စိုက်ပျိုးသုတမေလ
သင်္ကြန်ပြီးသည်နှင့် တောင်သူလယ်သမားကြီးများ မိုးကိုမျှော်သည်။ ရာသီဥတု ပူလွန်းသဖြင့် အပူချိန်သက်သာလိုတာကြောင့်တစ်ကြောင်း၊ မီးထင်းကိစ္စ စိုးရိမ်ကြောင့်ကျရတာကြောင့်တစ်ကြောင်း ၊ စိုက်ပျိုးရေးနှစ်သစ်စတင်လိုတာကြောင့် တစ်ကြောင်း ဖြစ်ပါမည်။
မိုးစတင်ရွာပြန်တော့လည်း မိုးဦးကျဖြစ်သောကြောင့် များများစားစားရွာလေ့ မရှိ ပါ။ သို့သော် မြန်မာနိုင်ငံအထက်ပိုင်းဒေသ တောင်သူလယ်သမားကြီးများအနေဖြင့်မူ ယာ သီးနှံများကို စတင်စိုက်ပျိုးနိုင်တော့မည်။
စိုက်ပျိုးထားသည့် နွေစပါးသီးနှံရှိသည်။ ကြီးထွားဆဲ၊ သီးပွင့်ဆဲဖြစ်ပါမည်။ ပြုစုဂရု စိုက်မှုလိုနိုင်သေးသည်။
မိုးရေသောက် မိုးနည်းပါးဒေသရှိ အချို့လယ်မြေများတွင် မိုးဦးစပါးစတင်လိုသူများ လည်းရှိနိုင်ပါသည်။
သို့ဖြစ်၍ ယခုမေလတွင် စိုက်ပျိုးသုတအဖြစ် နွေစပါးစိုက်ခင်းများ ဆက်လက် ထိန်းသိမ်းပြုစုရေး၊ မိုးဦးယာသီးနှံများစတင်စိုက်ပျိုးရေးနှင့် မိုးဦးအခြောက်ထွန်ရေး၊ အခြောက်မျိုးစေ့ချစပါးစိုက်ပျိုးရေးတို့နှင့်ပတ်သက်၍ အသိပေးလိုပါသည်။
နွေစပါးသီးနှံ
မြန်မာနိုင်ငံအထက်ပိုင်းဒေသတွင်စိုက်ပျိုးသော နွေစပါးအများစုသည် အပင်ဖြစ် ထွန်းဆဲ၊ ပွားများဆဲ ပင်ပိုင်းကြီးထွားသည့်ကာလ(Vegetative Phase)တွင်ပင် ရှိနေနိုင်ပါ သည်။ အထွက်မိတ်ဖက်တစ်ခု ဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area) များစေရေးအတွက် လွန်စွာအရေးပါသောကာလ ဖြစ်ပါသည်။

ဤကာလတလျှောက်လုံးတွင် စပါးစိုက်ခင်းကို အောက်ပါလုပ်ငန်းများလုပ်ဖို့ တိုက်တွန်းလိုပါသည်။
၁။ ပေါင်းမြက်ကင်းစင်စေရေးကို အထူးဂရုစိုက် ဆောင်ရွက်ရန်၊
၂။ လယ်ကွက်အတွင်းရေမပြတ်စေရေး ထိန်းထားရန်၊
၃။ မြေသြဇာအာဟာရ မချို့ယွင်းစေရေးအတွက်နိုက်ထရိုဂျင်မြေသြဇာ ကျွေးပေးရန်၊
၄။ ပိုးမွှားရောဂါကင်းစင်စေရေး စစ်ဆေးကြည့်ရှု ကာကွယ်နှိမ်နင်းရန်တို့ ဖြစ်ပါ သည်။
မိုးဦးယာသီးနှံများ
မုတ်သုန်မိုးကို အားကိုး၍ သီးနှံစိုက်ပျိုးရသည်ဖြစ်ရာ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ စသည့် ယာသီးနှံတွေ မိုးဦးကျလျှင်ကျ ချင်း စိုက်နိုင်ဖို့ ထွန်ရေး အဆင်သင့် ပြင်ထားသင့်သည်။
အသိပေးလိုသည့်အချက်(၄)ချက်မှာ-
၁။ အပင်ပေါက်ကောင်းနိုင်သည့်မြေအစိုဓာတ်သေချာစွာရရှိမှသာ စိုက်ပျိုးရန်၊
၂။ အပင်ပေါက်(၈၀)ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်မျိုးစေ့ကိုအသုံးပြုရန်၊
၃။ ခြောက်သွေ့မှုဒဏ်(Water Stress)ခံနိုင်ပြီး အပင်ပေါက်သန်စွမ်းကောင်းမွန် သည့် (good seedling vigour)မျိုးကိုအသုံးပြုရန်နှင့်
၄။ ရေမြေဒေသ ကိုက်ညီဖြစ်ထွန်း စျေးကွက်ရှိသည့် မိုးခေါင်ခံမျိုးကို အသုံးပြုရန်တို့ ဖြစ်ပါသည်။
မိုးဦးစပါးသီးနှံ
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း(အထူးသဖြင့်) မိုးရေသောက်မိုးနည်းပါးဒေသတို့အတွက် မိုးစပါးကိုစတင်စိုက်ပျိုးနိုင်ရေးအသိပေးလိုပါသည်။ မုတ်သုံမိုးစတင်ချိန်မှာ နှစ်စဉ်လိုလို ပုံမှန်ထက် နောက်ကျလေ့ရှိသည်။ မိုးဦးကျပြန်တော့လည်း မိုးရေလုံလောက်စွာ မရရှိသည်ကို ကြုံရနိုင်သည်။ ထိုဒေသများအတွက် လယ်ကွက်အတွင်းမှာ ရွာသွန်းလာသမျှမိုးဖြင့် စပါးစိုက်ပျိုးနိုင်သည့် နည်းစနစ် ဖြစ်ပါသည်။
လယ်ကွက်တွင် မိုးစတင်ရွာသွန်းပြီး အစိုဓာတ်ရရှိသည်နှင့် ထယ်ထိုးထွန်မွှေရန် လို သည်။ စပါးမျိုးစေ့ကို စာပါးစပ်ပြူအညှောင့်ဖေါက်ရန်မလိုဘဲ မျိုးစေ့အခြောက်ကို ဒီအတိုင်း ထွန်ရေးပြင်မှာ မျိုးစေ့ချရန် ဖြစ်ပါသည်။ အတန်းလိုက်သော်လည်းကောင်း၊ ကြဲပက် ၍သော်လည်းကောင်း အဆင်ပြေသလို ဆောင်ရွက်နိုင်ပါသည်။
မြေတွင်းအစိုဓာတ်လုံလောက်စွာရရှိချိန် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးရန် မြေပြုပြင်သကဲ့သို့ ထယ်ထိုးထွန်မွှေ၍ စပါးမျိုးစေ့ချစိုက်ပျိုးသည့်စနစ် ဖြစ်ပါသည်။
အခြောက်ထွန်ရေးပြင်မှာ စပါးမျိုးစေ့ချစိုက်ပျိုးခြင်း(dry seeding)ဖြစ်၍ မုတ်သုန်မိုးဖြင့် ပျိုးခင်းရေ ရရှိသည်အထိ စောင့်စရာမလိုပါ။ မေလနောက်ဆုံးပတ်လောက်မှာ ဆင်ရေချိုးမိုး တစ်မိုးနှစ်မိုးလောက် ရွာလျှင်ပင် စိုက်နိုင်ပါသည်။
ယခင်က စပါးတစ်သီးသာစိုက်ပျိုးသည့်လယ်မြေတွင် စပါးနှစ်သီးကို အောင်မြင်စွာ စိုက်ပျိုးနိုင်သောစနစ်ဖြစ်သည်။ ပျိုးထောင်စရိတ်၊ ပျိုးနှုတ်စရိတ်၊ တမန်းပြင်စရိတ်၊ ကောက်စိုက်စရိတ် မကုန်ပါ။ မိုးခေါင်ဒဏ်ခံနိုင်သည်။ အသက်ရက် ၇ မှ ၁၀ ရက်ခန့် စောပြီး ရိတ်သိမ်းနိုင်ပါသည်။
အခြောက်တိုက်ရိုက်စိုက်စပါး(Dry Direct-Seeded Rice)ရိတ်သိမ်းအပြီး ပျိုးထောင်ကောက်စိုက်စပါး(Transplanted Rice)ကို စိုက်ပျိုးနိုင်မည်ဖြစ်၍ သီးနှံပုံစံ (DSR-TPR Cropping Pattern)ကို လုပ်ကိုင်ရာကျပါမည်။
သက်လျင်အထွက်ကောင်းစပါးတစ်မျိုးမျိုးကိုတော့ အသုံးပြုရန်လိုသည်။ ဤနည်းစနစ်တွင် စပါးပင်နှင့် ပေါင်းမြက်ပင်တို့သည် တစ်ပြိုင်တည်းယှဥ်ပြိုင်ပေါက်ရောက်နိုင်သဖြင့် စပါးမျိုးအလိုက် အပင်သက်တမ်း၏ပထမပိုင်း သုံးပုံတစ်ပုံကာလအတွင်း ပေါင်းမြက် ကာကွယ်နှိမ်နင်းမှုကို အထူးဂရုစိုက် ဆောင်ရွက်ရန်တော့ လိုပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး