ချည်မျှင်ရှည်ဝါနှင့် ပဲတီစိမ်းသီးညှပ်စိုက်စနစ်
ပဲမျိုးစုံသီးနှံများတွင် ပဲစင်းငုံသီးနှံမှလွဲ၍ ကျန်ပဲမျိုးစုံသီးနှံများသည် မိုးရာသီတွင် စိုက်ပျိုး ဖြစ်ထွန်းခြင်းမရှိပါ။ ထူးခြားသည်မှာ ပဲတီစိမ်းသီးနှံသည် မိုးကြို၊ မိုး၊ မိုးနှောင်းနှင့် ဆောင်းရာသီ တို့တွင် စိုက်ပျိုးနိုင်သည်။
လယ်ယာမြေတွင် အများစုစိုက်ပျိုးသည်မှာ ပဲတီစိမ်းသီးနှံတစ်မျိုးတည်းကို သီးသန့်စိုက်ပျိုးခြင်းဖြစ်သည်။ သို့သော် ပဲတီစိမ်းသီးနှံကို အချိန်တိုအတွင်း ဝင်ငွေရနိုင်သည့် သီးနှံတစ်မျိုးအဖြစ် အခြားသီးနှံတစ်မျိုးမျိုးနှင့် သီးညှပ်စိုက်ပျိုးနိုင်သည်။ သီးညှပ်စိုက်ရန် သင့်တော်သည့် သီးနှံတစ်မျိုးမှာ ချည်မျှင်ရှည်ဝါသီးနှံဖြစ်ပါသည်။
ချည်မျှင်ရှည်ဝါကို နုံးမြေ၊ နုံးစနယ်မြေနှင့် သဲနုံးမြေစသည့် မြေသြဇာထက်သန်သော အစိုဓါတ်ကို ကောင်းစွာထိန်းနိုင်သည့်မြေတွင် စိုက်ပျိုးလေ့ရှိသည်။ သို့ဖြစ်ရာ နောက်ထပ်သီးနှံ တစ်မျိုးကို ကြားသီးနှံအဖြစ်စိုက်ပျိုးပါက လုံလောက်သောအာဟာရကို ရရှိနိုင်သေးသည်ဟု မြင်ပါသည်။
သို့ဖြစ်၍ ချည်မျှင်ရှည်ဝါစိုက်ပျိုးရာတွင် ပဲတီစိမ်းသီးနှံကို သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးစေလိုသည်။ အကြောင်းမှာ ပဲတီစိမ်းသီးနှံသည် သက်တမ်း ၆၅ မှ ၇၅ ရက်ခန့်သာရှိခြင်းကြောင့် အဓိကသီးနှံ ချည်မျှင်ရှည်ဝါမတိုင်မီ ရိတ်သိမ်းကာ စိုက်ပျိုးဝင်ငွေအလွယ်တကူ ရရှိနိုင်လို့ ဖြစ်ပါသည်။
သဘာဝမတူညီမှု
မတူညီမှုဆိုတာ လောကတွင် အရှိတရားများအနက် တစ်ခုဖြစ်ပါမည်။ မတူညီတာသည် ဘယ်အရာတွေမှာ ဘယ်လိုမတူညီတာလဲ။ မတူညီသည့်အချက်တွေကိုသိဖို့က ပထမ၊ သိပြီးရင် အကျိုးရှိအောင်အသုံးချဖို့က ဒုတိယဟုဆိုချင်ပါသည်။
ချည်မျှင်ရှည်ဝါနှင့် ပဲတီစိမ်းတို့သည် ယာမြေတွင်စိုက်ပျိုးဖြစ်ထွန်းသော သီးနှံအမျိုးအစားချင်း တူညီသော်လည်း စိုက်ပျိုးရေးဆိုင်ရာ မတူညီတာတွေရှိနေပါသည်။
စိုက်ပျိုးနည်းစနစ် (Planting Method) ကို ဆန်းစစ်ကြည့်လျှင် ပဲတီစိမ်းက မျိုးစေ့ဖြူးချ (drill)စနစ်ဖြင့် စိုက်ပျိုးရသောသီးနှံဖြစ်သည်။ ချည်မျှင်ရှည်ဝါမှာမူ ကျင်းတွင်မျိုးစေ့ချ(hills) စနစ်ဖြင့် စိုက်ပျိုးရသော သီးနှံဖြစ်ပါသည်။
အပင်ဦးရေသိပ်သည်းမှု (Plant Population) ကို ဆန်းစစ်ကြည့်လျှင် ပဲတီစိမ်းက အပင်ဦးရေ ဝင်ဆန့်မှုများများဖြင့် စိုက်ရသည့်သီးနှံဖြစ်သည်။ ချည်မျှင်ရှည်ဝါမှာမူ အပင်ဦးရေဝင်ဆန့်မှု နည်းနည်းဖြင့် စိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပါသည်။
စိတ်ဝင်စားစရာကောင်းသည်က သက်တမ်း(Maturity)ဖြစ်သည်။ ပဲတီစိမ်း၏သက်တမ်းသည် အလွန်တိုသည်(very short)ဟု ဆိုရမည်။ ချည်မျှင်ရှည်ဝါမှာမူ သက်တမ်းရှည်သည့် (long)သီးနှံ ဖြစ်ပါသည်။
သက်တမ်း၏အစောပိုင်းကာလ အပင်၏ကြီးထွားဖွံ့ဖြိုးမှုကို လေ့လာဆန်းစစ်ကြည့်လျှင် ပဲတီစိမ်းက မြန်သည်။ ချည်မျှင်ရှည်ဝါမှာ နှေးနှေးကြီးထွားသည့်သဘာဝရှိပါသည်။
မတူညီသော ဖေါ်ပြပါအချက်အလက်များကို ဘယ်လိုအသုံးချမှာလဲ။ မူလစိုက်နေကြ ချည်မျှင်ရှည်ဝါအထွက်ကို မထိခိုက်စေသည့်ပြင် အပိုဝင်ငွေရရှိစေကာ အကျိုးအမြတ်များစေဖို့ “ချည်မျှင်ရှည်ဝါ+ပဲတီစိမ်းသီးညှပ်စိုက်စနစ်” ကို ကျင့်သုံးပါစို့ဟု ပြောလိုပါသည်။
သီးညှပ်စိုက်နည်းစနစ်
သီးညှပ်စိုက်ပျိုးရာတွင် မိုးနှောင်း၊ မိုးကြို၊ မိုးသုံးရာသီတွင် စိုက်ပျိုးနိုင်တာကို တွေ့မြင် နိုင်သည်။ ချည်မျှင်ရှည်ဝါသီးနှံစိုက်တိုင်း ပဲတီစိမ်းသီးနှံကို သီးညှပ်သီးနှံအဖြစ် စိုက်ရန်ဖြစ်သည်။
မိုးနှောင်းချည်မျှင်ရှည်ဝါကို ယာမြေတွင် ဇူလိုင်လလယ်မှ သြဂုတ်လလယ်တွင် စိုက်သည်။ ပဲတီစိမ်းသီးနှံကိုလည်း ထိုအချိန်တွင် တစ်ပြိုင်တည်းစိုက်နိုင်သည်။ မိုးကောင်းသောက်လယ်မြေတွင် စက်တင်ဘာနှင့် အောက်တိုဘာလတွင် စိုက်ပါကလည်း ပဲတီစိမ်းနှင့် သီးညှပ်စိုက်နိုင်ပါသည်။
အလားတူ မြစ်ရေတင်ရေရရှိသောဒေသတွင် မိုးကြိုချည်မျှင်ရှည်ဝါကို ဧပြီနှင့် မေလတို့တွင် စိုက်သည်။ ပဲတီစိမ်းသီးနှံကို အတန်းကြားသီးနှံအဖြစ် စိုက်ပျိုးရန်ဖြစ်ပါသည်။
မိုးချည်မျှင်ရှည်ဝါအဖြစ် မေလနှင့် ဇွန်လတွင် စိုက်ပါကလည်း ပဲတီစိမ်းသီးနှံကို သီးညှပ်စိုက်ပျိုးနိုင်ပါသေးသည်။
ချည်မျှင်ရှည်ဝါကို မြေကောင်း၊ မြေသင့်နှင့် မြေညံ့ပေါ်မူတည်၍ တစ်တန်းနှင့်တစ်တန်းအကွာအဝေးကို နှစ်ပေခွဲမှ သုံးပေအတွင်း ထားရှိစိုက်ပျိုးသည်။ သို့ဖြစ်၍ အတန်းကြားတွင် ပဲတီစိမ်းကို သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးရန် အခြေအနေပေးပါသည်။
ဤစနစ်သည် မြေဆီလွှာဖွံ့ဖြိုးစေရေး၊ ပေါင်းမြက်နှင့် ပိုးမွှားရောဂါပြဿနာများ လျော့နည်းစေရေးတို့အတွက် အထူးအသုံးဝင်သည့်စနစ် ဖြစ်ပါသည်။
အကျိုးရှိမှု
ချည်မျှင်ရှည်ဝါနှင့် ပဲတီစိမ်းသီးနှံတို့ကို တစ်ပြိုင်တည်းစိုက်ပျိုးခြင်းသည် မြေယာနှင့် အချိန်ကို အကျိုးရှိစွာအသုံးချခြင်းပင်ဖြစ်သည်။ ချည်မျှင်ရှည်ဝါသီးနှံအထွက် လျော့နည်းခြင်းမရှိနိုင်ပါ။ ချည်မျှင်ရှည်ဝါသီးနှံကို သီးသန့်စိုက်ပျိုးသကဲ့သို့ အတန်းနှင့် အပင်အကွာအဝေးကို ထားရှိစိုက်ပျိုးမှာမိုလို့ ဖြစ်သည်။ ပဲတီစိမ်းသီးနှံသည် ပဲမျိုးနွယ်ဝင်အပင်တစ်မျိုးဖြစ်သဖြင့် ချည်မျှင်ရှည်ဝါသီးနှံကို နိုက်ထရိုဂျင်အာဟာရရရှိစေကာ ပိုလို့ပင် ချည်မျှင်ရှည်ဝါအထွက် ရရှိနိုင် သေးသည်ဟု ယူဆပါသည်။
ပဲတီစိမ်းသီးနှံအနေဖြင့်မူ သီးသန့်စိုက်ပျိုးသည်လောက် အထွက်ရရှိနိုင်မည်မဟုတ်ပါ။ သီးညှပ်စိုက်သည့် ဝင်ဆန့်သည့် အပင်ဦးရေအပေါ် မူတည်ပါသည်။ သို့သော် အကျိုးရှိမှုမှာ ချည်မျှင်ရှည်ဝါစိုက်ပျိုးရာတွင် ကုန်ကျစရိတ်များစွာ ပိုမိုကုန်ကျခြင်းမရှိဘဲ ပဲတီစိမ်းသီးနှံအထွက်ကို ရရှိနိုင်ခြင်းပင်ဖြစ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....