အစိမ်းရောင်လမ်း
စိုက်ပျိုးရန်လွယ်ကူသော အိမ်တွင်းအလှစိုက်ပင်များ

စိုက်ပျိုးရန်လွယ်ကူသော အိမ်တွင်းအလှစိုက်ပင်များ

နေအိမ်၊ တိုက်ခန်းတွေမှာ အိမ်တွင်းအလှစိုက်ပင်တွေ စိုက်ပျိုးလာကြပါပြီ။ အိမ်တွင်းအလှစိုက်ပင်တွေကြောင့် နေအိမ်လှပစေရုံသာမက လေထုကိုလည်း သန့်စင်ပေးပါတယ်။ အိမ်တွင်းအလှစိုက်ပင်တွေက Benzene, Formaldehyde, xylene အစရှိသော အန္တရာယ်ရှိစေနိုင်သည့်အနံ့များကို စုပ်ယူပေးပြီး လေထုကိုလည်း သန့်စင်ပေးပါတယ်။ ဒါ့ကြောင့်စိုက်ပျိုးရလွယ်ကူတဲ့ အိမ်တွင်းအလှစိုက်ပင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ရှားစောင်းနွယ်ဝင်အပင်များ (Aloe)

ရှားစောင်းနွယ်ဝင်အပင်တွေက ရေလိုအပ်ချက်နည်းတဲ့အပင်တွေဖြစ်ပြီး အလင်းရောင်ရတဲ့နေရာမှာစိုက်ပျိူးပေးမယ်ဆိုရင်ကောင်းစွာရှင်သန်ကြီးထွားနိုင်ပါတယ်။ ဂရုစိုက်စရာသိပ်မလိုတဲ့အပင်တွေဖြစ်လို့ စိုက်ပျိုးသင့်တဲ့အပင်အမျိုးအစားပဲဖြစ်ပါတယ်။

ယောက္ခမလျှာ (Mother-in-law tongue)

ယခုအချိန်မှာတော်တော်လေးစိုက်ပျိုးနေကြတဲ့အပင်ဖြစ်ပါတယ်။ အိမ်အတွင်းသာမက အိမ်အပြင်မှာလည်းစိုက်ပျိုးနိုင်ပါတယ်။ အလင်းရောင်ကြိုက်တဲ့အပင်ဖြစ်ပေမဲ့ အလင်းရောင်နည်းနည်းရရုံနဲ့ ရှင်သန်ကြီးထွားနိုင်ပါတယ်။

ရေငတ်ဒဏ်ခံနိုင်တဲ့အပင်ဖြစ်ပြီး စိုက်ပျိုးရလွယ်ကူတဲ့အပင် ဖြစ်ပါတယ်။

ပင့်ကူပင် (Spider plant)

ချိတ်ဆွဲပြီးစိုက်ပျိုးလို့ရတဲ့အပင်အမျိုးအစားဖြစ်ပါတယ်။ အလင်းရောင်ကြိုက်တဲ့အပင်ဖြစ်ပေမဲ့ တိုက်ရိုက်နေရောင်ခြည်ကိုတော့ ခံနိုင်ရည်မရှိပါဘူး။ ရေကြိုက်တဲ့အပင်ဖြစ်လို့ ရေပုံမှန်လောင်းပေးသင့်ပါတယ်။

ရှင်သီဝလိဂမုန်း (Peace Lily)

ပန်းပွင့်အဖြူ၊ပန်းရောင်၊ ခရမ်းရောင်ပွင့်လေ့ရှိသောအပင်အမျိုးအစားဖြစ်ပြီး နေရောင်ခြည်အနည်းငယ်ဖြင့် ရှင်သန်ကြီးထွားနိုင်ပါတယ်။ မြေအစိုဓာတ်ရှိရန်လိုအပ်သောကြောင့် ရေပုံမှန်လောင်းပေးသင့်ပါသည်။

ဆားကူးလက်စ် (Succulents)

အပင်မျိုးကွဲပေါင်းများစွာရှိပြီး အရောင်အသွေးစုံလင်၍ ချစ်စရာကောင်းတဲ့အပင်အမျိုးအစား ဖြစ်ပါတယ်။ အလင်းရောင်ရရှိသောနေရာတွင် စိုက်ပျိုးသင့်ပြီး ရေတစ်ပတ်တစ်ကြိမ်သာလောင်းပေးရန်လိုပြီး စိုက်ပျိုးရလွယ်ကူသော အပင်ဖြစ်ပါသည်။

ကတ်တက် (Cactus)

ရှားစောင်းပင်၊ ကန္တာရပင် လို့ခေါ်လေ့ရှိပြီး အပင်မျိုးကွဲပေါင်းများစွာရှိပါသည်။ ရေငတ်ဒဏ်ခံနိုင်ပြီး အလင်းရောင်ကြိုက်သောအပင်ဖြစ်ပါသည်။ အကြမ်းဒဏ်ခံနိုင်သော်လည်း ရေများပါက သေဆုံးတတ်ပါသည်။

ဖြိုးသဥ္ဇာကျော်

ကိုးကား - https://www.lifehack.org/390369/10-indoor-plants-that-are-easy-take-care

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....