သာအောင်နဲ့သာမောင် ဆွေးနွေးခန်း - ခေတ်နဲ့ညီမယ့် စိုက်ပျိုးရေး
ဦးသာအောင် = လယ်သမား
ကိုသာမောင် = လယ်/စိုက်/ရှင်း(ငြိမ်း)
ကိုသာမောင် ။ ။ ဦးသာအောင်ရေ မင်္ဂလာပါ။
ဦးသာအောင် ။ ။ မင်္ဂလာပါ..ဆရာလေး။
ကိုသာမောင် ။ ။ ဦးလေးက ရှေ့မီနောက်မီဆိုတော့ ဒီကနေ့ မြန်မာနိုင်ငံရဲ့ တောင်သူလယ်သမားတွေရဲ့ အခြေအနေနဲ့ လွန်ခဲ့တဲ့ နှစ်၃၀ လောက်က အခြေအနေလေး နှိင်းယှဉ်သုံးသပ်ပေးပါဦးဗျ။
ဦးသာအောင် ။ ။ ကိုယ့်ဘဝအခြေအနေနဲ့ သုံးသပ်ရရင် မြေ ၁၅ ဧက ရှိတယ်၊ မိသားစု ၅ ယောက် လူနေမှုဖူလုံတယ်ဗျာ။ အရင်ခေတ်ကပေါ့။
အခုခေတ်နဲ့ ဘာတွေခြားနားချက်တွေ ရှိသွားလဲဆိုရင်တော့... အခုခေတ်မှာက...
- လယ်ယာအပေါ်အမှီပြုပြီး မရပ်တည်နိုင်တော့ဘူး
- လယ်လုပ်သား ရှားပါးလာတယ်
- ပိုးသတ်ဆေး/ဓာတ်မြေသြဇာ ပိုသုံးလာရလို့ ကုန်ကျစရိတ် ကြီးလာတယ်။
- မြေတွေကလည်း ဓာတ်မြေသြဇာမထည့်ရင် မထွက်တော့ဘူး။ မြေပျက်လာတယ်ပြောရမှာပေါ့ဆရာလေးရယ်။
- အိမ်ထောင်ဦးစီးတွေက လယ်ယာလုပ်ငန်းအပေါ် အာရုံစိုက်မှုနည်းလာတယ်။
မိန်းမတွေနဲ့ ပစ်ထားပြီး ငွေရလွယ်တဲ့ အခြားနိုင်ငံထွက်လုပ်ဖို့ပဲ အားသန်နေကြတယ်ပေါ့။ ကျနော်ကတော့ မိရိုးဖလာ တောင်သူပဲ လုပ်တတ်တော့ ရုန်းကန်နေရဆဲပေါ့ဆရာလေးရယ်..
ကိုသာမောင် ။ ။မှန်ပါတယ် ဦးလေး။ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတနိုင်ငံဟာ စိုက်ပျိုးရေးလုပ်ငန်း မတိုးတက်သမျှ အဲဒီနိုင်ငံ မတိုးတက် မချမ်းသာနိုင်ပါဘူး။
တိုင်းပြည်တပြည်၊ အဖွဲ့အစည်းတခု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ရာမှာဆိုရင်... စျေးကွက်ရှာဖွေတည်ဆောက်ဖို့က အရေးကြီးဆုံးလို့မြင်တယ်ဗျာ။
ခေတ်ကလည်း စျေးကွက်စီးပွားရေးခေတ် ဖြစ်နေတော့...
အရာရာကို Mraketing system စျေးကွက်စနစ်နဲ့ သွားနေကြပြီ..ဦးလေးရေ..

ဦးသာအောင် ။ ။ ဆရာလေးပြောတဲ့ မာကက်တင်းနဲ့ ကျနော်တို့ လယ်သမားနဲ့ ဘယ်လို ပတ်သက်တာလဲဆရာ..နားမလည်ဘူး...
ကိုသာမောင် ။ ။ မာကက်တင်း ဆိုတာ အရှုံးအမြတ်ကို တွက်ချက် ရောင်းဝယ်တဲ့ လုပ်ငန်းပါပဲဗျာ။ မြန်မာ တောင်သူတွေက..မိရိုးဖလာတောင်သူ လုပ်နေကြချိန်မှာ.. တခြားနိုင်ငံတောင်သူတွေက စျေးကွက်စီးပွားဆန်ဆန် ပရော်ဖက်ရှင်နယ်တောင်သူ လုပ်နေကြပြီဗျ။
ကဲ..ဦးလေး.. ရှင်းသွားအောင်..ကျနော်မေးမယ်။
ဦးလေး လယ်ကထွက်တဲ့သီးနှံ စျေးနှုန်းနဲ့ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာစျေးနှုန်းတွေ ယှဉ်ကြည့်ရင်..ဦးလေးဘယ်လိုခံစားရလဲ..
ဦးသာအောင် ။ ။ ကိုယ်ရောင်းရတဲ့ သီးနှံက စျေးမတက်ဘဲ ဝယ်သုံးနေရတဲ့ ပစ္စည်းတွေက စျေးနှစ်ဆမက တက်နေတယ်ဆရာရေ... တွက်ချေမကိုက်ဘူး..
ကိုသာမောင် ။ ။ အဲဒါ မာကက်တင်းကြောင့်ပဲပေါ့..ကိုယ့်လယ်ယာထွက်ပစ္စည်းတွေကို နိုင်ငံတကာစျေးကွက်ရအောင် မာကက်တင်း မလုပ်နိုင်လို့ ဒေါ်လာစျေးတက်လည်း သီးနှံစျေးက ဒီအတိုင်းပဲလေ။
နိုင်ငံတကာက ဝယ်ယူရတဲ့ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာတွေကကျ စျေး၂ ဆ၊ ၃ ဆတက်နေတာ.. ဒါကြောင့်ပေါ့ ဦးလေးရာ..
ဦးသာအောင် ။ ။နည်းနည်းတော့ သဘောပေါက်သလိုရှိလာတယ်..ဆရာလေး..
နို့..နေပါဦး.၊ဆရာလေးပြောသလိုဆို...
လယ်ယာထွက်ကုန်သီးနှံတွေကို နိုင်ငံတကာဈေးကွက်ကို ဘာလို့ မပို့နိုင်တာလဲဗျ။
ကိုသာမောင် ။ ။ အငိုလွယ်ပေမယ့် အရှိုက်ခက်ဆိုသလို...အပြောလွယ်သလောက် အလုပ်ခက်ပုံရတယ် ဦးလေးရဲ့။
သီးနှံတမျိုးမျိုးကို နိုင်ငံတကာစျေးကွက် တင်ပို့တဲ့နေရာမှာက...
- သူတို့နိုင်ငံအတွက် မရှိမဖြစ် ကုန်ပစ္စည်းဖြစ်ရမယ်။
- သီးနှံရဲ့ အရည်အသွေးပြည့်မီရမယ်။
- G to G လို့ခေါ်တဲ့ အစိုးရချင်း ချိတ်ဆက်မှုရှိရမယ်။
- စျေးကွက်ခိုင်မာဖို့၊ နားလည်မှု ကြိုတင်စာချုပ်ချုပ်ထားရမယ်။
စတဲ့ အခြေခံအချက်တွေ ရှိထားပြီးမှ တောင်သူတွေကို ချပြပြီး လိုချင်တဲ့အရေအတွက်၊အရည်အသွေးကို နည်းပညာ၊ သွင်းအားစုတွေနဲ့ တွက်ချက်လုပ်ကိုင်ကြရမှာ။
ဦးသာအောင် ။ ။ ကျနော် သဘောပေါက်သွားပြီဆရာလေးရေ..ကျေးဇူးလည်းတင်ပါတယ်ဗျာ..
ဒါပေမဲ့..
ကျနော့်စိတ်ထဲ ဘဝင်မကျတာလေး..ရှိသေးတယ်ဆရာ..
ကိုသာမောင် ။ ။ ဘာများပါလိမ့်..
ဦးသာအောင် ။ ။ ဆရာပြောသလို အငိုလွယ်၊ အရှိုက်ခက်တယ်ဆိုတော့..
နိုင်ငံတကာစျေးကွက် မထိုးဖောက်နိုင်သေးခင်..
လက်ရှိတောင်သူတွေ ၊အသက်ရှူချောင်ဖို့..
ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ..သိချင်သေးတယ်ဆရာ...
ကိုသာမောင် ။ ။အင်မတန်..မေးသင့်တဲ့မေးခွန်းပါဗျာ...အထက်မှာဆွေးနွေးခဲ့သလို မားကက်တင်း ပုံစံနဲ့သွားမှ အသက်ရှူချောင်ပါလိမ့်မယ်ဦးလေးရေ။
စျေးကွက်စီးပွားရေးဆိုတာ အရှုံးအမြတ်အပေါ် အခြေခံတာဆိုတော့ အရင်းနည်းပြီး အမြတ်များအောင်ဆောင်ရွက်ရမှာပေါ့ဗျာ။
- စိုက်ဧကအများကြီးထဲ ကိုယ်နိုင်သလောက်ဧရိယာကို #မြေစနစ်တကျပြုပြင်ရမယ်။
- ဓာတ်မြေသြဇာလျှော့ချပြီး သဘာဝ အိမ်လုပ်မြေသြဇာ(Home madeorganic fertilizer) ပြုလုပ်သုံးစွဲရမယ်။
- မျိုးတွေကို ပြောင်းလဲစိုက်ပျိုးရမယ်။
- ပိုးတွေကျရောက်မှုသက်သာအောင် ဘက်စုံပိုးမွှားကာကွယ်နည်းစနစ် (Integrated pest management,I.P.M)နည်း သုံးရမယ်။
(IPM နည်းစနစ် ကို အလျဉ်းသင့်သည့်အခါ သီးသန့်ဆွေးနွေးပါမည်)
- အသုံးပြုမှု စာရင်း၊ လယ်ယာလုပ်ဆောင်မှုမှတ်တမ်း ရေးမှတ်ထားရမယ်။
အသေးစိတ်ပြောရရင်တော့ အများကြီးပေါ့ ဦးလေးရယ်..
လုပ်နိုင်သလောက်က,စပြီးလုပ်မှရမှာပေါ့။
ဦးသာအောင် ။ ။ ဆရာလေးပြောပြတာတွေက သိသလိုလိုတွေချည်းပဲဗျ။
သိပြီးတော့... မလုပ်ဖြစ်ကြတာများတယ်။
ကိုသာမောင် ။ ။ အနေသာလို့၊ အသာနေနိုင်ကြတာပါဗျာ။
အသာနေရင်..အသေနာတတ်သတဲ့.. ဦးလေးရေ။ တကယ်လုပ်မှရတော့မှာပါ။
စ.ပြီး ပြင်ရမှာကတော့..
#မြေကို သြဇာမကျွေးဘဲ အပင်ကို သြဇာကျွေးနေတဲ့ ဆူလွယ်နပ်လွယ် စိတ်ဓာတ်ကို အရင်ပြင်ကြရလိမ့်မယ် ဦးလေးရေ..
ဦးသာအောင် ။ ။ ဆရာပြောမှ..မေးစရာတွေ ပေါ်လာပြန်ပြီဆရာ..
မြေချဉ်၊ မြေငန်တာတို့၊ မြေ သေ၊မြေရှင်(Dead soil and living soil) ဆိုတာတွေ အကြောင်းလည်း
ရှင်းပြပါဦးဆရာရယ်..
အကြောင်းကောင်းမှ အကျိုးကောင်းမှာ..
မြေကြီးကောင်းမှ အထွက်ကောင်းမှာ မဟုတ်လားဆရာ...
ကိုသာအောင် ။ ။ စိုက်ပျိုးရေးရဲ့ အခြေခံအကြောင်းတရားဖြစ်သလို..
မသိလို့မဖြစ်၊ မပြင်လို့မဖြစ်တဲ့ အရာတွေပါပဲ ဦးလေးရေ..
ဒီနေ့တော့..ဒီလောက်နဲ့ နားကြဦးစို့ဗျာ..
ဟိုဖက်ရွာမှာ တောင်သူဆွေးနွေးပွဲ ဖိတ်ထားလို့ သွားလိုက်ပါဦးမယ်..
နောက်နေ့မှ..ဆက်ဆွေးနွေးကြတာပေါ့နော။
စေတနာများစွာဖြင့်..
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Daw moo ra
လွန်ခဲ့သော ၃ နှစ် ကမိုးစပါးကိုဘိုကာရှီသဘာဝမြေသြဇာကိုယ်ပိုင်လုပ်ပြီးကြဲတာစပါး၉၈၀ရတယ်လေ အခြောက်ကြဲဒါကောမက်ဆေးဖြူ၃အိတ်ကဘိုကာရှီနဲ့ရောကြဲလိုက်တာကုန်ကျစရိတ်သက်သာတယ်လေမြေကြီကလဲpH6.8ရှိတယ် မြေကြီးကို ထိန်းထားရတယ် ဘိုကာရှီကိုကန်နဲ့လုပ်ထားတယ်အိမ်ကအကောင်လေးတွေအညစ်အကျေးနဲ့လုပ်တာ
လရောင်
လွန်ခဲ့သော ၃ နှစ် ကခက်တယ်ဆရာအပြင်မှာလုက်ကတာ
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကကုန်ကျစရိတ်နည်းနည်းနဲ့ အထွက်အနုန်း နိုင်မယ့်နည်းလမ်း လေးတွေ.. ရှာဖွေအသုံးပြုကြစေရန်လည်း. တိုက်တွန်းလိုပါတယ်။ ဥပမာ ဓာတ်မြေသြဇာ လျော့သုံးမယ်။ သဘာဝမြေသြဇာ ကိုယ်တိုင်လုပ်မယ်။ ပဲမှော်၊နွားချေး၊အမှိုက်သရိုက်၊ပေါင်းမြက် တွေကို အီးအမ်ဘိုကာရှီ လုပ်ကြမယ်။ လုပ်ငန်းရှင်များကလည်း.. တောင်သူတွေနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ကြဖို့ မျှော်လင့်ပါတယ်
လရောင်
လွန်ခဲ့သော ၃ နှစ် ကလုက်သားကရှားဝယ်သုံးရတဲ့ဈေးကနှစ်ဆရာသီဥတုကဖောက်ပြန်ရတဲ့သီနှံကမထွက်ဈေးကွက်ကမရှီ့ဘာလုပ်ကမှန်းမသိတော့နိုင်ငံချားတွေဘဲထွက်နေကြတယ်နိုင်ငံချားသွားတဲ့သုကချမ်းသာလယ်လုက်တဲ့သူကမငတ်ရုံတမယ်ဘဲရှီ့တော့တယ်
ပြည့်စုံ
လွန်ခဲ့သော ၃ နှစ် ကသီးနှံအရည်သွေးမှီဖို့က တောင်သူ့တာဝန် G to Gနဲ့ စျေးကွက်ရှိဖို့က Gရဲ့တာဝန်
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....