မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိသောမျိုးကို အသုံးပြုခြင်းဖြင့် မြေပဲသီးနှံစိုက်ပျိုးအောင်မြင်ရေး
မြေပဲသီးနှံကို မိုးရာသီမှာစိုက်သည်။ ဆောင်းရာသီတွင်လည်းစိုက်သည်။ အများစုစိုက်ပျိုးသည်က မိုးရွာသွန်းမှုနည်းပါးသောဒေသများဖြစ်သည့် စစ်ကိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဖြစ်သည်။
မြေပဲသီးနှံစိုက်ပျိုးရာတွင် အထွက်ကောင်းဖို့အတွက် စိုက်ချိန်၊ စိုက်စနစ်၊ မြေသြဇာအသုံးပြုမှု၊ ပေါင်းမြက်၊ ရောဂါ၊ ပိုးမွှားကြိုတင်ကာကွယ်မှု စသည် ပြည့်စုံမှန်ကန်အောင် လုပ်ကိုင်ဆောင်ရွက်နေတာတွေ တွေ့မြင်ရပါသည်။
မြေပဲသီးနှံအထွက်နှုန်းမိတ်ဖက်
မြေပဲသီးနှံစိုက်ပျိုးရာတွင် အထွက်ကောင်းဖို့အတွက် အထွက်နှုန်းမိတ်ဖက်တွေကောင်းအောင် အလေးထားလုပ်ကိုင်ရမှာဖြစ်သည်။ အထွက်နှုန်းမိတ်ဖက် (၄) ချက်ရှိသည်။
၁။ ယူနစ်ဧရိယာတစ်ခုအတွင်းရှိ အပင်ဦးရေ
၂။ တစ်ပင််ပါအောင်တောင့်အရေအတွက်
၃။ အဆံထွက်ရာခိုင်နှုန်းနှင့်
၄။ အစေ့ (၁၀၀) အလေးချိန်တို့ ဖြစ်ပါသည်။
တောင်သူလယ်သမားကြီးများသည် စိုက်ပျိုးသမျှသီးနှံတိုင်း အထွက်ကောင်းလိုသည်။ အားသွန်ခွန်စိုက်ကြိုးပမ်းကြမှာဖြစ်သည်။ မြေပဲသီးနှံ အထွက်နှုန်းကောင်းရေးကိုလည်း လိုလေသေးမရှိ ဆောင်ရွက်ကြမည်ဟု ယုံကြည်ပါသည်။
မျှော်မှန်းအထွက်ရရှိရေး
နည်းစနစ်တွေ မည်မျှပင်ကောင်းနေပါစေ။ မျှော်မှန်းအထွက်ကို ပုံသေရရှိနိုင်သည်လို့ ပြောနိုင်ပါမည်လား။
ယခုအချိန်အခါတွင် သီးနှံများအောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် ရာသီဥတုပြောင်းလဲမှုအဟန့်အတားကို ရင်ဆိုင်နေရတာ ကမ္ဘာနှင့်အဝှမ်းဖြစ်ပါသည်။
မြေပဲစိုက်ပျိုးရာတွင် မိုးရေကိုသာ အားကိုးစိုက်ပျိုးရသည်ဖြစ်ရာ သီးနှံအတွက် လိုအပ်ချိန်တွင် မိုးရွာသွန်းမှုနည်းပါးပြီး အစိုဓာတ်မလုံလောက်မှုကြောင့် သီးနှံဖြစ်ထွန်းမှုနည်းကာ မျှော်မှန်းအထွက်ကို ရရှိနိုင်ခြင်းမရှိတာ နှစ်စဥ်လိုလိုကြုံတွေ့နေရကြောင်း သိရှိရပါသည်။
မိုးခေါင်ဒဏ်ခံနိုင်သည့်မျိုးကိုစိုက်ပျိုးရေး
မြေပဲသီးနှံအောင်မြင်ဖြစ်ထွန်းဖို့ဆိုလျှင် ရာသီဥတုဖေါက်ပြန်နေသော ယနေ့အချိန်အခါကာလ၌ မိုးခေါင်ဒဏ်ခံနိုင်သည့်မျိုးကို စိုက်ပျိုးသင့်ပါသည်။ စိုက်ပျိုးလိုက်သော မြေပဲမျိုးသည် ဒေသရေမြေဖြစ်ထွန်းရန်လိုသည်။ မိုးခေါင်ခံဖို့လိုသည်။ မြေတွင်း အစိုဓာတ်နည်းသည့်အခြေအနေအတွက် သင့်တော်သည့်မျိုးဖြစ်သင့်ပါသည်။
မိမိဒေသနှင့်သင့်တော်သည့် စိုက်ပျိုးနေကျ သခင်မစွန့်သည့်မြေပဲမျိုးကို ဆက်လက်စိုက်ပျိုးနေတာတွေ ရှိနိုင်ပါသည်။ အထွက်နှုန်းမြင့်မားခြင်းမရှိသော်လည်း အထွက်တစ်စုံတစ်ရာရသမျှနှင့် ကျေနပ်နေမှုများလည်း ရှိနိုင်ပါသည်။
မိုးခေါင်ဒဏ်ခံမြေပဲမျိုးများတွင် စံထားရလောက်သော သုတေသနပြု ထုတ်ဝေထား သည့် မြေပဲမျိုး (၃) မျိုးကို အသိပေးလိုပါသည်။ အချို့တောင်သူများ လက်မလွတ်တမ်း စိုက်ပျိုးလျက်ရှိကြောင်းသိရပါသည်။ အဆိုပါမျိုးများမှာ (၁) ဆင်းပဒေသာ-၆၊ (၂) မကွေး-၁၀ နှင့် (၃) ဆင်းပဒေသာ-၁၂ တို့ ဖြစ်ပါသည်။
ဆင်းပဒေသာ-၆ မြေပဲမျိုး
မိုးခေါင်ဒဏ်ခံနိုင်သော မြေပဲမျိုးဖြစ်ပါသည်။ အရည်အသွေးလက္ခဏာအချို့ကို ဖေါ်ပြရလျှင်-အပင်ပုံစံမှာ ပင်ထောင်ဖြစ်ပြီး အသက်ရက်- ၁၀၅ မှ ၁၁၀ ဖြင့် နှုတ်သိမ်းနိုင်သည်။
တစ်ပင်တွင်အောင်မြင်သော အတောင့်- ၁၅ မှ ၂၀ ပါပြီး တစ်တောင့်ရှိအစေ့အရေအတွက်မှာ- ၂ မှ ၁ ဖြစ်သည်။ အစေ့ခွံအရောင်မှာ ပန်းရောင်ဖြစ်သည်။ အဆံထွက်ရာခိုင်နှုန်းသည် ၇၄ ဖြစ်ပြီး အစေ့(၁၀၀)တွင် ၄၀ ဂရမ်အလေးချိန်ရှိကာ ဆီပါဝင်မှုရာခိုင်နုန်းသည် ၄၉ မှ ၅၁ ဖြစ်ကြောင်း သိရပါသည်။
မကွေး-၁၁ မြေပဲမျိုး
မိုးခေါင်ဒဏ်ခံနိုင်သော မြေပဲမျိုးဖြစ်သည်။ အဆံထွက်ကောင်းသောမျိုးဖြစ်သည်။ မြေပဲမျိုး၏အပင်ပုံစံမှာ- ပင်ထောင်မျိုးဖြစ်သည်။ အပင်များ၏ ၅ဝ ရာခိုင်နှုန်း ပန်းပွင့်သည့်ရက်မှာ၂၅ ရက်သားတွင်ဖြစ်ပြီး အပင်သက်တမ်း ၁၀၅ ရက်ခန့်တွင် နှုတ်သိမ်းနိုင်သည်။
တစ်တောင့်တွင်အစေ့ ၂ မှ ၁ စေ့ ပါလေ့ရှိပြီး အစေ့ခွံအရောင်မှာ ပန်းရောင်ဖြစ်သည်။ အဆံထွက်ရာခိုင်နှုန်းမှာ ၇၅ ဖြစ်ပြီး အစေ့ ၁၀၀ တွင် ၃၈ ဂရမ် အလေးချိန််စီးကာ ဆီပါဝင်မှုရာခိုင်နုန်းမှာ ၅၀ ဖြစ်ကြောင်း သိရပါသည်။
ဆင်းပဒေသာ - ၁၂ မြေပဲမျိုး
မိုးခေါင်ဒဏ်ခံနိုင်ပြီး မိုးရွာသွန်းမှုနည်းပါးသော အပူပိုင်းဒေသနှင့် သင့်တော်သောမျိုးဖြစ်ကြောင်း သိရပါသည်။ မြေပဲမျိုး၏အပင်ပုံစံမှာ ပင်ထောင်မျိုးပင်ဖြစ်သည်။ အပင်သက်တမ်း ၁၀၅ ရက် မှ ရက် ၁၁၀ နှင့် နှုတ်သိမ်းနိုင်သည်။ တစ်ပင်ပါအောင်တောင့်- ၁၅ မှ ၂၅ ရှိပြီး အဆံထွက် ရာခိုင်နှုန်း- ၇၂ ဖြစ်သည်။ အစေ့ ၁၀၀ တွင် ၃၀ မှ ၄၀ ဂရမ် အလေးချိန််စီးကာ ဆီပါဝင်မှုရာခိုင်နှုန်းမှာ ၄၇ ဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးရေချိန်နည်းပါးသည့် အပူပိုင်းဇုန်ဒေသများတွင်စိုက်ပျိုးသော မြေပဲသီးနှံ စိုက်ပျိုးကြီးထွားစဥ်ကာလအတွင်း ရက်ရှည်ကြာ မိုးပြတ်လပ်မှုများနှင့် ကြုံတွေ့နိုင်သည်ဖြစ်ရာ စိုက်ပျိုးစဥ်ကပင် သင့်တော်သည့် မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိသောမျိုးကို အသုံးပြုခြင်းဖြင့် မြေပဲသီးနှံစိုက်ပျိုးအောင်မြင်ကြစေလိုပါသည်။
မောင်ညွန့်ရင်
လွန်ခဲ့သော ၄ နှစ် ကShareပြီဗျို့
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး