စိုက်ပျိုးသုတ ဖေဖော်ဝါရီလ
မိုးကြိုစပါး၊ မိုးကြိုယာသီးနှံများနှင့်ပတ်သက်၍ နှိုးဆော်လိုသည်များကို ဖော်ပြလိုပါသည်။
ရာသီဥတုမှာ ဖေဖော်၀ါရီလတွင် အအေးစတင်လျော့တော့သည်။ မိုးကြိုစပါးနှင့် မိုးကြိုယာသီးနှံများ စတင်စိုက်ပျိုးရန် အကောင်းဆုံး အချိန်ဖြစ်သည်။ မိုးကြိုရာသီစိုက် ယာသီးနှံများတွင် ပဲတီစိမ်း၊ နှမ်းလျင်၊ ချည်မျှင်ရှည်ဝါစသည့် သီးနှံများ ပါဝင်ပါသည်။
မိုးရာသီချိန်မဟုတ်သဖြင့် မိုးကိုမျှော်ကိုးလို့မရပါ။ မိုးကြိုစပါးနှင့် မိုးကြိုယာသီးနှံများ စိုက်ပျိုးအောင်မြင်ရန် လိုအပ်သောရေအစိုဓာတ်အတွက် သွင်းရေကိုသာ အားကိုးရမည်။ သို့ဖြစ်၍ ဆည်ရေ၊ မြစ်/ချောင်းရေစသည့် သေချာသည့်နေရာတွင် သီးနှံများကို စိုက်ပျိုးရန် ဖြစ်ပါသည်။
နွေစပါး(ခေါ်) မိုးကြိုစပါးစိုက်ပျိုးခြင်း
ဖေဖော်ဝါရီလမှာ နွေစပါးစတင်စိုက်ပျိုးပါလို့ ပြောလိုပါသည်။ အထူးသဖြင့် အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများအတွက် ထောက်ခံခြင်း ဖြစ်သည်။ မတ်လနှင့် ဧပြီလတို့တွင်မှ စတင်စိုက်ပျိုးပါက ရိတ်သိမ်းချိန်စောင့်ဆိုင်းရသဖြင့် လာမည့်နှစ် မိုးစပါး စိုက်ချိန်ကို နောက်ကျစေနိုင်ပါသည်။
မိုးစပါးစိုက်ချိန်ကို နောက်ကျပြီး သြဂုတ်၊ စက်တင်ဘာမှ စိုက်ရပါက မိုးစပါးတွင် ပုံမှန်အထွက်ကို မရရှိနိုင်တော့ပါ။ မိုးစပါးအပြီး မတ်ပဲ၊ ကုလားပဲ သီးနှံတို့၏ စိုက်ချိန်တို့ကိုလည်း နောက်ကျစေသည်။ ထို့ကြောင့် အဆိုပါသီးနှံများ၏ ပုံမှန်အထွက် ရရှိနိုင်မှုကိုလည်း အဟန့်အတားဖြစ်စေသည်။ သို့ဖြစ်၍ နွေစပါးစိုက်ချိန်နောက်မကျစေရေး အသိပေးရခြင်း ဖြစ်ပါသည်။
နွေစပါးကို သွင်းရေဖြင့်စိုက်ပျိုးရသည်ဖြစ်ရာ သွင်းရေချွေတာသုံးစွဲရေးကိုလည်း အလေးထားသင့်သည်။ ပျိုးထောင်ကောက်စိုက်စနစ်ထက် တိုက်ရိုက်မျိုးစေ့ချစနစ်က ရေကိုချွေတာရာရောက်သည်။

တိုက်ရိုက်မျိုးစေ့ချစနစ်သည် ပျိုးထောင်ကောက်စိုက်စနစ်ထက် ရေလိုအပ်မှုနည်းစေပါသည်။
အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး စိုတစ်လှည့် ခြောက်တစ်ခါ ရေသွင်းစနစ်(Alternate Wetting and Drying System-AWD)ကို ဆောင်ရွက်ခြင်းဖြင့်လည်း သွင်းရေကို ချွေတာနိုင်ပါသည်။
နွေစပါးသည် လုပ်သားလိုအပ်မှုနည်းသည်။ ထို့ပြင် အသက်ရက်ကို ၇ ရက်မှ ၁၀ ရက်ခန့် တိုစေနိုင်ပါသည်။
တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ်၍ ပေါင်းမြက်ထူပြောနိုင်သည်။ ပေါင်းမြက်ပင်များသည် စပါးပင်နှင့်အတူ တစ်ပြိုင်တည်း ပေါက်ရောက်လေ့ရှိသည်။ ပေါင်းမြက်က စပါးပင်ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်ယှက်ဟန့်တား၍ စပါးအထွက်နှုန်းကို ထိခိုက်စေနိုင်သည်။ သို့ဖြစ်၍ ပေါင်းမြက်ပေါက်ရောက်လာနိုင်မှုကို ထည့်သွင်းစဉ်းစားကာ ထွန်ရေးတမန်းကောင်းအောင်ပြုပြင်ခြင်းဖြင့် ပေါင်းမြက် ပေါက်ရောက်မှု လျော့နည်းအောင် ဆောင်ရွက်ရန် လိုပါသည်။
နှမ်းလျင်သီးနှံ
နှမ်းလျင်သီးနှံကို ဖေဖော်ဝါရီလတွင် စိုက်ပျိုးလျှင် မေလကုန်တွင် ရိတ်သိမ်းနိုင်သည်။ နှမ်းလျင်သီးနှံသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် အထက်ပိုင်းဒေသများအတွက် ထင်ရှားသည့် မိုးကြိုသီးနှံတစ်မျိုးဖြစ်ပါသည်။
မိုးကြိုနှမ်းလျင်သီးနှံ ပါဝင်သော နှစ်သီး၊ သုံးသီး သီးနှံပုံစံများကို အောင်မြင်စွာ ချမှတ်ဆောင်ရွက်နိုင်သည်။ မိုးကြိုနှမ်းလျှင် - မိုးစပါး - ဆောင်းပဲမျိုးစုံ/နေကြာ/ ပြောင်းဖူး စသည့် ဒေသအလိုက် ကြိုက်နှစ်သက်ရာသီးနှံပုံစံကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ပဲတီစိမ်းသီးနှံ
ပဲတီစိမ်းသီးနှံသည် ရာသီမရွေး စိုက်ပျိုးနိုင်သည့်သီးနှံဖြစ်လာသည်။ သွင်းရေ အစိုဓာတ်ဖြင့် ဖေဖော်ဝါရီလတွင် စိုက်ပျိုးလျှင် နှမ်းလျင်ကဲ့သို့ပင် မေလကုန်ထက် နောက်မကျဘဲ ရိတ်သိမ်းနိုင်သည်။
ပဲတီစိမ်းသည် သီးနှံပုံစံအတွက် အလွန်အသုံးဝင် သည့်သီးနှံတစ်မျိုးဖြစ်သည်။ ပုံမှန်မိုးစပါးကို ဇွန်လတွင် စိုက်ပျိုးနိုင်သည်။ မိုးစပါးအပြီးတွင် အခြားယာသီးနှံ တစ်မျိုး မျိုးကို စိုက်ပျိုးနိုင်သည်။ မိုးကြိုပဲတီစိမ်း - မိုးစပါး -နေကြာ/ ပဲမျိုးစုံစသည့် ဒေသအလိုက် ကြိုက်နှစ်သက်ရာ သီးနှံပုံစံကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ချည်မျှင်ရှည်ဝါသီးနှံ
မိုးကြိုချည်မျှင်ရှည်ဝါကို ဖေဖော်ဝါရီလတွင် စိုက်ပျိုးရန်ဖြစ်သည်။ ရိတ်သိမ်း ပြီးစီးနိုင်သည်မှာ ဇူလိုင်လ ဖြစ်သည်။ ဇူလိုင်လဆိုလျင်လည်း မိုးစပါးအတွက် စိုက်ချိန် မှန်ဖြစ်သည်။ မိုးစပါးကို ဆက်လက်စိုက်ပျိုးနိုင်သည်။ ဤသို့ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ - မိုးစပါးသီးနှံပုံစံကို ချမှတ်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
အခြားယာသီးနှံများ
ဖေဖော်ဝါရီလတွင်စိုက်ပျိုးနိုင်သည့် အခြားသီးနှံများရှိသေးသည်။ ၄င်းတို့မှာ မြေပဲ၊ ပြောင်းဖူး၊ နေကြာ၊ ငရုတ်စသည့်သီးနှံများဖြစ်သည်။ နွေစပါးအတွက် ဆည်ရေ အပြည့်အဝ မပေးနိုင်သည့်ဒေသများတွင် ယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးစေလိုပါသည်။
စပါးသီးနှံနှင့် နှိုင်းယှဉ်လျှင် ယာသီးနှံသည် ရေလိုအပ်မှုနည်းသည်။ မည်သည့် ယာသီးနှံကို စိုက်ပျိုးရာတွင် ထည့်သွင်းစဉ်းစားစေလိုသည်မှာ ရိတ်သိမ်းချိန် ဖြစ်သည်။ မိုးကြိုသီးနှံများကို ဖေဖော်ဝါရီလတွင် စိုက်ပျိုးပြီး ဇွန်လတွင် ရိတ်သိမ်းပြီးစီးစေလိုသည်။ မိုးစပါးကို ပုံမှန် ဇွန်၊ ဇူလိုင်လတွင်စိုက်ပျိုးနိုင်ရန် မိုးကြိုယာသီးနှံ တစ်မျိုးမျိုးကို ချိန်ဆ စိုက်ပျိုးစေလိုပါသည်။
ဖေဖော်ဝါရီလသိမှတ်စရာများကို သွင်းရေရရှိသည့် ဒေသများအတွက် အနှစ်ချုပ်ဖော်ပြရလျှင်
- နွေစပါးကို စိုက်ပျိုးလိုပါက ဖေဖော်ဝါရီလတွင် စတင် စိုက်ပျိုးပါ။ သက်တမ်းတို စပါးမျိုးကို အသုံးပြုပါ။
- စပါးစိုက်ပျိုးရန် လုံလောက်သည့်သွင်းရေ မရရှိနိုင်ပါက မိုးကြိုယာသီးနှံတစ်မျိုးမျိုးကို ဖေဖော်ဝါရီလတွင် စိုက်ပျိုးပါ။ သက်တမ်းတို မိုးကြိုယာသီးနှံမျိုးကို အသုံးပြုပါ။
- လာမည့်နှစ် မိုးစပါးကို စိုက်ချိန်မှန် ဇွန်၊ ဇူလိုင်လတွင် စိုက်ပျိုးနိုင်ရေး ရည်ရွယ်ဆောင်ရွက်ပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....