နှမ်းလျင်အပြီးစိုက်ပျိုးရန် မိုးလယ်သီးထပ်သီးနှံ
မိုးနှမ်းလျင်သည် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည်။ မိုးရာသီတွင်စိုက်ပျိုးသည့် ဆီထွက်သီးနှံ စုစုပေါင်းဧရိယာ လေးသိန်းကျော်တွင် မိုးနှမ်းလျင်စိုက်ဧရိယာမှာ ၂ ဒသမ ၇ သန်းကျော်ဖြစ်သည်။ ဆီထွက်သီးနှံများဖြစ်သော မိုးမြေပဲ၊ မိုးနေကြာ၊ မိုးနှမ်းလျင်တို့အနက် မိုးနှမ်းလျင်စိုက်ဧရိယာသည် အများဆုံးဖြစ်ကြောင်း သိရသည်။
မိုးနှမ်းလျင်ကို ယာမြေတွင် စိုက်ပျိုးသလို လယ်မြေတွင် စိုက်ပျိုးတာလည်း တွေ့မြင်နိုင် သည်။ မကွေးဒေသကဲ့သို့ မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသ ယာမြေများ၌ မိုးဦးရာသီတွင် ပထမဦးဆုံးစိုက်ပျိုးသည့်သီးနှံမှာ မိုးနှမ်းလျင်ဖြစ်သလို မုတ်သုန်မိုးမလှိုင်မီ တနည်းအားဖြင့် မိုးစပါးစိုက်ပျိုးရေးအတွက် လုံလောက်သော မိုးရွာသွန်းမှု မရရှိသေးသည့်ကာလတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ လယ်မြေများ၌ စိုက်ပျိုးသည့် ပထမဦးဆုံးသီးနှံမှာလည်း မိုးနှမ်းလျင်သာ ဖြစ်ပါသည်။
မိုးနှမ်းလျင်ကို မေလနှင့် ဇွန်လဆန်းတွင် တောင်သူများစိုက်သည်။ မုတ်သုန်မလာသေး သော်လည်း မိုးရွာသွန်းမှုတွေရှိခဲ့သော တောင်သူကြီးများ ယာမြေ၊ လယ်မြေများကို အပြေးအလွှားထွန်ယက်ကာ မိုးနှမ်းလျင်ကို စိုက်ပျိုးကြသည်။
နှမ်းသီးနှံဆိုတာက “လောင်းကစားသီးနှံ”လို့ ရှေးလူကြီးသူမများ အသိအမှတ်ပြုခဲ့ကြသည်။ မိုးနှမ်းလျင်ကို တင်စားပြောဆိုတာဖြစ်မည်။ ရချင်ရမည်။ မရချင်လျှင် ရိတ်သိမ်းခါနီးမှ မိုးကြီးလို့၊ ရေဝင်လို့ ပျက်ရတာ ဆုံ:ရှုံးရတာတွေ ဖြစ်ပေါ်သည်။ သို့သော် မိုးသာရွာလို့ကတော့ စိုက်တော့စိုက်သည်။ “ကျီထဲပုတ်ထဲရောက်မှ ကိုယ့်ဥစ္စာ” ဖြစ်တာမို့ အရဲစွန့်ကြတာဖြစ်ပါသည်။
ယခုနှစ် ကံကောင်းသည်ဟု ဆိုရမည်။ ယာမြေမှာစိုက်သော မိုးနှမ်းလျင်များ၊ လယ်မြေမှာ စိုက်သောမိုးနှမ်းလျင်များ ဇူလိုင်လကုန်ကစလို့ ရိတ်သိမ်းနိုင်တော့မည်ဟု သတင်းစကားကြားရသည်။ ကျွန်တော်က သီးထပ်သီးနှံစိုက်ပျိုးရေးစနစ်အမြင်ဖြင့် မိုးနှမ်းလျင်ရိတ်သိမ်းပြီးလျှင် မြေယာကို အလပ်မထား၊ မိုးလယ်ရာသီမှာ ဘာသီးနှံများစိုက်သင့်သလဲ။
စိုက်ပျိုးသင့်သည့် သီးနှံပုံစံနှစ်ခုကို ဖေါ်ပြလိုပါသည်။ ၎င်းတို့မှာ လယ်မြေတွင် နှမ်းလျင်− စပါးသီးနှံပုံစံနှင့် ယာမြေမှာ နှမ်းလျင်−မြေပဲသီးနှံပုံစံတို့ ဖြစ်ပါသည်။
နှမ်းလျင်−စပါးသီးနှံပုံစံ
လယ်မြေတွင် နှမ်းလျင်သီးနှံကို စိုက်ပျိုးသည်ဆိုကတည်းက နှမ်းလျင်ရိတ်သိမ်းပြီးလျှင် မိုးစပါးကို စိုက်မှာသေချာသည်။ အရေးကြီးသည်မှာ မိုးစပါးကို စိုက်ချိန်နောက်မကျဖို့ ဖြစ်သည်။ စိုက်ချိန်နောက်ကျလျှင် ရိတ်သိမ်းချိန်နောက်ကျမည်။ ရိတ်သိမ်းချိန်နောက်ကျလျှင် မိုးစပါးအပြီး သီးထပ်သီးနှံတစ်မျိုးမျိုးကို ဆက်လက်စိုက်ပျိုးဖို့ အချိန်မရမှာစိုးရသည်။ သို့ဖြစ်၍ နှမ်းလျင်သီးနှံမရိတ်သိမ်းမီ ဇူလိုင်လလယ်မတိုင်မီခန့်ကပင် အခြားတစ်နေရာ၌ ပျိုးခင်းပြုလုပ်ပြီး ကြိုတင်ပျိုးထောင်ထားရန် လိုပါသည်။
စိုက်ပျိုးမည့်စပါးမျိုးသည် မနောသုခ၊ ဆင်းသုခ−စသည့် သက်လတ်စပါးမျိုး တစ်မျိုးမျိုးဖြစ်သင့်သည်။ ပျိုးထောင်ကောက်စိုက်စနစ်ဖြင့် စိုက်ပျိုးမှာဖြစ်သည့်အတွက် သက်လျင်မျိုးထက်စာလျှင် သက်လတ်မျိုးက ပိုမိုသင့်တော်သည်။ အကယ်၍ ရွှေသွယ်ရင်၊ သီးထပ်ရင်၊ ရတနာအောင်၊ ရက်−၉၀−စသည့် သက်လျင်စပါးမျိုး တစ်မျိုးမျိုးကို စိုက်ပျိုးလိုပါက အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်ကို အသုံးပြုသင့်ပါသည်။
နှမ်းလျင်သီးနှံရိတ်သိမ်းပြီးလျှင်ပြီးချင်း အစိုတမန်းပြင်ရမှာဖြစ်သည့်အတွက် နှမ်းပင်အရိုး၊ အရွက်များပုပ်စပ်အောင် စနစ်တကျ ထွန်ရေးပြင်ရန်လိုသည်။ အားသာချက်မှာ စပါးခင်းအတွင်း မိုးဦးရာသီက မည်သည့်သီးနှံမျှ စိုက်ပျိုးခြင်းမပြုရသေးသည့် စိုက်ခင်းနှင့်နှိုင်းစာလျှင် ပေါင်းမြက်ပေါက်ရောက်မှု ပိုမိုသက်သာစေမည် ဖြစ်ပါသည်။
နှမ်းလျင်−မြေပဲသီးနှံပုံစံ
နှမ်းလျင်သီးနှံကို ယာမြေတွင် မိုးဦးရာသီ၌ စိုက်ပျိုးခြင်းဖြစ်သဖြင့် မိုးလယ်သီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးရန် အချိန်ရနိုင်ပါသည်။ မိုးလယ်ရာသီစိုက် မြေပဲက မိုးဦးရာသီစိုက်မြေပဲထက် ပိုမိုအထွက်ကောင်းကြောင်း ကြားသိရသည်။ မြေပဲသီးနှံမှာ ရေမြေဒေသ ရာသီကွဲပြားသော အခြေအနေအမျိုးမျိုးမှာ စိုက်ပျိုးဖြစ်ထွန်းသော သီးနှံတစ်မျိုးဖြစ်သည်။
နှမ်းလျင်ရိတ်သိမ်းအပြီး စိုက်ပျိုးမည့်မြေသည် သဲဆန်သော နုံးမြေ၊ နုံးဆန်သောသဲမြေဖြစ်ပါက မြေပဲသီးနှံ ပိုမိုဖြစ်ထွန်းသည်။ ရေမဝပ်သော ယာမြေဖြစ်ရန်လိုပါသည်။
ပထမသီးနှံဖြစ်သော နှမ်းပင်အရိုးအရွက်အကြွင်းအကျန်များ ယာမြေတွင် ကျန်ရှိနေခြင်းမရှိအောင် ထွန်ယက်ပြုပြင်ရန်ဖြစ်သည်။ မဆွေးမြေ့သေးသော သီးနှံပင်အကြွင်းအကျန်များကြောင့် မြေဆောင်မှိုရောဂါများ မြေပဲသီးနှံတွင် မကျရောက်စေရန် ဖြစ်ပါသည်။
ယာမြေပြင်ပေါ်တွင် စိုက်ပျိုးခြင်းထက် ပေါင်စနစ်ဖြင့် ပေါင်ကြားရေထုတ်မြောင်းများ ပါဝင်စေကာ စနစ်တကျစိုက်ပျိုးခြင်းဖြင့် မိုးကြီးရွာသွန်း၍ ရေဝပ်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။
မိမိဒေသနှင့်ကိုက်ညီပြီး အထွက်ကောင်းသော မြေပဲမျိုးတစ်မျိုးမျိုးကို ရွေးချယ်စိုက်ပျိုးစေလိုသည်။ စိုက်ပျိုးခြင်းမပြုမိ အပင်ပေါက်စမ်းခြင်း၊ ပဲမြစ်ဖုမြေသြဇာနှင့် လူးနယ်စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ရန်ဖြစ်ပါသည်။
ဆင်းသီဟ
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
နှမ်းစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး