အစိမ်းရောင်လမ်း
ထုံးနဲ့ ကျောက်မှုန့် ဘာတွေကွာလဲ

ထုံးနဲ့ ကျောက်မှုန့် ဘာတွေကွာလဲ

Thein Soe Min
Thein Soe Min 05/07/2021

    ထုံးနဲ့ ကျောက်မှုန့်ကို ဘာတွေကွာလဲလို့ မေးလေ့ရှိကြပါတယ်။ တကယ်က သဘောတရား မတူတဲ့အတွက် နှိုင်းယှဉ်လို့လည်း မသင့်တော်ပါဘူး။ သူတို့ရဲ့သဘောတရားတွေကို နားလည်ရင် ဘာတွေကွာပြီး ဘယ်လိုသုံးမလဲဆိုတာ နားလည်လာမှာပါ။ 

ကျောက်မှုန့်

    ဂျစ်ပဆန်လို့ခေါ်တဲ့ ကျောက်မှုန့်က ကယ်လဆီယမ်ဆာလဖိတ်ဖြစ်ပါတယ်။ ကယ်လဆီယမ် (Ca) နဲ့ ဆာလဖာ (S) တို့ပါဝင်ပါတယ်။​ မြေကြီးကို ပိုကောင်းလာဖို့အတွက် သုံးကြပါတယ်။ 

အကျိုးပြုပုံ

    ရွှံ့စေးဆန်လွန်းတဲ့မြေကြီးတွေမှာ မြေကြီးဖွဲ့စည်းပုံကောင်းလာဖို့၊ ရေစိမ့်နိုင်စွမ်းကောင်းလာဖို့၊ ထွန်ယက်လို့ အဆင်ပြေလာဖို့အတွက် သုံးကြပါတယ်။ ဂျစ်ပဆန်က သိပ်သည်းနေတဲ့ မြေကြီးတွေကို မွလာစေပြီး အပင်အတွက်လိုအပ်တဲ့ အာဟာရနဲ့ လေတို့ကို ရရှိလာအောင် စွမ်းဆောင်ပေးပါတယ်။ ​နောက်တစ်ခုက ဂျစ်ပဆန်က မြေချဉ်ငန်ဓာတ်အပေါ်မှာ သက်ရောက်မှု အလွန်နည်းပါတယ်။​ ဆားပါဝင်မှုမြင့်တဲ့ မြေကြီးတွေမှာ ဆားဓာတ်နေရာမှာ ကယ်လဆီယမ်ဓာတ်နဲ့ အစားထိုးဖို့ သုံးပါတယ်။ ဒါကြောင့် ရွံ့စေးမြေကို ပြင်ဖို့အတွက် သုံးတာ အသင့်တော်ဆုံးပါ။​

မြေချဉ်ငန်ဓာတ် (pH)

    ထုံးအကြောင်းကိုပြောဖို့ဆို မြေချဉ်ငန်ဓာတ် (pH) ကို ပြန်ပြောဖို့လိုပါတယ်။​ အညွှန်းကိန်းက ၁-၁၄ ထိရှိပြီး ၀-၆.၅ ထိကို ချဉ်တယ်လို့ သတ်မှတ်ကြတယ်။ ၇.၅ အထက် ၁၄ ထိဆိုရင်တော့ ငန်တယ်လို့ သတ်မှတ်ပါတယ်။ ၇ ပတ်ဝန်းကျင်ဆိုရင်တော့ သမတဲ့အနေထားပါ။ ဒါတွေဘာလို့ သိဖို့လိုအပ်လဲဆိုရင် ဒီ pH အပေါ်မှာမူတည်ပြီး အပင်ကနေ အာဟာရရယူနိုင်စွမ်းက ပြောင်းလဲသွားပါတယ်။ ဥပမာ မြေချဉ်ရင် ပိုတက်ဆီယမ်၊ ဖော့စဖောရပ်၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ် စတဲ့အဟာရဓာတ်တွေကို အပင်က စုပ်ယူနိုင်စွမ်းကျသွားပါတယ်။ ဒီတော့ မြေသြဇာကျွေးလည်း အပင်က ကောင်းကောင်းမရနိုင်တော့ဘူး။ တစ်ဖက်ကပြန်ကြည့်ရင် အလူမီနီယံ၊ ကေ့ာပါး၊ သံဓာတ်၊ မဂ္ဂနိ၊ ဇင့် ဒီဓာတ်တွေကို အပင်က ရယူနိုင်စွမ်း အရမ်းမြန်သွားတဲ့အတွက်ကြောင့် အပင်အဆိပ်သင့်တာမျိုးတွေ ဖြစ်ကုန်ပါတယ်။​ ဥပမာ သံဓာတ်အဆိပ်သင့်ပြီး နီတိုဝင်တာမျိုး။ 

ထုံး

    ထုံးမှာ ၂ မျိုးရှိတယ်။ ဆောက်လုပ်ရေးထုံးနဲ့ ဒိုလိုမိုက်ပါ။ ဒိိုလိုမိုက်ကတော့ ဈေးကွက်ထဲမှာ သတိမထားမိပါဘူး။ အာနိသင်သိပ်မကွာတဲ့အတွက်ကြောင့် ဈေးသက်သာတဲ့ ရိုးရိုးထုံး ပဲ​သုံးကြပါတယ်။ 

    ထုံးကိုတော့ ချဉ်နေတဲ့မြေကြီးတွေကို ပြင်ဖို့အတွက်၊ pH မြင့်လာဖို့အတွက် အသုံးပြုကြပါတယ်။ ထုံးရဲ့အကျိုးပြုပုံကတော့ “စိုက်ပျိုးရေးမှာ ထုံးထည့်ခြင်းက ဘာတွေကောင်းလာမလဲ” ဆိုတဲ့ ဆောင်းပါးမှာ အပြည့်အစုံဖတ်နိုင်ပါတယ်။ 

    ဒီတော့ ၂ ခုပြန်ယှဉ်ရရင် ထုံးက မြေချဉ်တာကိုပြုပြင်ဖို့အတွက် အသုံးပြုပြီးတော့ ကျောက်မှုန့်ကတော့ ရွံ့စေးဆန်တဲ့ မြေကြီးတွေမှာ မြေကြီးဖွဲ့စည်းပုံကောင်းလာပြီး အပင်က အဟာရဓာတ်တွေ ပိုရရှိလာစေဖို့အတွက် အသုံးပြုပါတယ်။ 

    နောက်တစ်ချက်သတိထားဖို့ကတော့ ထုံးက ဓာတ်ပြိုကွဲဖို့ခက်တဲ့အတွက် အပင်မစိုက်ခင် ၁ လလောက် မြေကြီးထဲ ကြိုထည့်ပေးထားဖို့လိုပါတယ်။ (စပါးခင်းမှာ ရေညှိသက်သာဖို့ ထည့်တာတော့ ရှိပါတယ်။) ကျောက်မှုန့်ကတော့ ပြိုကွဲလွယ်တဲ့အတွက်ကြောင့် မြေပြင်တုန်းမှာ ထည့်နိုင်သလို အပင်ကြီးထွားစဉ်ကာလမှာလည်း ထည့်ပါတယ်။ စပါးခင်းတွေမှာ ကျောက်မှုန့်ထည့်တာ အကျိုးရှိတဲ့အတွက်ကြောင့် စပါးမှာ ထည့်သွင်းသုံးစွဲမှု များလာပါတယ်။ 

Ref: gardenguides.com 

6
yan paing oo

yan paing oo

လွန်ခဲ့သော ၃ နှစ် က

၁လကြိုထည့်ဆိုတဲ့နေရာ မြေကြီးနဲ့ထုံးသမအောင်လုပ်pရင် မြေကြီးးကိုရေလောင်းပေးဖို့လိုအပ်လားဗျာ

မိုးယံမင်းထက်

မိုးယံမင်းထက်

လွန်ခဲ့သော ၄ နှစ် က

စာသားလေးအနည်းငယ်ယူပါရစေဗျ

Than Naing Soe

Than Naing Soe

လွန်ခဲ့သော ၅ နှစ် က

ဘလို သိမျးထားရတာလဲ software မာ မပါဘူးလား

U Than Zaw Oo

U Than Zaw Oo

လွန်ခဲ့သော ၅ နှစ် က

ဆရာငါအမိုင်နိုအက်ဆစ် မှာသကြားပါတော့ ပိုအလွယ်တကူမကျနိုင်ဖူးလား ရှင်းပြပေးပါ

သန်းဆွေ

သန်းဆွေ

လွန်ခဲ့သော ၅ နှစ် က

၃ လမြေပဲကို ကျောက်မှုန့်ကျွေးရင် တဧက ကိုဘယ်နှစ်အိတ်ကျွေးရပါလဲခဗျာ

You

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....