အစိမ်းရောင်လမ်း
မိုးများမှုကြောင့် ခရမ်း၊ ခရမ်းချဉ် သီးပွင့်ပုပ်ပြဿနာ ဘယ်လိုဖြေရှင်းမလဲ..

မိုးများမှုကြောင့် ခရမ်း၊ ခရမ်းချဉ် သီးပွင့်ပုပ်ပြဿနာ ဘယ်လိုဖြေရှင်းမလဲ..

ဆရာ.ဒို့ဦးလေးရှင့် သမီးတို့ ကရင်ပြည်နယ်မှာ မိုးတွေဆက်တိုက်ရွာတော့ ခရမ်းသီးကင်းလေးတွေ ပုပ်တယ်၊ အပွင့်တွေလည်း ပုပ်တယ်ဆရာ.. အဲဒါ ဘယ်လိုလုပ်ရမလဲ ဖြေကြားပေးပါ..ဆိုပြီး..

အထက်ပါမေးခွန်းကို မက်ဆင်ဂျာမှတဆင့် မေးလာပါတယ်..

မြန်မာနိုင်ငံ ကယား၊ ကရင်၊ မွန်၊ ပဲခူး၊ ရခိုင်၊ ဧရာဝတီဒေသတွေမှာလည်း မိုးများ ဆက်တိုက်ရွာသွန်းနေလို့ ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့ ကြားသိရပါတယ်။

ဒါကြောင့် ဒီမေးခွန်းကို  အစိမ်းရောင်လမ်း စာဖတ်သူအများသိရအောင် စာတပုဒ်အဖြစ် ကောက်နုတ်ဖြေကြားရင်း ရေးသားတင်ပြရခြင်းဖြစ်ပါတယ်။

မေးခွန်းပါအကြောင်းအရာကို မဖြေကြားမီ ခရမ်းပင်ရဲ့ သူကြိုက်နှစ်သက်တဲ့ ရေမြေရာသီဥတု အနေအထားလေးကို အရင်ပြောပြထားပါရစေခင်ဗျ။

ခရမ်းကြိုက်တဲ့ ရာသီဥတု - ပူနွေး၊ စိုစွတ်သောရာသီဥတု

(solanaceous ဟင်းသီးဟင်းရွက်အားလုံးထဲမှာ ခရမ်းဟာ ဆီးနှင်းဒဏ်၊ အပူချိန် နိမ့်ခြင်း/မိုးအုံ့ချိန် ကြာခြင်းတို့ကို အကြောက်ဆုံးပါ။)

အပူချိန် 25-27°C ရှိသော ပူနွေးသောရာသီမှာ ကြီးထွားမှုအကောင်းဆုံးဖြစ်ပါတယ်။

(နေ့အပူချိန် 35°C အောက်နှင့် ညအပူချိန် 16°C အထက်တွင် အကောင်းဆုံးဖြစ်ပြီး စိုထိုင်းဆ နည်းခြင်းနှင့် အပူချိန်မြင့်မားခြင်းသည် ပန်းပွင့်များ သန္ဓေပျက်ခြင်းနှင့် အသီးအနှံများ ညံ့ဖျင်းခြင်းတို့ကို ဖြစ်စေနိုင်သည်။)

မိုးရေချိန် 600-1000 မီလီမီတာ ( 25-40 လက္မ)  ရှိသော ဒေသများတွင် ကောင်းစွာဖြစ်ထွန်းသည်။ (25mm = 1 inch)

(အထူးသဖြင့် ပန်းပွင့်ချိန်နှင့် အသီးကင်းဝင်ချိန်အတွင်း မိုးအလွန်အကျွံရွာသွန်းမှုကို မခံနိုင်ပါ။

မိုးအလွန်အကျွံ ရွာသွန်းခြင်းသည် အပွင့်များ၊ အသီးများပုပ်ခြင်းကို ဖြစ်စေပါသည်)

Ref; www.ikisan.com/tn-brinjal-soils-and-climate.

#ခရမ်းသီးကင်းနဲ့ အပွင့်တွေ ဘာကြောင့်ပုပ်ရတာလဲ?

ခရမ်းသီးမှမဟုတ်ပါဘူး၊ အပွင့်အသီးဝင်ချိန် မိုးများရင် ရုံးပတီ၊ ငရုတ်၊ ခရမ်းချဥ်၊ ဘူး၊ ဖရုံ၊ သခွား အားလုံး အပွင့်အသီးလေးတွေ ပုပ်တတ်ပါတယ်။

စုပ်စားပိုး၊ ကိုက်စားပိုး ဒဏ်ရာမှတဆင့် ဖြစ်စေ..

မှိုရောဂါတမျိုးမျိုးကျရောက်နေရင်ဖြစ်စေ..

ပိုးသတ်ဆေး၊ မှိုသတ်ဆေးပြင်းပြင်းဖျန်းထားလို့ဖြစ်စေ.. ယူရီးယား၊ အပင်ဟော်မုန်း ဖျန်းထားလို့ စတို မာအပေါက်များ ကျယ်ပြန့်နေရင်ဖြစ်စေ..

ဒဏ်ရာ၊ စတိုမာများမှတဆင့် မိုးရေဝင်ရောက်ပြီး အပွင့် အသီးပုပ်စေပါတယ်။

#ဘယ်လိုကြိုတင်ကာကွယ်သင့်ပါသလဲ?

  • မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေအရဆိုရင် ရှမ်း၊ ကယား၊ မွန်၊ ကရင်၊ ရန်ကုန်၊ ပဲခူး စသဖြင့် နေရာအများစုမှာ မိုးဆက်လက် ရွာနိုင်ပါသေးတယ်။
  • ဒါကြောင့် ခရမ်းခင်းပိုင်ရှင်များနဲ့ ဟင်းသီး/ရွက်ခြံသမားများအတွက် ကြိုတင်လုပ်ဆောင်သင့်တဲ့ အချက်များကို အကြံပြုတင်ပြလိုက်ပါတယ်။
  • မိုးရာသီမှာ ခရမ်းခင်းဘောင်ပေါ်မှာ မြက်ခြောက်၊ကောက်ရိုးခြောက်ဖုံးထားပါ။
  • အမြစ်ဇုန် ရေဝပ်သက်သာစေရန်၊ ရေထုတ်မြောင်းများ လုပ်သင့်ပါတယ်။
  • ပန်းပွင့်ချိန်၊ သီးကင်းဝင်ချိန်မှာ မိုးအုံ့ခြင်း၊ မိုးဆက်တိုက်ရွာခြင်းများရှိနေပါက မိုးပြတ်သည်နှင့် ကော့ပါး အောက်ဆီကလိုရိုဒ်၊ ကော့ပါးဟိုက်ဒြောက်ဆိုဒ် တမျိုးမျိုးကို wetting agent ရေစိုခံဆေး တမျိုးမျိုးထည့်ဖျန်းထားပါ။
  • ပိုး၊ ရောဂါ ကျရောက်တဲ့ ခရမ်းပင်က ပိုပြီး ပုပ်လွယ်တတ်လို့ ပိုး/ရောဂါ မကျရောက်အောင် ကြိုတင် ကာကွယ်ထားပါ။
  • အကယ်၍ အပွင့်၊ အသီးကင်းများ ပုပ်နေပါက ချက်ချင်း ခူးဆွတ်သန့်ရှင်းပြီး ကော့ပါး၊ မန်ကိုဇက် ဖျန်းပေးပါ။
  • မိုးစက်မိုးပေါက်များမှတဆင့် မှိုရောဂါပါလာတတ်လို့ အပင်ခြေ မြေကြီးပေါ်ကို၊ ပြာဖြူးခြင်း/ ဂျစ်ဆန် မှုန့်ဖြူးခြင်းများ ပြုလုပ်ပါ။
  • ခရမ်းခင်း၊ ငရုတ်ခင်း၊ စပါးခင်းများ ရေနစ်မြုပ်သီးနှံများ ပြန်လည်ကုစားရန်အတွက် ကယ်လ်စီယံပါအောက်ဆိုက်(CaO2)ကို မြေပြင်ဖျန်းခြင်း၊ အပင်ဖျန်းခြင်း ပြုလုပ်ပေးနိုင်ပါတယ်။ (Calcium ပါသော ရွက်ဖျန်းဆေးများ အသုံးပြုခြင်း၊  ကယ်လစီယံ ဆာလဖိတ်/ကျောက်မှုန့်မြေသြဇာကို အပင်ခြေဖျန်းခြင်းများ ပြုလုပ်ပေးပါ)
  • ယူရီးယားကျွေးခြင်း၊ နိုက်ထြိုဖိနောဖျန်းခြင်း မပြုလုပ်ပါနှင့်။

ရာသီဥတုကြောင့် ဖြစ်တဲ့ Abiotic disorder ပြဿနာတွေ ဖြစ်လို့ အဆိုးရွားဆုံးအခြေအနေမဖြစ်အောင် အတတ်နိုင်ဆုံးကုစားနည်းများကို ပတ်ဝန်းကျင်အခြေအနေနဲ့ လိုက်လျောညီစွာ ဖြေကြားပေးလိုက်ပါတယ်ကွယ်..

စေတနာများစွာဖြင့်

ဒို့ဦးလေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

7
မောင်ဟိန်း

မောင်ဟိန်း

လွန်ခဲ့သော ၂ နှစ် က

ခရမ်းပင်တေကြားထဲမာမျက်ပင်တေပြန်ပေါက်နေလို့ဘာဆေးသုံးရမလဲဗျဖြေပေးပါအုန်း

Ko Thu

Ko Thu

လွန်ခဲ့သော ၂ နှစ် က

ကျနော်တို့ဆီမှာခရမ်းစိုက်ခင်းဆို(အဆက်)နဲ့မှအဆင်ပြေတယ်ဗျ ခုကျနော်တို့ဆီမှာဆိုပိုးအခြေအနေဆိုးဝါးလာရင်နှုန်းထားမြင့်သုံးလာကျတယ်ဗျ အဲ့လိုနှုန်းထားမြင့်သုံးမှလည်းအဆင်ပြေတယ် ခရမ်းသီးလုံးဖောတ်ပိုးကျပြီဆိုရင် (ဒီမွန်+အဆက်)ကို၂၀ccမှ၃၀ccနှုန်းထားမြင့်ပြီးသုံးလာခဲ့တာယခု(ဒီမွန်၅၀ccအဆက်၅၀cc)ဆေးတစ်ပူံးကိုထည့်သုံးနေကျရပါတယ်ဗျ ကျန်သည့်ဆေးaiများကိုလည်းပြောင်းလည်းသုံးကြည့်သော်လည်းသီးလုံးဖောတ်မနိုင်သည့်အတွက်ကျန်ဆေးမသူံးရဲသလိုတောင်ဖြစ်နေပါတယ်ဗျာ ဖစ်ပရိုနေး ကာဘိုဆာဖန် အင်ဒိုမက်တို့ပြောင်းလဲဖျန်းကြည့်သော်လည်းပိုးသိသိသာသာမရှင်းဖြစ်ပါတယ်ခင်ဗိာ

U Mg Mg Htwe

U Mg Mg Htwe

လွန်ခဲ့သော ၂ နှစ် က

ပုံအရခရမ်းပင်ကိုလယ်မြေမှာမိုးတွင်းစိုက်ထားတာနဲ့တူတယ်မိုးအခါစိုက်ရင်ဘောင်ကျယ်ကျယ်နဲ့မြင့်မြင့်ပြုလုပ်ပြီးဘောင်ကြားကရေကိုဆင်းရန်ရေနှုပ်မြောင်းရှိရမယ်၊အကယ်ရျွ်ရေနှုပ်မြောင်းမလုပ်နိုင်ရင်( sorjan) လို့ခေါ်တဲ့ကုန်းတပိုင်းရေတပိုင်းဘောင်ကျယ်ကျယ်မြင့်မြင့်ပြုလုပ်စပါးအစားဝင်ငွေကေင်းတဲ့မိုးနဲ့ဆောင်းရာသီဟင်းသီးဟင်းရွက်များစိုက်နိုင်တယ်

ရန်နိုင်စိုး

ရန်နိုင်စိုး

လွန်ခဲ့သော ၂ နှစ် က

လောက်ဘုရင်သုံးကြည့်ပါလာဗျာ ကျွန်တော်တို့တော့လောက်ဘုရင်နဲ့မှအဆင် ပြေသွားတယ်ဗျာ

ဒို့ဦး​လေး

ဒို့ဦး​လေး

လွန်ခဲ့သော ၂ နှစ် က

ko thu​ဖြေထားသလိုမှန်ပါတယ်။ ​ခေါင်ညွန့်ထိုးပိုး/သီး​ဖောက်ပိုး ကို အဆီတာမီပရစ်(အဆက်-20)နဲ့ အဆင်​ပြေပါတယ်။ အရမ်းဆိုးမှ၊အဆီတာမီပရစ်-အီမာမက်တင်(အဆက်+အမဲနက်)အဆင်​ပြေပါတယ်။

You

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....