မှိုသတ်ဆေးများအကြောင်း အပိုင်း(၁)
လူတွေမှာလိုပဲ အပင်တွေမှာလည်း ရောဂါတွေဖြစ်ပါတယ်။ ရောဂါလို့ဆိုလိုက်တာနဲ့ အားလုံးနီးပါး အသိများတာကတော့ မှိုရောဂါတွေပဲ ဖြစ်ပါတယ်။
မှိုရောဂါတွေဖြစ်ရင် အထွက်နှုန်းဆိုးဆိုးဝါးဝါး မကျသွားစေဖို့ မှိုသတ်ဆေးတွေလည်း လိုလာပါတယ်။
ဒါကြောင့် စိုက်ပျိုးရေးမိတ်ဆွေများအနေဖြင့် မှိုသတ်ဆေးများအကြောင်းကို အခြေခံမှစပြီးပိုမို နားလည်လာစေဖို့ စိတ်ဝင်စားစရာတွေကို အပိုင်းလိုက် ရေးသားဖော်ပြသွားပေးပါမယ်။
မှိုရောဂါဆိုတာ အပင်ပေါ်မှာ အပင်သေးသေးလေးတွေဖြစ်လာတာပါ။ အရွက်ပေါ်မှာပဲ ဖြစ်တဲ့ မျက်စိနဲ့ မမြင်ရတဲ့ အပင်လေးတွေလို့ဆိုနိုင်ပါတယ်။ မှိုရောဂါဖြစ်ရာမှာ ခွဲခြားနိုင်တဲ့ အဆင့် ၃ ဆင့်ရှိပါတယ်။
(၁) မှိုမျှင်ထုတ်တဲ့ အဆင့်
(၂) မှိုအမျှင်ထွက်တဲ့ မှိုစပိုးအဆင့်
(၃) မှိုစပိုးတွေ အညှောင့်ပေါက်ကာ ပြန့်ပွားတဲ့အဆင့် ဆိုတာတွေပဲဖြစ်ပါတယ်။
မှိုရောဂါကျရောက်ပြီဆိုရင် အပင်တွေကို ဆိုးရွားစွာထိခိုက်နိုင်တဲ့အတွက် စသိတဲ့ အဆင့်ကစပြီး ဘယ်အဆင့်မဆို မှိုသတ်ဆေးအသုံးပြုရပါမယ်။ မှိုသတ်ဆေးကို fungicide လို့ခေါ်ပါတယ်။ အင်္ဂလိပ်လို -cide နဲ့ ဆုံးတာမှန်သမျှဟာ သတ်တဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ ဥပမာ- ပေါင်းသတ်ဆေးကို weedicide ၊ အင်းဆက်ပိုးမွှားသတ်ဆေးကို insecticide ကိုလို့ခေါ်ပါတယ်။
ဒီနေ့မှာဆိုရင် မှိုရောဂါတွေကျချိန်မှာ ဦးကြီးတို့အသုံးပြုနေကြတဲ့ မှိုသတ်ဆေးရဲ့ အလုပ်လုပ်ပုံလေးကို ပြောပြပေးပါ့မယ်။

မှိုသတ်ဆေးမှာ ကာကွယ်ဆေး၊ ကုသဆေး၊ သုတ်သင်ဆေး ဆိုပြီး သုံးမျိုးရှိပါတယ်။
(၁) ကာကွယ်ဆေး
ကာကွယ်ဆေးက အပင်တွေမှိုမကျခင်မှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သုံးသင့်တဲ့ ဆေးပဲဖြစ်ပါတယ်။
ဥပမာအနေနဲ့ မန်ကိုဇက်၊ သီရမ်၊ မန်နက်၊ ကော့ပါးအခြေခံ၊ ဆာလဖာအခြေခံ ဆေးအေအိုင်များပဲ ဖြစ်ပါတယ်။ ဒီဆေးတွေဟာဆိုရင် မှိုစပိုးများ မျိုးညှောင့်မပေါက်စေရန် ၊ အပင် ဆဲလ်အတွင်းသို့ မဝင်အောင်တားဆီးပေးပါတယ်။ ကာကွယ်ဆေးတွေက ထိသေဆေးလုပ်ဆောင်ချက်နဲ့ လုပ်ဆောင်တဲ့ အတွက် အပင်ထဲသို့ ထိုးဖောက်ဝင်ရွက်နိုင်စွမ်းမရှိပါ။ ဒါ့ကြောင့် ကာကွယ်ဆေးကို အသုံးပြုမယ်ဆိုရင် အရွက်နဲ့ အပင်မျက်နှာပြင်မှာကျရောက်နေတဲ့ အစက်အပြောက်၊ အကွက်၊ အဆင်းတွေအတွက်သာ သုံးသင့်ပါတယ်။
(၂) ကုသဆေး
ကုသဆေးကတော့ မှိုရောဂါအကွက်ပြောက်အတွင်းရှိ မှိုမျှင်များကို သုတ်သင်တဲ့ နေရာမှာ သုံးသင့်ပါတယ်။ မှိုမျှင်အဆင့်ကို များသောအားဖြင့် တိုက်ခိုက်ပေးလေ့ရှိပြီး တစ်ပင်လုံး ပြန့်ကာ ဖောက်ထွင်းပေးနိုင်တဲ့ အစွမ်းရှိတဲ့အတွက် ရောဂါအဖြစ်များလာခြင်း (outbreak) အခြေအနေမျိုးမှာ သုံးသင့်ပါတယ်။
ဥပမာဆိုကြပါစို့..
ကာကွယ်ဆေးကို ၁ ဧက အပင် ၁၀၀၀ မှာ ၈၀၀ က မှိုကျနေပြီဆိုမသုံးသင့်တော့ပါဘူး။ ဒီလိုအချိန် မျိုးမှာဆိုရင် ကုသဆေးကိုသုံးရပါမယ်။ ကုသဆေးကို မဖြစ်သေးဘဲ ကြိုသုံးမိတဲ့အခါ အဓိက ထိခိုက်မှုအနေနဲ့ ကုသဆေးက ဈေးကြီးပါတယ်။ ခဏ ခဏသုံးစွဲမယ်ဆိုရင် ဆေးယဉ်ပါးမှု ပြဿနာပါ ကြုံတွေ့ လာနိုင်ပါတယ်။
(၃) သုတ်သင်ဆေး
အမြစ်ဖြတ်သုတ်သင်ဆေးကတော့ ရောဂါလက္ခဏာစပြကတည်းက သုံးနိုင်ပါတယ်။ ဒီဆေးကတော့ မှိုမျှင်ထုတ်တဲ့ အဆင့်ရော မှိုစပိုးထုတ်တဲ့အဆင့်ကိုပါ တိုက်ခိုက်ပေးပါတယ်။ ပိုဈေးကြီး ပိုထိရောက်ပြီးတော့ ပိုအာနိသင်ရှိတယ်လို့ ဆိုနိုင်ပါတယ်။
ဒါကြောင့် ဦးကြီးတို့အနေနဲ့ ဈေးကွက်ထဲက မှိုသတ်ဆေးတွေဝယ်တဲ့အခါ ဘူးကိုပတ်ထားတဲ့ အခွံမှာပတ်ထားတဲ့ စာတွေကို ဖတ်ကြည့်ဖို့က အလွန်အရေးကြီးပါတယ်။ ဆေးဝယ်တဲ့အခါမှာလည်း အာမခံချက်ရှိတဲ့ မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ဆေးဘူးတွေကိုသာ ဝယ်ယူသုံးစွဲသင့်ပါတယ်။ မှတ်ပုံတင်ထားတဲ့ ဆေးဘူးတွေဟာဆိုရင် မြန်မာဘာသာစကားနဲ့ အညွှန်းတွေ ရေးပေးထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
ရှေ့လာမယ့်အပိုင်းတွေမှာတော့ အပင်တွေကို ရောဂါဖြစ်စေတဲ့ မှိုအမျိုးအစားတွေအကြောင်းနဲ့ တခြားစိတ်ဝင်စားစရာကောင်းတာတွေ ဆက်ဖော်ပြပေးသွား မှာ ဖြစ်ပါတယ်။
ဖုန်းမာန်တိုး(ရေဆင်းရနံ့)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Kyi Soe
လွန်ခဲ့သော ၁၀ လ ကမှိုသတ်ဆေးက ၂မရှိဘူး
Ko Saw Myo Hein
လွန်ခဲ့သော ၂ နှစ် ကခုလိုဆောင်းရာသီမှာ နှင်းဆီမှာဖြစ်တဲ့ ဒေါင်နီးမှို ကာကွ ကုသပုံကို ကျေးဇူးပြု၍ရေးသားဖော်ပြပေးစေလိုပါတယ်ခင်ဗျ လေးစားစွာဖြင့်
UKyaw Din
လွန်ခဲ့သော ၄ နှစ် ကထရိုင်ခိုဒါးမား အကြောင်းပါ ထည့်သွင်းဖော်ပြပေးပါနော် လေ့လာချင်လို့ပါ
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024