စိုက်ပျိုးသုတ မေလ (တိုက်ရိုက်မျိုးစေ့ချမည်ဆိုလျှင် မုတ်သုံမိုးကို စောင့်စရာမလိုဘဲ မေလကုန်ခန့်တွင် စတင်စိုက်ပျိုးနိုင်)
မုတ်သုံလေဦးမျဉ်း(ခန့်မှန်း အပြာရောင်မျဉ်းပြတ်)နဲ့ တိုက်နေသည့် လေ၏လားရာနှုန်းတွေသည် ပျမ်းမျှ တနာရီ ၁၅ မိုင်ခန့်ဖြစ်သည်။ ထိုလေစီးကြောင်းဖြင့် ပါလာသည့် ရေခိုးရေငွေ့တွေ တိမ်တိုက်များသည် အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းတလျှောက်မှ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းကိုသာလျှင်ရောက်ရှိလာပြီး မြန်မာနိုင်ငံအောက်ပိုင်းကိုမူ အဝင်နည်းသည့်အတွက် မြန်မာနိုင်ငံအထက်ပိုင်းဒေသများသို့ မိုးများရွာသွန်းနိုင်မည့် အခြေအနေကိုတွေ့ရသည်။ မေလ ၂၀ ရက်အထိတော့ အောက်ပြည်အောက်ရွာများတွင် မိုးရွာလျှင် ပါးပါးလေးရွာမည့် အခြေအနေသို့ ရောက်ရှိနိုင်မည်ဖြစ်သည်ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဆရာဦးဝင်းနိုင်၏ ခန့်မှန်းချက်များအရသိရသည်။
သို့ဖြစ်ရာ မုတ်သုံမိုးမရွာမီ မိုးဦးသီးနှံများစိုက်ပျိုးရေး ကြိုတင်ပြင်ဆင်ရန်နှင့် အပင်ပေါက်နိုင်သည့် မြေအစိုဓာတ်ရရှိအောင် မိုးရွာသွန်းသည့်ဒေသများတွင် စတင် စိုက်ပျိုခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြရန် ဖြစ်ပါသည်။
မိုးဦးသီးနှံများစိုက်ပျိုးရေး၊ နွေစပါးအပင်ပြုစုရေးနှင့် မိုးစပါးစတင်စိုက်ပျိုးရေးတို့နှင့် ပတ်သက်၍ အသိပေးလိုသည်များကို ဖော်ပြလိုပါ သည်။
၁။ မိုးဦးသီးနှံများ
မုတ်သုံမိုးကို အားကိုးစိုက်ပျိုးရသည့် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲစင်းငုံသည့် သီးနှံများကို မိုးဦးကျလျင်ကျခြင်းစိုက်နိုင်ဖို့ ထွန်ရေးအဆင်သင့် ပြင်ထားရန် ဖြစ်ပါသည်။
မြေကြီး၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများတိုးပွားစေရန် ကောင်းစွာဆွေးမြည့်နေသောသဘာဝမြေသြဇာနှင့် သစ်စိမ်းမြေသြဇာများကို တစ်ဧကလျှင် (၃ မှ ၅) တန်အထိ စိုက်ကွက်တွင် ထည့်ပေးထားသင့်ပါသည်။
နှမ်းလျင်သီးနှံ
ရေမြေဒေသနှင့်ကိုက်ညီဈေးကွက်ရှိသော မျိုးကောင်းမျိုးသန့် အထွက်ကောင်းမျိုး ကို ရွေးချယ်စိုက်ပျိုးရန် ဖြစ်သည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲလျက်ရှိရာ မိုးရွာသွန်းမှု နည်းပါးသောဒေသများတွင် မိုးခေါင်ဒဏ်ခံနိုင်သည့်မျိုးကို စိုက်ပျိုးသင့်ပါသည်။
ပိုးမွှား/ ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပျိုးခြင်းဖြင့် ပိုးမွှား/ရောဂါနှိမ်နင်းရမှု သက်သာပြီး ပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းစေသင့်ပါသည်။
အပင်ပေါက် (၈၀)ရာခိုင်နှုန်းအထက်နှင့် မျိုးစေ့သန့်စင်မှု (၉၈)ရာခိုင်နှုန်း ရှိသည့် မျိုးကိုအသုံးပြုပြီး မြေဆောင်ရောဂါများကာကွယ်ရန် မျိုးစေ့ကိုမှိုသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။
မြေပဲသီးနှံ
ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီ၍ ဒေသရေမြေရာသီဥတုနှင့် သင့်တော်သည့် မြေပဲမျိုးကောင်းမျိုးသန့်ကို အသုံးပြုစိုက်ပျိုးရန် ဖြစ်သည်။ အပင်သန်စွမ်းမှုရှိသည့်မျိုး ဖြစ်ပြီး အပင်ပေါက် ၈၀ ရာခိုင်နှုန်းအထက် ရှိသင့်ပါသည်။
ရာသီဥတုဒဏ်၊ ပိုးမွှားရောဂါဒဏ်ခံနိုင်သောမျိုး ဖြစ်ရန်လိုသည်။ မြေပဲမျိုးစေ့၌ မျိုးစေ့ဆောင်ရောဂါများ ကင်းစင်ရပါမည်။
မြေတွင်းအောင်းပိုးကာကွယ်ရန် တစ်ဧကလျှင် ဖျူရာဒန်(၃ မှ ၆)ကီလိုဂရမ်နှုန်း ကို စိုက်ကြောင်းအတွင်း ထည့်သွင်းစိုက်ပျိုးသင့်ပါသည်။
ထို့ပြင် စိုက်ချိန်၌ မြေပဲမျိုးစေ့ကို ပဲမြစ်ဖုမြေသြဇာနှင့်လူးနယ်စိုက်ပျိုးသင့်ပါသည်။
အစေ့ထုတ်ပြောင်းသီးနှံ
ဈေးကွက်ရှိ၍ ရေမြေဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်ကို ရွေးချယ် စိုက်ပျိုးရန် ဖြစ်သည်။ အပင်ပေါက် ၈၅ မှ ၉၀ ရာခိုင်နှုန်း အထက်ရှိသည့်မျိုး ဖြစ်သင့်ပါသည်။
ရာသီဥတုဒဏ်၊ ပိုးမွှားရောဂါဒဏ်ခံနိုင်သောမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။
မျိုးစေ့ဆောင်ရောဂါ၊ မြေဆောင်ရောဂါများကာကွယ်ရန်အတွက် သင့်တော်သည့် မှိုသတ်ဆေးတစ်မျိုးမျိုး လူးနယ်စိုက်ပျိုးသင့်ပါသည်။
တစ်ဧကအပင်ဦးရေ အနည်းဆုံး (၂၀,၀၀၀ မှ ၂၅,၀၀၀) ရရှိရန် တစ်တန်းနှင့် တစ်တန်း ၂ ဒသမ ၅ ပေ၊ တစ်ပင်နှင့်တစ်ပင် ၉ လက်မ ထားရှိ စိုက်ပျိုးသင့်ပါသည်။

၂။ စပါးသီးနှံ
နွေစပါး
မြန်မာနိုင်ငံအထက်ပိုင်းဒေသတွင်စိုက်ပျိုးသော နွေစပါးအများစုသည် အပင်ဖြစ်ထွန်းဆဲ၊ ပွားများဆဲ ပင်ပိုင်းကြီးထွားသည့်ကာလ(Vegetative Phase)တွင် ဖြစ် သည်။ အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area) များစေရေးအတွက် လွန်စွာအရေးပါသောကာလ ဖြစ်ပါသည်။
ဤကာလတလျှောက်လုံးတွင် စပါးစိုက်ခင်းအတွင်းပေါင်းမြက်ကင်းစင်စေရေးကို အထူးဂရုစိုက် ဆောင်ရွက်ရန်လိုသည်။ လယ်ကွက်အတွင်းရေမပြတ်စေရေး ထိန်းထားရန်လိုသည်။ မြေသြဇာအာဟာရ မချို့ယွင်းစေရေးအတွက် နိုင်ထရိုဂျင်မြေသြဇာကျွေး ပေးဖို့လိုသည်။ ပိုးမွှားရောဂါကင်းစင်စေရေး စစ်ဆေးကြည့်ရှု ကာကွယ်နှိမ်နင်းရန် ဖြစ်ပါသည်။
မိုးစပါး
မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ မုတ်သုံမိုးရွာသွန်းသည်နှင့်အတူ မိုးစပါး စတင်စိုက်ပျိူးနိုင်မည် ဖြစ်ပါသည်။
စပါးမျိူးအသုံးပြုရာတွင်စျေးကွက်အလားအလာရှိသည့် စပါးမျိုးများမှ ရေ၊ မြေ၊ ဒေသ၊ ရာသီဥတုနှင့်သင့်လျော်သောမျိုးကို ဦးစားပေးရွေးချယ်စိုက်ပျိုးရန် ဖြစ်ပါသည်။
စပါးမျိုးစေ့သည် ရောဂါပိုးမွှားကင်းစင်သောမျိုးကောင်းမျိုးသန့်မျိုးစေ့ ဖြစ်ရန်လိုပါသည်။
အရည်အသွေးကောင်းသည့်စပါးမျိုးဖြစ်ပြီး အနည်းဆုံးသန့်စင်မှု ၉၇ ရာခိုင်နှုန်းနှင့် အပင်ပေါက် ၈၀ ရာခိုင်နှုန်းရှိ၍ အခြားမျိုးကွဲအစေ့ပါဝင်မှု ၁ ရာခိုင်နှုန်းထက်မပိုသော မျိုးကို အသုံးပြု စိုက်ပျိုးရန် ဖြစ်ပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း (အထူးသဖြင့် မိုးရေသောက် မိုးနည်းပါးဒေသ)တွင် ရွာသွန်းလာသမျှမိုးဖြင့် မိုးစပါးစတင်စိုက်ပျိုးလိုပါက အပင်ပေါက်နိုင်သော မြေအစိုဓာတ်ရရှိသည်ထိ မိုးဦးမိုးရွာသွန်းမှသာ ထယ်ရေးပြုပြင်ပြီး စိုက်ပျိုးသင့်ပါသည်။
အခြောက်ထွန်ရေးပြင်တွင် စပါးတိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်း(Dry Direct Seeding)ဖြင့် ပျိုးခင်းရေရရှိသည်အထိ ရွာသွန်းမည့်မုတ်သုံမိုးကို စောင့်စရာမလိုဘဲ မေလကုန်ခန့်တွင် စတင်စိုက်ပျိုးနိုင်ပါသည်။
ရေအနည်းလိုစပါးမျိုးများ၊ ယာစပါးမျိုးများနှင့် အခြားသက်လျင်အထွက်ကောင်း ရေငတ်ခံစပါးတစ်မျိုးမျိုးကို အသုံးပြုသင့်ပါသည်။
မေလသည် သီးထပ်သီးနှံပုံစံချမှတ်၍ နှစ်သီး(သို့မဟုတ်)သုံးသီး စိုက်ပျိုးနိုင်သည့် ဒေသများအတွက် စိုက်ပျိုးနှစ်အတွင်း ပထမသီးနှံစတင်စိုက်ပျိုးနိုင်သည့်လ ဖြစ်သည်။ ပထမသီးနှံစိုက်ပျိုးရာတွင် မျိုးရွေးချယ်မှုမှန်ကန်ပြီး စိုက်ချိန်မှန်ကန်ကာ စနစ်တကျ ပြုစုစောင့်ရှောက်ကြစေလိုသည်။ ဤသို့ဖြင့် ဆက်လက်စိုက်ပျိုးသည့်သီးထပ်သီးနှံများ လည်းအောင်မြင်ကာ သီးထပ်သီးနှံပုံစံတစ်ခုလုံးမှ အကျိုးအမြတ်ဝင်ငွေကောင်းအောင် ဆောင်ရွက်နိုင်ကြစေလိုပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး