စတော်ဘယ်ရီသီးတွေ သေးရတဲ့အကြောင်း..
စတော်ဘယ်ရီဆိုတာ လူကြိုက်များတဲ့ အသီးတစ်မျိုးဖြစ်ပြီး အစားအသောက်တွေထဲမှာ ပုံစံမျိုးစံနဲ့ ထည့်သွင်းပြုလုပ် စားသုံးကြတာ ဖြစ်ပါတယ်။ တခါတရံ ဈေးနဲ့ကုန်တိုက်တွေမှာရောင်းချနေတဲ့ စတော်ဘယ်ရီသီးတွေနဲ့ ကျွန်တော်တို့စိုက်ခင်းထဲမှာ ရှိနေတဲ့ စတော်ဘယ်ရီသီးတွေရဲ့ အရွယ် အစားက သိသိသာသာ ကွာခြားနေတာမျိုး သတိထားမိလိမ့်မယ် ထင်ပါတယ်။

စတော်ဘယ်ရီသီးရဲ့ အရွယ်အစားသေးငယ်တဲ့ ပြဿနာဟာ စိုက်ပျိုးနေတဲ့ တောင်သူအတော်များများ မကြာခဏကြုံတွေ့ရလေ့ရှိတဲ့ အခြေအနေတစ်ခုပါ။ အရွယ်အစားကွာခြားတာနဲ့အမျှ ရောင်းချရာမှာ ဈေးနှုန်းရရှိမှုကလည်း ကွာခြားသွားမှာဖြစ်တာကြောင့် ဒီလက္ခဏာဟာ အရေးပါပြီး အမှန်တကယ် ဂရုပြုရမယ့်အချက် ဖြစ်ပါတယ်။ ဒါဆိုရင် စတော်ဘယ်ရီတွေကို အရွယ်အစား သေးငယ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်နိုင်မလဲ၊ အဲ့ဒါတွေကို ပြုပြင်ကိုင်တွယ်လို့ရော ရနိုင်မလား ဆိုတာကို ယခုဆောင်းပါးမှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
အပူဒဏ် (Heat Stress)
သီးနှံတွေမှာ ဖိစီးမှု၊ ဒဏ် (Stress) ခံရတာမျိုးတွေဆိုတာ ရှိတတ်ပါတယ်။ ဥပမာအနေနဲ့ သခွားပင်တွေမှာ အပူဒဏ် (Heat Stress) ခံရတာ များတဲ့အခါ အခါးဓာတ်ကို ထုတ်ပေးပြီး သခွားသီးတွေ ခါးလာတာမျိုး ဖြစ်ပါတယ်။
စတော်ဘယ်ရီပင်တွေဟာလည်း အပူဒဏ်ခံရတာများတဲ့အခါမှာ ကြီးထွားဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပြီး အသီးတွေရဲ့ အရွယ်အစားပေါ် သက်ရောက်မှုရှိတာ ဖြစ်ပါတယ်။ အပင်တွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ဒဏ် (Stress) တွေဟာ ရာသီဥတုနဲ့ အများဆုံး ဆက်စပ်မှုရှိတာဖြစ်လို့ ထိန်းချုပ်ရတာတော့ ခက်ခဲနိုင်ပါတယ်။ ဒီလိုမျိုး အပူဒဏ်ခံရမှုဟာ စတော်ဘယ်ရီလို သမပိုင်းရာသီဥတုကို ကြိုက်နှစ်သက်တဲ့ သီးနှံတွေအတွက်တော့ အများဆုံးဖြစ်လေ့ရှိတဲ့ လက္ခဏာတစ်ခုပါ။ ဒါ့ကြောင့် မိမိဒေသရဲ့ အပူချိန်ပေါ်မူတည်ပြီး အပူဒဏ်ကို ခံနိုင်ရည်ရှိတဲ့ မျိုးတွေစိုက်ပျိုးဖို့၊ ဆောင်းရာသီမှာ စိုက်ပျိုးဖို့ စဉ်းစားသင့်ပါတယ်။ နောက်ပြီး အပင်ခြေရင်းမှာ ကောက်ရိုး၊ သစ်ရွက်ခြောက် စတာတွေ ဖုံးပေးခြင်းဖြင့် အပူဒဏ်ကို အထိုက်အလျောက် ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။
အအေးဒဏ် (Cold Stress)
စတော်ဘယ်ရီပင်တွေဟာ အအေးဒဏ် (Cold Stress) ခံရတဲ့ အခါမှာလည်း ပန်းပွင့်နှုန်း ကျဆင်းသွားတာ၊ အသီးတွေ သေးငယ်သွားတာနဲ့ အထွက်နှုန်းလျော့သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် နေ့အချိန်မှာပါ အအေးဒဏ်ကို ခံရမယ်ဆိုရင် အင်းဆက်တွေ ဝတ်မှုန်ကူးခြင်းနဲ့ အခြားသော ပြဿနာများပါ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ အအေးဒဏ်ခံရလေ့ရှိတဲ့ နေရာတွေမှာ စိုက်ပျိုးမယ်ဆိုရင်တော့ အမိုးအကာတွေ ပြုလုပ်ပြီး စိုက်ပျိုးတာ ပိုသင့်တော်ပါတယ်။ ဒါပေမဲ့ နေ့ခင်းဘက်မှာ အင်းဆက်တွေ ဝတ်မှုန်ကူးနိုင်ဖို့အတွက် အလွယ်တကူ ဖြုတ်ယူဖယ်ရှားနိုင်တဲ့ အမိုးအကာတွေဖြစ်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။
ရေမလုံလောက်ခြင်း
မိုးနည်းတဲ့ ဒေသတွေမှာ စတော်ဘယ်ရီစိုက်ပျိုးမယ်ဆိုရင် ရေများများပေးနိုင်ဖို့က အရေးကြီးပါတယ်။ စတော်ဘယ်ပင်ဟာ သဘာဝအရ ခြောက်သွေ့မှုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ အပင်ဖြစ်ပေမဲ့ အရွယ်အစားကြီးမားတဲ့ စတော်ဘယ်ရီသီးတွေ ရရှိချင်တယ်ဆိုရင်တော့ မြေဆီလွှာကို လုံးဝ ခြောက်သွေ့မသွားစေဖို့ သတိပြုရမှာဖြစ်ပါတယ်။ ရေရရှိမှု မလုံလောက်တဲ့အခါမှာ အသီးတွေ ကြုံလှီပြီး ရှုံ့တွလာတာမျိုး တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ရေကို အလေအလွင့်မရှိဘဲ အသုံးချချင်တယ်ဆိုရင်တော့ အစက်ချရေပေးသွင်းတဲ့ စနစ်မျိုးကို စဉ်းစားသင့်ပါတယ်။ ဒါ့အပြင် ကောက်ရိုး၊ သစ်ရွက်ခြောက်၊ မြက်ခြောက် စတာတွေကို အသုံးပြုပြီးတော့လည်း အစိုဓာတ်ထိန်းပေးထားနိုင်ပါတယ်။
မြေဩဇာပြဿနာ
စတော်ဘယ်ရီသီးတွေ သေးတယ်ဆိုတာ မြေဩဇာနည်းလွန်းခြင်း၊ များလွန်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာအနေနဲ့ နိုက်ထရိုဂျင်ဓာတ်တွေ များလွန်းတဲ့အခါ အပင်ပိုင်းကြီးထွားမှု အားကောင်းသွားပြီး ပန်းပွင့်နဲ့ အသီးဖြစ်ပေါ်မှုမှာ အားနည်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ နိုက်ထရိုဂျင်ဓာတ် နည်းတဲ့အခါမှာလည်း အပင်ဟာ အရွက်နဲ့ အဖူးတွေဖြစ်ပေါ်လာဖို့ စွမ်းအင်မလုံလောက်တာမျိုး ဖြစ်နိုင်ပါတယ်။
နောက်ပြီး စတော်ဘယ်ရီဟာ နွေဦးလိုအချိန်မျိုးမှာ အာဟာရဓာတ် အများဆုံးလိုအပ်တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အာဟာရဓာတ် အလုံအလောက်မရှိရင် အသီးထွက်ရှိဖို့ အခက်အခဲဖြစ်နိုင်ပြီး ထွက်ရှိလာခဲ့ရင်လည်း သေးငယ်တဲ့ အသီးတွေကိုပဲ ပမာဏအနည်းငယ် ရရှိနိုင်မှာ ဖြစ်ပါတယ်။ စတော်ဘယ်ရီပင်တွေကို မြေဩဇာကျွေးတဲ့အခါ အာဟာရဓာတ်တွေကို ဖြေးဖြေးချင်း ထုတ်လွှတ် ပေးတဲ့ သဘာဝမြေဩဇာ (Slow-release organic fertilizer) တွေကို အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် သဘာဝမြေဆွေး ပြုလုပ်ပြီးတော့လည်း စတော်ဘယ်ရီပင်တွေမှာ ထည့်ပေးခြင်းဖြင့် အာဟာရဓာတ်မျိုးစုံကို အညီအမျှရရှိစေမှာ ဖြစ်ပါတယ်။
အပင်သက်တမ်း
စတော်ဘယ်ရီဟာ အပင်သက်တမ်းကြာလာတာနဲ့အမျှ အပင်သားတက် (Runner) တွေထွက်ရှိလာမှာ ဖြစ်ပြီး အပင်ငယ်လေးတွေ ထပ်မံပေါက်လာမှာဖြစ်ပါတယ်။ အပင်ပိုင်းကြီးထွားဖို့ အားယူရတာနဲ့အမျှ တဖြည်းဖြည်းနဲ့ အထွက်နှုန်းနည်းကာ အသီးတွေလည်း သေးငယ်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စတော်ဘယ်ရီစိုက်ပျိုးတဲ့သူတွေအနေနဲ့ ကြီးမားတဲ့အသီးတွေ ရရှိဖို့နဲ့ အထွက်နှုန်းကောင်းဖို့အတွက် နှစ်စဉ် အပင်တွေကို ဖယ်ရှားပြီး ပင်မ အမြစ်ဆုံ (Crown) ကနေ ပြန်လည်စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ တချို့ကတော့ ၂ - ၃ နှစ်လောက်ထားပြီးမှ အသစ်ပြန်လည်စိုက်ပျိုး ကြတာလည်း ရှိပါတယ်။
ပေါင်းပြဿနာ
ပေါင်းမြက်တွေရှိနေခြင်းဟာလည်း စတော်ဘယ်ရီပင်ရဲ့ ကြီးထွားမှုကို ဟန့်တားနိုင်ပြီး အသီးအရွယ်အစားပေါ်မှာလည်း သက်ရောက်မှုရှိနိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စတော်ဘယ်ရီစိုက်ခင်းတွေမှာ သဘာဝနည်းလမ်းတွေကို အသုံးပြုပြီးတော့ ပေါင်းမြက်တွေကို ပုံမှန်ရှင်းလင်းပေးသင့်ပါတယ်။
ဝတ်မှုန်ကူးခြင်း ပြဿနာ
စတော်ဘယ်ရီသီး အပါအဝင် အချို့သော သီးနှံတွေမှာ မကြာခဏတွေ့ရလေ့ရှိတဲ့ အသီး အရွယ်အစားသေးငယ်တာ၊ အသီးပုံပျက်နေတာမျိုးတွေဟာ ဝတ်မှုန်ကူးပေးတဲ့ အင်းဆက်တွေ အလုံအလောက်မရှိခြင်းရဲ့ ရလဒ်ဖြစ်ပါတယ်။
အထူးသဖြင့် ရာသီဥတုတွေ ဆိုးရွားလာခြင်းတွေကြောင့် ဝတ်မှုန်ကူးခြင်းအပေါ်မှာ သက်ရောက်မှုတွေ ရှိလာတာဖြစ်ပါတယ်။ ဝတ်မှုန်ကူးခြင်း မလုံလောက်တဲ့အခါ အသီးအရွယ်အစား ကြီးလွန်း၊ သေးလွန်းတာမျိုးတွေလည်း ဖြစ်တတ်ပြီး တစ်ခါတရံ ထူးဆန်းတဲ့ ပုံပန်းသဏ္ဌာန်များပါ ထွက်ပေါ်လာတတ်ပါတယ်။ ဒီပြဿနာတွေကို အထိုက်အလျောက် ဖြေရှင်းနိုင်ဖို့ စတော်ဘယ်ရီပင်တွေနဲ့ တွဲဖက်ပြီးစိုက်ပျိုးနိုင်သလို အကျိုးပြုအင်းဆက်တွေ လာရောက်ကျက်စားအောင် ဆွဲဆောင်နိုင်မဲ့ အပင်တွေကို စိုက်ပျိုးထားသင့်ပါတယ်။
(ဥပမာ - စမုန်ဖြူ၊ စမုန်စပါး၊ တောင်ကြာကလေး၊ ထပ်တရာပန်း)
ဇင်ထူးနိုင်
Ref: https://www.allaboutgardening.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Win Zaw Htay
လွန်ခဲ့သော ၁ လ ကပျားမွေးထားရင်ရော အဆင်ပြေနိုင်ပါသလား
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....