အစိမ်းရောင်လမ်း
စိုက်ပျိုးသင့်သော အထွက်ကောင်းနေကြာမျိုး

စိုက်ပျိုးသင့်သော အထွက်ကောင်းနေကြာမျိုး

ဆင်းသီဟ
ဆင်းသီဟ 09/09/2021

    ရေဆင်းစပ်မျိုးနေကြာ−၁: သက်တမ်းရက် ၈၀ မှ ၈၅ ရက် ရှိသောမျိူးဖြစ်သည်။ အပင်ပေါက်ရာခိုင်နှုန်းမြင့်မားပြီး အပင်သန်စွမ်းကောင်းမွန်သည်။ အပင်အမြင့်မှာ ၄ ပေ မှ ၄ ဒသမ ၅ ပေရှိပြီး ယိုင်လဲမှုဒဏ်ကို ခံနိုင်ရည်ရှိသည်။ နေကြာတွင် ကျရောက်တတ်သော နေကြာရွက်ခြောက်ရောဂါဒဏ်ကို အသင့်အတင့် ခံနိုင်ရည်ရှိသည်။ အပွင့်အရွယ်အစားကြီးမား၍ အချင်း ၅ လက်မမှ ၉ လက်မရှိသည်။ တစ်ပွင့်ပါအောင်စေ့ ၅၀၀ မှ ၉၀၀ ရှိသည်။ အစေ့အရွယ်အစားကြီးမား၍ အစေ့ ၁၀၀၀ အလေးချိန် ဂရမ် ၄၅ မှ ၅၀ ရှိသည်။ ဆီပါဝင်မှုများ၍ ၄၈ မှ ၅၁ ရာခိုင် နှုန်းပါဝင်သည်။ ပျားဖြင့်သော်လည်းကောင်း၊ လူဖြင့်သော်လည်းကောင်း၊ ဝတ်မှုန်ကူးပေးရန် မလိုအပ်ဘဲ တစ်ဧကအထွက်  ၅၅ တင်း မှ တင်း ၆၀ ထွက်နိုင်သောမျိုးဖြစ်ကြောင်း သိရပါသည်။

    ဆင်းရွှေကြာ−၂: အထွက်ကောင်းမျိုး (OPV) ဖြစ်သည်။ သက်တမ်းရက် ၈၀ မှ ၈၅ ရက် ရှိသောမျိူးဖြစ်သည်။ အပင်အမြင့်မှာ ၄ ပေ မှ ၄ ဒသမ ၅ ပေ ရှိသည်။  အပွင့်အချင်း ၅ လက်မ မှ ၈ လက်မရှိသည်။ တစ်ပွင့်ပါအောင်စေ့ ၅၀၀ မှ ၈၀၀ ရှိသည်။ အစေ့ ၁၀၀၀ အလေးချိန် ဂရမ် ၄၂ မှ ၄၅ ရှိသည်။ ဆီထွက်ရာခိုင်နှုန်း ၄၅ မှ ၄၈ ရာခိုင်နှုန်း ရှိသည်။ တစ်ဧကအထွက်  ၂၅ တင်း မှ တင်း ၃၀ ထွက်နိုင်သောမျိုးဖြစ်ပြီး ဒေသမရွေး စိုက်ပျိုးဖြစ်ထွန်းကြောင်း သိရပါသည်။

    အကောင်းဆုံးစိုက်ပျိုးချိန်မှာ စက်တင်ဘာလနှင့် အောက်တိုဘာလဖြစ်သော်လည်း မြေအစိုဓာတ် လုံလောက်စွာရှိပါက စပါးအပြီးစိုက်ပျိုးရာတွင် နိုဝင်ဘာနှင့် ဒီဇင်ဘာလအထိ စိုက်ပျိုးနိုင်ပါသည်။

    မြေဆီလွှာထက်သန်သည့် သဲနုန်းမြေအမျိုးအစားမှ မြေစေးမြေအမျိုးအစားထိ စိုက်ပျိုးနိုင်သည်။ မြေချဉ်ငန်ဓာတ် pH တန်ဖိုး ၆.၀ မှ ၇.၅ သည် အသင့်တော်ဆုံးဖြစ်သည်။ ခြောက်သွေ့သည့်ဒေသတွင် မြေစေးမြေအမျိုးအစားကဲ့သို့ ရေထိန်းထားနိုင်သည့်မြေတွင် စိုက်ပျိုးနိုင်ပါသည်။

    တစ်ဧကလျှင် မျိုးစေ့ ၄ ပြည်မှ ၅ ပြည် စိုက်ပျိုးနိုင်သည်။ အတန်းအကွာအဝေးမှာ ၂ ပေ နှင့် ပင်ကြားအကွာအဝေး ၉ လက်မဖြစ်သည်။ တစ်ကျင်းလျှင် မျိုးစေ့ ၂ စေ့မှ ၃ စေ့နှုန်း စိုက်သင့်သည်။  အပင်သက်တမ်း ၁၅ ရက်သားအတွင်း တစ်ကျင်းလျှင် တစ်ပင်ချန်၍ အပြီးသားခွဲရန် ဖြစ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ဦးခင်ရှိန်

ဦးခင်ရှိန်

လွန်ခဲ့သော ၃ နှစ် က

စိတ်ဝင်စားတယ်၊ စိုက်မယ်ဗျာ

မောင်ရဲသူအောင်

မောင်ရဲသူအောင်

လွန်ခဲ့သော ၄ နှစ် က

ရေဆင်းစပ်မျိုးနေကြာတွေကဘယ်မှာရောင်းလဲဗျ

aungkhingmyo

aungkhingmyo

လွန်ခဲ့သော ၄ နှစ် က

မျိုးနေကြာဘယ်မှာ၀ယ်လို့ရလည်း ခင်ဗျာ

ဒေါ်ရီရီမွန်ဝင်း

ဒေါ်ရီရီမွန်ဝင်း

လွန်ခဲ့သော ၄ နှစ် က

ဇန်နဝါရီမှာ ရောစိုက်ပျိုးလို့ရလားရှင့်

You

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....