောက်ပြီး...မြန်မာအဘိဓာန်မှာ ရှာကြည့်လိုက်တော့...
မောင်းညို ဆိုတာ...
ညိုမောင်း(စုပေါင်းနာမ်)
ညိုမောင်း(နာမဝိသေသန)+ ညို(နာမဝိသေသန)=
"စပါးရင့်မှည့်ကာစအချိန် ဖြစ်ပေါ်လာသော မှိုင်းညိုသည့်အရောင်"
လို့ဖော်ပြထားပါတယ် ဗျာ။
ကဲ..ဦးကြီးရေ...
ဒီလောက်ဆို မောင်းညိုအကြောင်း သဘောပေါက်နားလည်မယ်လို့ ယုံကြည်ပါတယ်။
တောင်သူဦးကြီးများ...ဘေးဘယာဝေးကွာပြီး... ကျန်းမာချမ်းသာကြပါစေ..
စေတနာများစွာဖြင့်..
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စိုက်ပျိုးဗဟုသုတ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ကိုဇော်ဇော်
လွန်ခဲ့သော ၃ နှစ် ကမှတ်သားလောက်ပါတယ်ဗျာ။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....