အိမ်တွင်းအလှစိုက်အပင်တွေမှာ အရွက်တွေကြွေကျလာရတဲ့ အကြောင်းအရင်း
အိမ်တွင်းအလှစိုက်အပင်တွေမှာ အရွက်တွေကြွေကျလာရတဲ့ အကြောင်းအရင်း
အိမ်တွင်းအလှစိုက်အပင်တွေမှာ အရွက်တွေ တဖြည်းဖြည်းနဲ့ ကြွေကျပြုတ်ကျလာခြင်းဟာ အပင်စိုက်ပျိုးသူတွေအတွက် စိတ်ပျက်စရာ အခြေအနေတစ်ခု ဖြစ်နိုင်ပါတယ်။ သို့ပေမဲ့လည်း ၎င်းအခြေအနေဟာ သာမန်ဖြစ်စဥ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရွက်များကြွေကျခြင်းဟာ အပင်တွေရဲ့ ကြီးထွားမှုဖြစ်စဥ်မှာ ကြုံတွေ့ရလေ့ရှိတဲ့ ပုံမှန်အခြေအနေတစ်ခု ဖြစ်တာကြောင့်ပါ။ အပင်ရဲ့ အောက်ခြေမှာရှိတဲ့အရွက်များဟာ သူတို့ရဲ့ ဘဝစက်ဝန်း တစ်စိတ်တစ်ပိုင်းအဖြစ် တဖြည်းဖြည်းနဲ့ ကြွေကျသေဆုံးကြလေ့ ရှိကြတာဖြစ်ပါတယ်။
သို့ပေမဲ့ ကျွန်တော်တို့ရဲ့ အိမ်တွင်းအလှစိုက်အပင်တွေမှာ ချက်ချင်းဆိုသလို အရွက်တွေအများကြီး ရုတ်တရက်ဆုံးရှုံးသွားတာမျိုး သို့မဟုတ် စိမ်းလန်းနေတဲ့ အရွက်များပါ ကြွေကျသေဆုံးလာတာမျိုး တွေ့ရမယ်ဆိုရင်တော့ အပင်မှာ ပြဿနာရှိနေပြီလို့ ယူဆနိုင်ပါတယ်။ ထို့ကြောင့် ယခုဆောင်းပါးမှာတော့ အိမ်တွင်းအလှစိုက်အပင်တွေမှာ အရွက်တွေ ကြွေကျနိုင်တဲ့ အကြောင်းအရင်းအချို့ကို ခြုံငုံသုံးသပ်နိုင်ဖို့ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
၁။ ပတ်ဝန်းကျင်အခြေအနေကြောင့် ရုတ်တရက်အပင်နာခြင်း (Shock)
ရုတ်တရက်အပင်နာခြင်း (ရှော့ခ်ရခြင်း) ဟာ အရွက်များကြွေကျခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုဖြစ်ပြီး ပြုပြင်နိုင်ဖို့လည်း အခက်ခဲဆုံးဖြစ်ပါတယ်။ အိမ်တွင်းအလှစိုက်အပင်တွေကို ဝယ်ယူတဲ့အခါ ၎င်းတို့ရှင်သန်ခဲ့တဲ့ ပြင်ပပတ်ဝန်းကျင်အခြေအနေကနေ အိမ်တွင်းသို့ ယူဆောင်လာတဲ့အခါမှာ ပတ်ဝန်းကျင်အခြေအနေ ရုတ်တရက် ပြောင်းလဲမှုကြောင့် Shock ဖြစ်ပွားလေ့ရှိကြပါတယ်။ ထို့နည်းတူ အိမ်အတွင်းမှာ အချိန်ကြာမြင့်စွာ စိုက်ပျိုးထားရှိတဲ့အပင်တွေကို အိမ်အပြင်ဘက်မှာ ပြောင်းရွှေ့စိုက်ပျိုးတာမျိုးနဲ့ အိုးအသစ်၊ မြေအသစ်လဲလှယ်ပေးတဲ့ အခါမျိုးတွေမှာလည်း အပင်နာခြင်းကို ခံစားရနိုင်ပါတယ်။
အပင်နာခြင်းဟာ အများအားဖြင့် အပူချိန်၊ စိုထိုင်းဆ၊ အလင်းရောင်ရရှိမှု သို့မဟုတ် ရေလောင်းသည့်အလေ့အထတွေအပေါ်မှာ ပြောင်းလဲလာတာကို အပင်ကနေ တုံ့ပြန်မှုပြသတာလည်း ဖြစ်ပါတယ်။ အပင်နာတာနဲ့ပတ်သတ်လို့ ကျွန်တော်တို့အနေနဲ့ များများစားစား လုပ်ဆောင်နိုင်တာမျိုး မရှိပါဘူး။ အခြေအနေအများစုမှာတော့ အပင်ရှော့ခ်ရခြင်းဟာ ယာယီအခြေအနေတစ်ခုဖြစ်ပါတယ်။ အပူချိန်ကြောင့် အပင်နာတယ်ဆိုရင်တော့ မနက်စောစောနဲ့ ညနေခင်း အချိန်တွေမှာပဲ အပင်တွေကို ရေလောင်းပေးသင့်ပါတယ်။ အပင်တွေကို နေရာရွှေ့ပြောင်းစိုက်ပျိုးပြီးတဲ့နောက် ရက်အနည်းငယ်ကြာတဲ့အထိ အရွက်တွေ အရောင်ပျက်ပြယ်နေတယ်၊ ညှိုးနွမ်းနေတယ်ဆိုရင်တော့ မူလနေရာမှာ ပြန်လည်ထားရင်ထား ဒါမှမဟုတ်ရင် သူ့အတွက်လိုအပ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ မိမိစိုက်ပျိုးထားတဲ့ အပင်ရဲ့ အလင်းရောင် ကြိုက်နှစ်သက်မှု အခြေအနေကို လေ့လာပြီးတော့ အရိပ်ရအောင်လုပ်ပေးတာ ဒါမှမဟုတ် သဘာဝအလင်းရောင်နဲ့ မလုံလောက်တဲ့အခါ အိမ်တွင်းအလှစိုက်အပင်တွေ ကြီးထွားရှင်သန်နိုင်ဖို့ ဖန်တီးပြုလုပ်ထားတဲ့ Grow Light တွေ အသုံးပြုတာမျိုး လုပ်ပေးနိုင်ပါတယ်။
၂။ စိုထိုင်းဆနည်းခြင်း
အိမ်တွင်းအလှစိုက် အပင်အများစုဟာ အပူပိုင်းဒေသမျိုးစိတ်များဖြစ်ပြီး စိုထိုင်းဆရှိနေတာမျိုးကို ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။ ၎င်းတို့ကို ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်အခြေအနေများမှာ စိုက်ပျိုးတဲ့အခါ အရွက်များကြွေကျခြင်းဖြင့် တုံ့ပြန်မှုပြလေ့ရှိကြပါတယ်။ အပင်ဟာ ၎င်းမှာရှိတဲ့ အရွက်အရေအတွက်ကို လျှော့ချ (ကြွေကျ) ခြင်းဖြင့် အပင်ရဲ့အစိုဓာတ်ဆုံးရှုံးမှုကို ထိန်းသိမ်းရန် သဘာဝအတိုင်း ကာကွယ်နေတာ ဖြစ်ပါတယ်။ အဆိုပါ အခြေအနေမှာတော့ အပင်များကို ရေဝပ်နေတာမျိုးမဟုတ်ဘဲ အစိုဓာတ်မပြတ်ရှိနေစေဖို့ လုပ်ဆောင်ပေးသင့်ပါတယ်။ အရွက်များ ခြောက်သွေ့ခြင်းကနေ ကာကွယ်ဖို့ရာအတွက် ရေဖျန်းတဲ့ spray ဗူးလေးတွေနဲ့လည်း အရွက်များကို ပုံမှန်ဖျန်းပေးနိုင်ပါတယ်။ အစိုဓာတ်လိုအပ်တယ်ဆိုပြီး ရေအလွန်အကျွံလောင်းမိမယ်ဆိုရင်လည်း အပင်ရဲ့အရွက်များ အဝါရောင်ပြောင်းလာပြီး အမြစ်ပုပ်တာမျိုး ဖြစ်ပေါ်လာနိုင်ပါတယ်။

၃။ အဖျက်ပိုး
အိမ်တွင်းအလှစိုက်အပင်များကို အရွက်များကြွေကျစေတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ အဖျက်ပိုးမွှားတွေကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ပိုးစေးနှဲ၊ မွှားပင့်ကူနဲ့ အကြေးပိုးများကဲ့သို့သော အဖျက်ပိုးမွှားအချို့ဟာလည်း အပင်ရဲ့အရွက်များကို ကြွေကျစေပါတယ်။ အဆိုပါအင်းဆက်များဟာ အရွက်များရဲ့ အောက်ခြေမှာ ခိုအောင်းကျက်စားနိုင်ပြီး အရွက်များ ညှိုးနွမ်းခြင်း၊ တွန့်ခေါက်လာခြင်း၊ အရောင်ဖျော့ခြင်းနဲ့ ကြွေကျခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် ကြွေကျနေတဲ့ အရွက်များကို သေချာစစ်ဆေးသင့်ပါတယ်။ အဖျက်ပိုးမွှား ကျရောက်ထားတဲ့ လက္ခဏာများတွေ့ရှိပါက သဘာဝနည်းလမ်းအနေနဲ့ဆိုရင် ဆေးရွက်ကြီးပိုးသတ်ဆေးရည်၊ ဆပ်ပြာပိုးသတ်ဆေး၊ တမာပိုးသတ်ဆေး စတာတွေကို အသုံးပြုပြီး ကာကွယ်နိုင်ပါတယ်။ ဆပ်ပြာပိုးသတ်ဆေးဟာ အိမ်တွင်းအလှစိုက်ပင်များမှာ ကျရောက်တတ်သော အဖျက်ပိုးမွှားများကို ကာကွယ်ရာမှာ သင့်တော်ကောင်းမွန်တဲ့ ပိုးသတ်ဆေးဖြစ်ပါတယ်။
၄။ အာဟာရဓာတ်ချို့တဲ့ခြင်း
အပင်မှာ အရွက်တွေ ကြွေကျလာစေတဲ့ နောက်ထပ်အကြောင်းအရင်းကတော့ အာဟာရဓာတ်ကြောင့် ဖြစ်နိုင်ပါတယ်။ အရွက်များ အဝါရောင် (သို့မဟုတ်) အစိမ်းဖျော့ဖျော့ပြောင်းလာပြီး အပင်ကြီးထွားမှုလည်း ရပ်တန့်သွားကာ တဖြည်းဖြည်းနဲ့ အရွက်များပြုတ်ကျလာပါက အပင်ဟာ အာဟာရဓာတ်မလုံလောက်တဲ့ ပြဿနာကြုံနေရတာ ဖြစ်နိုင်ပါတယ်။ အဆိုပါအခြေအနေအမှာ အာဟာရဓာတ်ကျွေးတဲ့ အခြေအနေကို ပြန်လည်ချိန်ညှိသင့်ပါတယ်။ အပင်ကို အာဟာရဓာတ်ကျွေးတဲ့အခါမှာ အပင်ရဲ့အာဟာရချို့တဲ့မှု လဏ္ခဏာအလိုက်သေချာစစ်ဆေးပြီးမှ ကျွေးမယ်ဆိုရင်တော့ ပိုထိရောက်မှာဖြစ်ပါတယ်။ အချို့သော အာဟာရဓာတ်များဟာ ချို့တဲ့သောအခါ အရွက်များ အရောင်ဖျော့သွားတတ်ပါတယ်။ အချို့ကတော့ အဝါရောင်၊ အညိုရောင် သို့မဟုတ် ခရမ်းရောင်၊ အနီရောင်တို့ကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဥပမာအနေနဲ့ အရွက်တွေပေါ်မှာ အညိုရောင်အစက်ပြောက်တွေပေါ်လာပြီး အနားသတ်တွေကြွပ်ဆတ်နေမယ်ဆိုရင် ပိုတက်စီယမ်ဓာတ် လျော့နည်းနေတာ ဒါမှမဟုတ် အာဟာရဓာတ်တွေ များလွန်းနေတာမျိုး ဖြစ်နိုင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026