အစိမ်းရောင်လမ်း
ရွှေဖရုံနဲ့အတူ ယှဉ်တွဲစိုက်ပျိုးသင့်တဲ့ သီးနှံများ

ရွှေဖရုံနဲ့အတူ ယှဉ်တွဲစိုက်ပျိုးသင့်တဲ့ သီးနှံများ

ရွှေဖရုံသီးပင်တွေဟာ ဖော်ရွေတဲ့ သီးနှံတွေဖြစ်ပြီး ၎င်းတို့ရဲ့ အနီးအနားမှာ အခြားသီးနှံတွေ စိုက်ပျိုးတာကို  ကြိုက်နှစ်သက်သလို ညီအစ်မသုံးဖော်လို့ တင်စားခေါ်ဝေါ်ကြတဲ့ သီးနှံ ၃ မျိုးထဲက ၁  မျိုးလည်းဖြစ်ပါတယ်။

ရွှေဖရုံသီး၊ ပြောင်း နဲ့ ပဲပင်တွေကို ညီအစ်မသုံးဖော်လို့ ခေါ်ဆိုကြပြီး အတူ ပေါင်းစပ်စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ဒီသီးနှံ ၃ မျိုးကို ပေါင်းစပ်ပြီး စိုက်ပျိုးခြင်းဟာ ထူးဆန်းတယ်လို့ ထင်ရပေမယ့်လည်း တကယ်စိုက်ပျိုးကြည့်တဲ့အခါမှာ အချင်းချင်း အပြန်အလှန် အကျိုးဖြစ်ထွန်းစေနိုင်တာလည်း ဖြစ်ပါတယ်။ 

သင့်တော်တဲ့ သီးနှံတွေကို အတူယှဥ်တွဲပြီး စိုက်ပျိုးခြင်းဟာ အကျိုးအမြတ်ရရှိနိုင်တဲ့ နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။

အဓိကရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ မြေနေရာချွေတာနိုင်ခြင်း၊ မြေဆီလွှာကျန်းမာရေး ကောင်းမွန်စေခြင်း၊ ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများ ထောက်ပံ့ပေးနိုင်ခြင်းနဲ့ ပိုးမွှား ထိန်းချုပ်နိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။ သီးနှံတွေစိုက်ပျိုးရာမှာ အမျိုးအစားပေါ်မူတည်ပြီး တွဲဖက်စိုက်ပျိုးနိုင်တဲ့ ဥပမာများစွာရှိသလို ရွှေဖရုံသီးတွေဟာ အနီးအနားမှာစိုက်ပျိုးတဲ့ အခြားသော သီးနှံတွေနဲ့  ကောင်းစွာ အလုပ်လုပ်ဆောင်နိုင်တဲ့ အပင်တွေ ဖြစ်ပါတယ်။ ရွှေဖရုံသီး စိုက်ပျိုးတဲ့အခါ ၎င်းအတွက် သင့်တော်တဲ့ အဖော်သီးနှံတွေကို ရွေးချယ်စိုက်ပျိုးမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အပင်ကြီးထွားမှု အခြေအနေတွေကို ရရှိနိုင်မှာဖြစ်သလို ပိုးမွှားကျရောက်နိုင်မှုနည်းပြီး သီးနှံပင်အချင်းချင်း အကျိုးဖြစ်ထွန်းစေတဲ့အခါ သီးနှံစိုက်ခင်းတွေကို ထိန်းသိမ်းပြုစုရာမှာလည်း လုပ်အားနည်းသွားစေမှာ ဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော့ ရွှေဖရုံသီးနဲ့ ဘယ်လို သီးနှံတွေကို တွဲဖက်စိုက်ပျိုးနိုင်မလဲဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ပြောင်း

ပြောင်းပင်ဟာ ညီအစ်မသုံးဖော်ထဲက တစ်ဦးအဖြစ် အထက်မှာ ဖော်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ ပြောင်းဖူးနဲ့ ရွှေဖရုံသီးတွေကို ခေတ်အဆက်ဆက် အတူတကွ စိုက်ပျိုးခဲ့ကြတာပါ။ ပြောင်းဖူးပင်တွေဟာ နေရောင်ခြည်များစွာလိုအပ်ပြီး ၎င်းရဲ့အပင်အမြင့်ဟာ ရွှေဖရုံသီးအတွက် အရိပ်ပေးတဲ့အတွက်ကြောင့် ၎င်းတို့ဟာ အပြန်အလှန်အကျိုးပြုနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် ပြောင်းဖူးဟာ ရွှေဖရုံသီးရဲ့ နွယ်ပင်တွေ တက်နိုင်ဖို့အတွက် ရိုးတံအနေနဲ့လည်း ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ 

အခြားတစ်ဖက်မှာဆိုရင်လည်း ရွှေဖရုံသီးဟာ အပင်ကြီးထွားလာတာနဲ့အမျှ မြေပေါ်မှာဖြန့်ကျက် ပေါက်ရောက်နိုင်တာဖြစ်ပြီး ပေါင်းမြက်တွေ ပေါက်ရောက်နိုင်မှုကိုလည်း အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် ရွှေဖရုံသီးရဲ့ နွယ်ပင်တွေနဲ့ အရွက်တွေဟာ မြေဆီလွှာအတွင်း အစိုဓာတ်ထိန်းပေးဖို့ကို ကူညီဖန်တီးပေးနိုင်ပြီး အမြစ်များ အပူလွန်ကဲခြင်းကနေလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။  

ပဲတောင့်ရှည် 

ညီအစ်မသုံးဖော်ထဲက နောက်ဆုံးကျန်တဲ့ တစ်ဦးကတော့ ပဲပင်ဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ပြောင်းဖူးပင်ဟာ ပဲပင်ကြီးထွားဖို့အတွက် လိုအပ်တဲ့ ရိုးတံကို ပံ့ပိုးပေးနိုင်တဲ့အတွက် သီးနှံစိုက်ခင်းတွေမှာ နေရာအပို ရရှိစေမှာ ဖြစ်ပါတယ်။ ထို့အပြင် ပဲပင်ဟာ ရွှေဖရုံသီးတွေ ဖြစ်ထွန်းအောင်မြင်ဖို့အတွက် လိုအပ်တဲ့ နိုက်ထရိုဂျင်ဓာတ်တွေကို မြေဆီလွှာထဲ ပြန်လည်ဖြည့်သွင်းပေးခြင်းဖြင့် အာဟာရဓာတ်ကို ဆာလောင်နေတဲ့ ရွှေဖရုံသီးတွေအတွက် အာဟာရဓာတ် ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ 

ထို့အပြင် ပဲပင်တွေဟာ ပြောင်းဖူးတွေမှာ ကျရောက်တတ်တဲ့ အဖျက်ပိုးမွှားတွေ ဖြစ်ကြတဲ့ ကျိုင်းပိုး၊  ရွက်စား ဖြုတ်ပိုးနဲ့ ငမြှောင်တောင်ပိုး ကဲ့သို့ အဖျက်ပိုးတွေကို ဖမ်းယူစားသောက်တဲ့ အကျိုးပြုအင်းဆက်များ လာရောက်နိုင်အောင် ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။ 

မုန်လာဥဖြူ

ရွှေဖရုံသီးနဲ့ တွဲဖက်စိုက်ပျိုးနိုင်တဲ့ ညီအစ်မ ၄ ဖော်သာရှိခဲ့မယ်ဆိုလျှင် ပြောင်းဖူး၊ ပဲ၊ ရွှေဖရုံသီးတို့နဲ့ အလွန်လိုက်ဖက်တဲ့ သီးနှံဟာ မုန်လာဥဖြူ ဖြစ်ပါတယ်။ အေးတဲ့ရာသီဥတုဟာ မုန်လာဥဖြူ စိုက်ပျိုးဖို့အတွက် အသင့်တော်ဆုံးဖြစ်ပေမယ့်လည်း ၎င်းတို့ဟာ အပူဒဏ်ကိုလည်း အသင့်တင့် ခံနိုင်ရည်ရှိတာ ဖြစ်ပါတယ်။ မုန်လာဥဖြူဟာ ၎င်းနဲ့တွဲဖက်စိုက်ပျိုးတဲ့ အပင်တွေမှာ ကျရောက်တတ်တဲ့ ကျိုင်းပိုးကဲ့သို့ အဖျက်ပိုးမွှားတွေကို မလာရောက်နိုင်အောင် ကာကွယ်ပေးထားခြင်းဟာ ထူးခြားတဲ့ အားသာချက်ဖြစ်ပါတယ်။ ရွှေဖရုံသီးပင်တွေရဲ့အနီးမှာ မုန်လာဥဖြူစိုက်ပျိုးခြင်းဟာ ဆာလောင်နေတဲ့ အဖျက်ပိုးမွှားများကို ၎င်းတို့ရဲ့ အရွက်စိမ်းတွေပေါ်မှာပဲ စားသောက်ဖို့အတွက် ပိုးမွှားများကို ဆွဲဆောင်ထားနိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် မုန်လာဥဖြူဟာ ရွှေဖရုံသီးမှာ ကျရောက်တတ်တဲ့ Squash Borer ကဲ့သို့ ပိုးမွှားတွေကို တွန်းလှန်ရာမှာ ထိရောက်မှု ရှိတာ ဖြစ်ပါတယ်။ 

ထပ်တရာပန်း 

ချစ်တီးပန်းလို့လည်း ခေါ်ဆိုကြတဲ့ ထပ်တရာပန်းပင်တွေဟာ ရွှေဖရုံသီးပင်တွေနဲ့ ကောင်းစွာ အလုပ်လုပ်နိုင်သော သန်မာတဲ့ အပင်တွေဖြစ်ပါတယ်။ ထပ်တစ်ရာပန်းတွေဟာ အလှဆင်ရုံသပ်သပ် အသုံးဝင်တာမျိုးမဟုတ်ဘဲ ဆေးဘက်ဆိုင်ရာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်း အကျိုးပြုပါသေးတယ်။ စိုက်ပျိုးရေးမှာဆိုရင် ထပ်တစ်ရာပန်းတွေကို သီးနှံစိုက်ခင်းတွေမှာ ထောင်ခြောက်သီးနှံ (Trap crop) အနေနဲ့လည်း အသုံးချနိုင်ပါတယ်။ ၎င်းတို့ဟာ ရေလည်း များများစားစား မလိုအပ်ဘဲ ရေဆင်းကောင်းတဲ့ မြေဆီလွှာမှာ ရှင်သန်ဖြစ်ထွန်းနိုင်တာ ဖြစ်ပါတယ်။ ထပ်တရာပန်းဟာ သီးနှံစိုက်ခင်း အတော်များများမှာ တွဲဖက်စိုက်ပျိုးနိုင်ပြီး အကျိုးရှိစေတဲ့ ပန်းပင်တစ်မျိုးဖြစ်ပါတယ်။  

ထို့အပြင် ထပ်တရာပန်းပင်တွေဟာ ဗူး၊ ဖရုံ၊ သခွား တွေမှာ ကျရောက်တတ်တဲ့ ကျိုင်းနဲ့ ဂျပိုး အုပ်စုဝင် ပိုးမွှားတွေကို ဟန့်တားပေးနိုင်တာကြောင့် ‌ရွှေဖရုံသီးပင်တွေကို ဘေးကင်းစေမှာလည်း ဖြစ်ပါတယ်။ ထပ်တစ်ရာပန်းပွင့်တွေဟာ အချိန်တော်တော်ကြာကြာ ပန်းပွင့်နိုင်တာကြောင့် ပန်းပွင့်နေတဲ့ ကာလတစ်လျှောက်လုံးမှာ လိပ်ပြာ၊ ပျားအပါအဝင် အခြားသော ဝတ်မှုန်ကူး အင်းဆက်တွေလာရောက်နိုင်တဲ့ အရင်းအမြစ်ကောင်း တစ်ခုလည်းဖြစ်ပါတယ်။ စိုက်ခင်းထဲ (သို့မဟုတ်) စိုက်ခင်း ပတ်ဝန်းကျင်မှာ ထပ်တစ်ရာပန်းပွင့်တွေ ရှိနေခြင်းအားဖြင့် ဇာတောင်ပိုး၊ လိပ်ခုံးကျိုင်း၊ ကပ်ပါးနဂျီကောင်၊ ပျစားယင် အပါအဝင်အခြားသော အကျိုးပြုအင်းဆက်တွေကိုပါ စိုက်ခင်းဆီသို့ ဆွဲဆောင်နိုင်မှာဖြစ်ပြီး ပျ အပါအဝင် အခြားသော သီးနှံအဖျက်ပိုးတွေကိုပါ သဘာဝအတိုင်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

တောင်ကြာကလေး တောင်ကြာကလေးအပင်ဟာလည်း သီးနှံစိုက်ခင်းတွေမှာ ပိုးမွှားများစွာကို ဟန့်တားနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် တွဲဖက်စိုက်ပျိုးသင့်တဲ့ အပင်ဖြစ်ပါတယ်။ တောင်ကြာကလေးအပင်ဟာ အစိုဓာတ်နိမ့်ပြီး မြေဆီဩဇာနည်းတဲ့ နေရာတွေမှာလည်း ရှင်သန်ပေါက်ရောက်နိုင်ကြတာ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ ရှင်သန်ကြီးထွားနိုင်မှု အခြေအနေတွေဟာ ရွှေဖရုံသီးပင်တွေနဲ့ အပြည့်အဝ သဟဇာတမဖြစ်ပေမယ့်လည်း ရွှေဖရုံသီးပင်တွေရဲ့ အနီးတစ်ဝိုက်မှာ စိုက်ပျိုးထားရှိခြင်းဖြင့် ပိုးမွှားထိန်းချုပ်ရာမှာ ထိရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် တောင်ကြာကလေးဟာ ရွှေဖရုံသီးမှာ ကျရောက်တတ်တဲ့ ဂျပိုးနဲ့ ကျိုင်းအုပ်စုဝင် ပိုးမွှားတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် တောင်ကြာကလေးဟာ ရွှေဖရုံပင်တွေအတွက် ဝတ်မှုန်ကူးပေးနိုင်တဲ့ အကျိုးပြုအင်းဆက်တွေ လာရောက်နိုင်အောင်လည်း ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။ 

အထက်မှာ ဖော်ပြခဲ့တာကတော့ ရွှေဖရုံသီးပင်တွေနဲ့ အတူယှဥ်တွဲစိုက်ပျိုးတဲ့အခါ အကျိုးရှိစေမဲ့ အဖော်ပင်တွေဖြစ်ကြပြီး တွဲဖက်မစိုက်ပျိုးသင့်တဲ့ အပင်တွေလည်းရှိပါတယ်။ တွဲဖက်မစိုက်ပျိုးသင့်တဲ့ အပင်တွေကတော့ အာလူး၊ ကြက်သွန်၊ ပန်းဂေါ်ဖီ၊ ကိုက်လန်၊ ဖရဲ၊ သခွား စတဲ့အပင်တွေဖြစ်ကြပါတယ်။ ဖရုံ၊ သခွား၊ ဖရဲ စတဲ့ သီးနှံတွေဟာ "Cucurbitaceae" ဆိုတဲ့ မျိုးရင်းထဲမှာ ပါဝင်နေတဲ့ သီးနှံတွေဖြစ်ပြီး သူတို့မှာ အဖျက်ပိုးနဲ့ ရောဂါကျရောက်မှု တူညီကြသလို အာဟာရလိုအပ်ချက်တွေလည်း တူညီနေကြတာကြောင့် ဖြစ်ပါတယ်။ အာလူးပင်တွေဆိုရင်လည်း ဖရုံသီးပင်တွေလိုပဲ နိုက်ထရိုဂျင်နဲ့ ဖော့စဖောရပ်စ်ဓာတ်ကို လိုအပ်တာချင်း တူညီကြသလို အနီးကပ်စိုက်ပျိုးတဲ့အခါ မှိုရောဂါတွေကိုပါ ကူးစက်ပျံ့နှံတတ်တာကြောင့် ဖရုံနဲ့ အာလူးကို အတူစိုက်ပျိုးတာမျိုးရှောင်ရှားသင့်ပါတယ်။ 

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

3
စောကောင်းထက်ညီညီ

စောကောင်းထက်ညီညီ

လွန်ခဲ့သော ၂ လ က

ငရုတ်ကောင်းစျေး

ဇင်ထူးနိုင်

ဇင်ထူးနိုင်

လွန်ခဲ့သော ၂ နှစ် က

ရွှေဖရုံက နွယ်ပင်ဖြစ်ပေမဲ့လည်း စိုက်ပျိုးနည်းစနစ်အရဆိုရင် ပြောင်းနဲ့ အတူစိုက်ပျိုးလို့ရတဲ့ နွယ်ပင်ဖြစ်ပါတယ်။ အကယ်လို့ နွယ်တက်မှာ စိုးရိမ်တယ်ဆိုရင်တော့ သင့်တော်မဲ့ အကွာအဝေးတစ်ခု ခြားပြီးမှ စိုက်ပျိုးမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ ရွှေဖရုံသီး အသေးမျိုးတွေဆိုရင်တော့ အနီးကပ်စိုက်ပျိုးလို့ ရနိုင်ပါတယ်ခင်ဗျ။

ဉာဏ်မျိုးဇော်

ဉာဏ်မျိုးဇော်

လွန်ခဲ့သော ၂ နှစ် က

ပြောင်းဆိုတော့ နွယ်မျိုးရင်းပင်တွေက ဆွဲလဲသွားရင် ဘာစားမှာလည်း စဉ်းစားပါ အဓိက၊ သာမည

You

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....