စိုက်ပျိုးသုတ သြဂုတ်လ
သြဂုတ်လသည် မိုးရာသီစပါးသီးနှံစိုက်ပျိုးပြီးစီးရေး၊ စိုက်ပြီးမိုးစပါးများ အပင်ပြုစု စောင့်ရှောက်ရေး၊ မိုးဦးယာသီးနှံအချို့ရိတ်သိမ်းရေးနှင့် မိုးလယ်ယာသီးနှံများ စိုက်ပျိုးရေး အတွက် အရေးကြီးသည့်လဖြစ်ပါသည်။
သို့ဖြစ်၍ မိုးစပါးနှင့် ယာသီးနှံများစိုက်ပျိုးရိတ်သိမ်းခြင်းဆိုင်ရာတို့ကို အချိန်ရာသီအကိုက် မိုးရွာသွန်းမှုနှင့်အညီ ဆောင်ရွက်သင့်သည်များကို အသိပေးလိုပါသည်။
၁။ ယာသီးနှံများ
နှမ်းလျင်သီးနှံ
အပင်ဖြစ်ထွန်းလျက်ရှိသော နှမ်းလျင်စိုက်ခင်းများ မိုးကြီးရွာသွန်းပါက ရေဝပ်၍ ပျက်စီးမှုမဖြစ်စေရေး ရေထုတ်မြောင်းများပြုလုပ်ထားရှိသင့်သည်။
စိုက်ချိန်စောသည့်နှမ်းလျင်စိုက်ခင်းများ ကောင်းစွာရင့်မှည့်ပြီး ပန်းပွင့်မှုရပ်သွားချိန်၊ အရွက်များအဝါရောင်ပြောင်းပြီး စတင်ကြွေလာချိန်နှင့် သီးတောင့်များ အစိမ်းရောင် ရှိပြီး အစိုဓါတ်အသင့်အတင့်ရှိနေသောအချိန်တွင် ရိတ်သိမ်းရန် ဖြစ်သည်။ ရိတ်သိမ်းမှု လုပ်ငန်းများတွင် အလေအလွင့်နည်းပါးရေး ဂရုပြုဆောင်ရွက်ရန် ဖြစ်ပါသည်။
ရိတ်သိမ်းပြီးနှမ်းလျင်စိုက်ခင်းများတွင် သီးထပ်အဖြစ် ဒုတိယယာသီးနှံ တစ်မျိုးမျိုးကို ထပ်မံစိုက်ပျိုးခြင်းဖြင့် ‘ယာသီးနှံ-ယာသီးနှံသီးနှံ ပုံစံကို ချမှတ်ဆောင်ရွက်နိုင်ပါသည်။
ပဲစင်းငုံသီးနှံ
ပဲစင်းငုံသီးနှံစိုက်ခင်းများ ပေါင်းမြက်ကင်းစင်ရေး ဆောင်ရွက်ရန် ဖြစ်သည်။ ပဲစင်းငုံသီးနှံသည် မိုးခေါင်ခံသီးနှံဖြစ်သော်လည်း ပုံမှန်ဖြစ်ထွန်းကြီးထွားရေးအတွက် ထိုက်သင့်သောမြေအစိုဓာတ်ရှိဖို့လိုသည်။ သြဂုတ်လအတွင်း ရွာသွန်းသည့် မိုးရေကို ထိန်းသိမ်းသည့်အနေဖြင့် ပဲစင်းငုံသီးနှံ စိုက်တန်းများကြားတွင် မိုးရေခံမြောင်းကဲ့သို့ မိုးရေစုဆောင်းနိုင်မည့် ထယ်ရေးစနစ် ဆောင်ရွက်ထားသင့်ပါသည်။
မြေပဲသီးနှံ
သြဂုတ်လတွင် မြေပဲသီးနှံကို စကမြေပဲအဖြစ် အားထားစိုက်သည့်ဒေသများတွင် ဒေသဖြစ်ထွန်းသည့်အထွက်ကောင်းမျိုးကောင်းမျိုးသန့်ကိုရွေးချယ် စိုက်ပျိုးရန်ဖြစ်သည်။ မြေပဲသီးနှံအပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် လိုအပ်သောနိုက်ထရိုဂျင်အာဟာရဓာတ်ကို ရရှိစေရန် မြေပဲသီးနှံအတွက် သီးသန့်ထုတ်လုပ်သော ပဲမြစ်ဖုဇီဝမြေသြဇာနှင့် မျိုးစေ့အား လူးနယ် စိုက်ပျိုးသင့်ပါသည်။
- မြေပဲစွယ်ချချိန်ရောက်သည့်စိုက်ခင်းများတွင် အစိုဓါတ်ထိန်းသိမ်းနိုင်ရေး ဆောင် ရွက်သင့်သည်။
- ရိတ်သိမ်းချိန်ရောက်သည့်စိုက်ခင်းများတွင်မူ မြေပဲတောင့်များ၏ ၇၀ ရာခိုင်နှုန်း ရင့်မည့်ချိန်ရောက်မှသာ နှုတ်သိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် ဖြစ်ပါသည်။

နေကြာသီးနှံ
မိုးလယ်သီးနှံအဖြစ် နေကြာသီးနှံကို သြဂုတ်လအတွင်း စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးမြေသည် နုန်းဆန်သဲမြေ(သို့) သဲနုန်းမြေဖြစ်သင့်ပြီး မြေသားနက်ရှိုင်းသောမြေ ဖြစ်သင့် သည်။ ရွှံ့စေးမြေ(သို့) မြေကျစ်လွှာခံသောမြေများတွင် မစိုက်ပျိုးသင့်ပါ။
အပင်ပေါက်ရာခိုင်နှုန်း ( ၈၀ မှ ၉၀ ) ခန့်ရှိပြီး အထွက်ကောင်း မျိုးသန့်မျိုးစေ့ကို အသုံးပြုစိုက်ပျိုးရန် ဖြစ်ပါသည်။
ချည်မျှင်ရှည်ဝါသီးနှံ
သြဂုတ်လတွင် မိုးနှောင်းချည်မျှင်ရှည်ဝါကို နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ သဲစနယ်မြေ၊ စနယ်မြေစေးတို့တွင် စိုက်ပျိုးနိုင်သည်။ ဆား၊ ဆပ်ပြာ၊ ယမ်းစိမ်း မပေါက်သောမြေ ဖြစ်ရပါမည်။
အထွက်နှုန်းနှင့် ဝါဂွမ်းမွေးအရည်အသွေးကောင်းသည့် ဝါမျိုးကောင်းမျိုးသန့်မျိုးစေ့ များကို အသုံးပြုရန် ဖြစ်သည်။
ဝါအထွက်ကောင်းရရှိစေရန် သဘာဝဓာတ်မြေသြဇာ၊ နွားချေး၊ မြေဆွေးနှင့် ဓာတ်မြေသြဇာများကို တွဲဖက်အသုံးပြုရန် ဖြစ်ပါသည်။
ပဲတီစိမ်းသီးနှံ
- မိုးလယ်ပဲတီစိမ်းသီးနှံကို သြဂုတ်လအတွင်း အစိုဓာတ်လုံလောက်စွာရရှိချိန်တွင် စိုက်ပျိုးနိုင်သည်။
- အပင်ပေါက်ရာခိုင်နှုန်းကောင်းပြီး အဝါရောင်မိုစေ့ရောဂါခံနိုင်သောမျိုးကို အသုံးပြုရန် ဖြစ်သည်။
ပဲတီစိမ်းသီးနှံအပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် လိုအပ်သော နိုက်ထရိုဂျင်အာဟာရ ဓာတ်ကို ရရှိစေရေန် ပဲတီစိမ်းသီးနှံအတွက် သီးသန့်ထုတ်လုပ်သော ပဲမြစ်ဖုဇီဝမြေသြဇာနှင့် မျိုးစေ့အား လူးနယ်စိုက်ပျိုးသင့်ပါသည်။
စိုက်ပျိုးပြီးပဲတီစိမ်းသီးနှံများ၏အရွက်များ ဝါခြောက်ပြီး အတောင့်များ (၇၅ မှ ၈၅)ရာခိုင်နှုန်း အနက်ရောင်သို့ပြောင်း၍ ခြောက်သွေ့ချိန်တွင် ရိတ်သိမ်းရန် ဖြစ်သည်။ ပဲတီစိမ်းအသီးသီးခြင်းကာလကြာရှည်သဖြင့် လိုအပ်ပါက (၇ ရက်မှ ၁၀ ရက်)လျင် တစ်ကြိမ် အကြိမ်ကြိမ် ရိတ်သိမ်းရန် ဖြစ်ပါသည်။
ရိတ်သိမ်းပြီးပဲတီစိမ်းစိုက်ခင်းများတွင် သီးထပ်အဖြစ် ဒုတိယယာသီးနံတစ်မျိုးမျိုး ကို ထပ်မံစိုက်ပျိုးခြင်းဖြင့် ‘ယာသီးနှံ-ယာသီးနှံသီးနှံပုံစံကို ချမှတ်ဆောင်ရွက်နိုင်ပါသည်။
၂။ မိုးစပါးသီးနှံ
မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့်သော်လည်းကောင်း၊ ဆည်ရေ/သွင်းရေ အခက်အခဲကြောင့်သော်လည်းကောင်း စိုက်ပျိုးခြင်းမပြုရသေးသည့်လယ်မြေများတွင် သြဂုတ်လဆန်းအတွင်း တိုက်ရိုက်မျိုးစေ့ချကာ မိုးစပါးကို စိုက်ပျိုးရန်ဖြစ်ပါသည်။
ပျိုးအဆင်သင့်ရှိ၍ သြဂုတ်လမှာမှ စိုက်ပျိုးရေရရှိမှုကြောင့် မိုးစပါးစိုက်ပျိုးရာတွင် သန်စွမ်းပြီး၊ ပိုးမွှားရောဂါအနာအဆာကင်းသောပျိုးပင်များဖြင့် သြဂုတ်လဆန်းအတွင်း စိုက်ပျိုးရန် ဖြစ်သည်။ ပျိုးသက် ၂၅ ရက်မှ ၃၀ ရက်သားရှိသောပျိုးဖြစ်ပါက အကောင်းဆုံးဖြစ်ပါသည်။
ပျိုးသက်ကြီးပါကလည်း အမြင့်ဆုံးအထွက် (Maximum Yield) ကို မမျှော်မှန်းနိုင် သော်လည်း သင့်တင့်သောအထွက် (Accptable Yield)ကိုတော့ ရရှိနိုင်မည် ဖြစ်သည်။ သို့သော် ပျိုးသက်ရက် ၆၀ ထက်ကြီးသော ပျိုးများကိုမူ အသုံးမပြုသင့်ပါ။
ပင်ပိုင်းကြီးထွားသည့်ကာလ(Vegetative Phase)အတွင်း ရောက်ရှိနေသော စပါးခင်းအများစုကို ပေါင်းမြက်ကင်းစင်စေရေး၊ လယ်ကွက်အတွင်း ရေမပြတ်စေရေး၊ မြေသြဇာအာဟာရ မချို့တဲ့စေရေးနှင့် ပိုးမွှားရောဂါကင်းစင်စေရေးတို့ကို လိုအပ်သလို လုပ်ကိုင်ရန် ဖြစ်ပါသည်။
သြဂုတ်လသည် ဒေသနှင့် ရေမြေအခြေအနေပေါ်မူတည်ပြီး မိုးသီးနှံများအတွက် အပင်ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများ၊ ရိတ်သိမ်းခြင်းလုပ်ငန်းများနှင့် မိုးလယ်သီးနှံများ အတွက် စတင်စိုက်ပျိုးခြင်းလုပ်ငန်းများကို ပြောင်းလဲရာသီမိုးရွာသွန်းမှုနှင့်အညီ အောင်မြင်စွာဆောင်ရွက်ခြင်းဖြင့် သီးနှံအလိုက် မြင့်မားသောအထွက်နှုန်းများကို ရရှိကြစေလိုပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး