အစိမ်းရောင်လမ်း
ခြောက်လပန်း

ခြောက်လပန်း

    ​မြန်မာအခေါ်ခြောက်လပန်းလို့ခေါ်တဲ့ ပန်းတစ်မျိုးကိုတော့ ကြားဖူးကြမှာပါ။ ခြောက်လပန်းလို့ခါ်ရခြင်းက သူက ပွင့်ပြီးရင် လပေါင်းများစွာ အပတ်ပေါင်းများစွာ မကြွေဘဲနေလို့ခေါ်တာပါ။

    ခြောက်လပန်းကို အင်္ဂလိပ်အမည် hydrangea လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ခြောက်လပန်းကို ပန်းအိုးနဲ့သာ အစိုက်များကြပေမယ့် ခြောက်လပန်းတွေကို မြေကြီးမှာ​ချစိုက်ပြီး ရုံလိုက်ကြီးထွားစေရင်တော့ ပန်းပွင့်ချိန်မှာ တကယ်ကိုလှမှာအမှန်ပါ။

    ခြောက်လပန်းရဲ့မူရင်းဒေသက အမေရိကနဲ့ အာရှလို့ဆိုကြပေမယ့် အစိုက်များတဲ့ မျိူးတွေက ဂျပန်၊ တရုတ်နဲ့ ကိုးရီးယားကလာတာပါ။ ဂျပန်နိုင်ငံမှာတော့ ခြောက်လပန်းကိုအမြတ်တနိုးတန်ဖိုးထားတာ တွေ့ရပါတယ်။

    ခြောက်လပန်းမှာ အဖြူ၊ ပန်းရောင်၊ အနီရောင်၊ အပြာရောင်၊ ခရမ်းရောင်၊ မရမ်းရောင်၊ မိုးပြာရောင် စသဖြင့် အရောင်မျိုးစုံရှိပါတယ်။ ခြောက်လပန်းရဲ့ထူးခြားချက်တစ်ခုက ပန်းရဲ့အရောင်ဟာ စိုက်တဲ့မြေရဲ့ ချဥ်ငန်ဓာတ်ပေါ်မူတည်ပြီး ကွဲပြားတာပါ။ မြေချဥ်ငန်ကိန်း ၆ အောက်နိမ့်တဲ့ အချဥ်ဓာတ်တဲ့မြေမှာ ခြောက်လပန်းတွေဟာ အပြာရောင်၊ မိုးပြာရောင်နဲ့ ခရမ်းပြာလေးတွေ ဖူးပွင့်ကြပါတယ်။ မြေချဥ်ငန်ကိန်း ၇ အထက်ရှိတဲ့ အငန်ကဲတဲ့မြေမှာဆိုရင်တော့ ပန်းရောင်နဲ့ အနီရောင်ပွင့်ပါတယ်။ မြေချဥ်ငန်ကိန်း ၅ မှ ၆ အတွင်းဆိုရင်တော့ ပန်းခရမ်းရောင်နဲ့ မရမ်းစေ့ရောင်တွေပွင့်စေပါတယ်။ ဒါပေမယ့် အဖြူရောင်ခြောက်လပန်းတွေကတော့ အရောင်လုံးဝ ပြောင်းခြင်းမရှိပါဘူး။

     ခြောက်လပန်းအပင်တွေဟာ ရေကြိုက်တဲ့အပင်ဖြစ်လို့ နွေရာသီမှာ နေ့တိုင်းရေလောင်းပေးဖို့လိုပါတယ်။ ဒါပေမယ့် ရေဝပ်တာလည်းမကြိုက်ပါဘူး။ နံနက်ခင်းနေရောင်ကိုကြိုက်ကြပေမယ့် နေ့လည်ပူလွန်းရင်တော့ အရိပ်အောက်ထားပေးဖို့လည်း လိုပါတယ်။ အမြစ်ဖွဲ့စည်းပုံက ရေသောက်အမြစ်ကြီးမရှိဘဲ မြစ်ဖွာတွေနဲ့ ဖွဲ့စည်းထားတာပါ။ ခြောက်လပန်းအနီတွေ ပန်းရောင်တွေကို အပြာဖြစ်ချင်လျှင် ရေတစ်ဂါလန်မှာ ရှာလကာရည်တစ်ခွက်ရောကာ လောင်းပေးနိုင်ပါတယ်။ ကော်ဖီကြိတ်ဖက်တွေ

     ထည့်ပေးလည်းရပါတယ်။ အပြာရောင်တွေကို ပန်းရောင်ဖြစ်ချင်လျှင်တော့ ထုံးထည့်ပေးလို့ရပါတယ်။ အရမ်းလှတဲ့ ခြောက်လပန်းလေးတွေက နွေရာသီမှာ ရေလည်းရ နေ့လည်ဆို အရိပ်လည်းပေးနိုင်လျှင် ပွင့်ပါတယ်။ ဆောင်းရာသီအစောပိုင်းမှာလည်း ပွင့်တတ်ကြပါတယ်။

​    တကယ်လို့ ခြံဝန်းကျယ်များရှိခဲ့လျှင်လည်းကောင်း၊ မြေနေရာလွတ်ရှိခဲ့လျှင်လည်းကောင်း အလွန်လှပသော ခြောက်လပန်းများကိုစိုက်ပျိုးကာ မိမိတို့အိမ်ကို အလှဆင်နိုင်ကြောင်းရေးသားလိုက်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

3
ဒေါ်ရင်နု

ဒေါ်ရင်နု

လွန်ခဲ့သော ၂ နှစ် က

အပူပိုင်းဒေသမှာစိုက်လို့ရပါသလားရှင့်

လင်းရှိန်

လင်းရှိန်

လွန်ခဲ့သော ၅ နှစ် က

ဒီလိုပန်းမျိုုးကိုလိုချင်တယ်

San Pyae Aung

San Pyae Aung

လွန်ခဲ့သော ၅ နှစ် က

ဘယ်ဒေသ/ဘယ်ပျိုးခြံတွေမှာ ရရှိနိုင်ပါသလဲခင်ဗျာ ပြီးတော့ ပျိုးပင်ရဲ့ စျေးနှုံးကိုလဲ သိပါရစေခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....