စပါးမျိုးအလိုက် အသက်ရက်တွေသိထားမယ်ဆို ဘယ်လိုအကျိုးတွေရရှိနိုင်မလဲ
စပါးသီးနှံမှာ အသက်ရက်ကို ဘယ်လိုသိနိုင်မှာလဲ၊ အသက်ရက်ကိုသိလျှင် ဘာအကျိုးရှိနိုင်မှာလဲ မေးမြန်းစရာဖြစ်ပါသည်။ မိမိစိုက်ပျိုးသည့်စပါးမျိုး၏ အသက်ရက်ကို ကြိုတင်သိသင့်သည်။ သက်လျင်၊ သက်လတ်ဆိုတာတော့ အနည်းဆုံးသိသင့်ပါသည်။
ယခုအခါ စပါးစိုက်လယ်မြေတွင် တစ်သီးမက စိုက်ပျိုးနေချိန်ဖြစ်သည်။ အထူးသဖြင့် စပါးအပြီးသီးနှံတစ်မျိုးမျိုးကို စိုက်သည်။ ပဲမျိုးစုံသီးနှံဖြစ်နိုင်သည်၊ ဆီထွက်သီးနှံ ဖြစ်နိုင်သည်။ စပါးသီးနှံကိုလည်း ထပ်စိုက်တာ ဖြစ်နိုင်ပါသည်။
မိုးစပါးသီးနှံမှာ အဓိကသီးနှံဖြစ်သည်။ ပျိုးထောင်စိုက်သည်။ သို့မဟုတ် တိုက်ရိုက် မျိုးစေ့ချသည်။ ကြဲပက်စိုက်သည်။ ဖြစ်နိုင်သရွေ့ စိုက်ချိန်အမှန်တွင် စိုက်ပျိုးလေ့ရှိသည်။ သို့သော် ရိတ်သိမ်းချိန်တူညီနိုင်ခြင်းမရှိပါ။ စပါးမျိုး၏အသက်ရက်အလိုက် သို့မဟုတ် ရင့်မှည့်ချိန်အလိုက် ကွာခြားလေ့ရှိပါသည်။
သုတေသီများက စမ်းသပ်မှုတွေလုပ်သည့်အခါ အသက်ရက်ကို မှတ်တမ်းတစ်ခုအဖြစ် ရယူလေ့ရှိပြီး တွေ့ရှိချက်များအရ အသက်ရက်ကို အဆိုပါစပါးမျိုးအား အတည်ပြုထုတ်ဝေချိန်တွင် ဖေါ်ပြလေ့ရှိပါသည်။
အထွက်ကောင်းစပါးမျိုး
အထွက်ကောင်းစပါးမျိုး(သို့မဟုတ်) အလင်းရောင်တုံ့ပြန်မှုရှိသောစပါးမျိုးများတွင် ပျိုးထောင်စိုက်ပျိုးသည်ဖြစ်စေ၊ တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စိုက်ပျိုးသည်ဖြစ်စေ စပါးမျိုးစေ့မြေကျသည်မှ စိုက်ခင်းအတွင်းရှိ စပါးပင်များ၏ ၅၀ ရာခိုင်နှုန်းပန်းပွင့်သည့်နေ့ထိကို ရက်ပေါင်း ၃၀ ထပ်ပေါင်းကာ ထိုစပါးမျိုး၏ ယေဘုယျအသက်ရက်အဖြစ် သတ်မှတ်လေ့ရှိပါသည်။
ကျယ်ပြန့်စွာစိုက်ပျိုးလျက်ရှိသော စပါးမျိုးအချို့၏ အသက်ရက်ကို ဖေါ်ပြလိုပါသည်။ ဒေသ၊ ရေမြေရာသီဥတု၊ စိုက်နည်းစနစ်နှင့် အာဟာရရရှိမှုအပေါ်မူတည်ပြီး စပါးမျိုး၏အသက်ရက် ကွာခြားနိုင်ပါသည်။
ဆင်းသုခ- ၁၄၀ ရက်
မနောသုခ- ၁၃၅ ရက်
ရွှေဝါထွန်း- ၁၄၅ ရက်
ဆင်းသွယ်လတ် - ၁၃၅ ရက်
သီးထပ်ရင် - ၁၁၅ ရက်
ကျော်ဇေယျ - ၁၄၅ ရက်
ရွှေသွယ်ရင် - ၁၀၅ ရက်
ဧရာမင်း - ၁၅၅ ရက်
ဆင်းဧကရီ - ၃ - ၁၂၅ ရက်
မှော်ဘီ -၂ - ၁၄၀ ရက်
ဒေသစပါးမျိုး
ဒေသစပါးမျိုး (တနည်း) အလင်းရောင်တုန့်ပြန်မှုရှိသည့် စပါးမျိုးများကိုမူ အသက်ရက်ဟု သတ်မှတ်လေ့မရှိပါ။ ပန်းပွင့်ရက်ကိုသာ ဖေါ်ပြလေ့ရှိသည်။ ပျိုးထောင်ချိန်အပေါ်မူတည်ပြီး ပန်းပွင့်ရက်နောက်ဆွဲမှုတော့ ရှိနိုင်ပါသည်။ စပါးမျိုးအချို့၏ ပန်းပွင့်ရက်ကို ဖေါ်ပြလိုပါသည်။
ပေါ်ဆန်းရင်- အောက်တိုဘာတတိယပတ်ပန်းပွင့်
ပေါ်ဆန်းဘေးကြား- နိုဝင်ဘာတတိယပတ်ပန်းပွင့်
ပေါ်ဆန်းမွှေး- နိုဝင်ဘာစတုတ္ထပတ်ပန်းပွင့်
အင်းမရဲဘော်- နိုဝင်ဘာပထမပတ်ပန်းပွင့်
နှံကား- အောက်တိုဘာတတိယပတ်ပန်းပွင့်
ငကျွဲ- နိုဝင်ဘာတတိယပတ်ပန်းပွင့်
လုံးသွယ်မွှေး- အောက်တိုဘာလလယ်ပန်းပွင့်
တောင်သူလယ်သမားကြီးများကတော့ ပျိုးကြဲသည်ဖြစ်စေ၊ မျိုးစေ့ချကြဲပက်သည်ဖြစ်စေ ထိုနေ့မှသည် စတင်ရိတ်သိမ်းသည်ထိကာလကို အသက်ရက်အဖြစ် မှတ်ယူ ကြောင်း သိရပါသည်။
အကျိုးကျေးဇူး
စပါးမျိုး၏အသက်ရက်ကိုသိပါက ရိတ်သိမ်းနိုင်မည့်အချိန်ကိုသိကာ နောက်ထပ် စိုက်ပျိုးမည့် ဆောင်းသီးနှံအတွက် စိုက်ချိန်ကို တွက်ဆနိုင်မည်။ နွေရာသီမှာ ဆက်လက်ပြီး သီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးနိုင်ဦးမည်လား ခန့်မှန်းနိုင်ပါမည်။
ဆည်ရေရရှိမှု၊ မြေတွင်းအစိုဓာတ်တည်ရှိမှုအခြေအနေအရ နှစ်သီးစား၊ သုံးသီးစား သီးနှံပုံစံစိုက်သည့်ဒေသများအတွက် အကျိုးရှိနိုင်သည်။
အကယ်၍ မိမိအသုံးပြုမည့်စပါးမျိုးသည် အသက်ကြီး၍ ရိတ်သိမ်းချိန်နောက်ကျကာ ဆောင်းသီးနှံစိုက်သင့်သည့်အချိန်ထက် နောက်ကျစိုက်ရမည့်အခြေအနေဖြစ်ပါက အသက်ရက်တိုသည့်စပါးမျိုးကို ပြောင်းလဲစိုက်ပျိုးသင့် မသင့် ချိန်ဆနိုင်ပါမည်။
သို့မဟုတ် မိမိစိုက်ပျိုးလိုသည့် စပါးမျိုးကိုပင် ပျိုးထောင်ကောက်စိုက်စနစ်အစား တိုက်ရိုက်မျိုးစေ့ချစနစ်ကို ပြောင်းလဲကျင့်သုံးမည်လား စဥ်းစားနိုင်မည်။ အကြောင်းမှာ တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စနစ်ဖြင့်စိုက်ပျိုးခြင်းသည် ပျိုးထောင်ကောက်စိုက်စနစ်ဖြင့် စိုက်ပျိုးခြင်းထက် စပါးမျိုး၏အသက်ရက်ကို ၇ ရက်မှ ၁၀ ရက်ခန့်တိုစေလို့ ဖြစ်ပါသည်။
သို့ဖြစ်၍ စပါးမျိုး၏အသက်ရက်ကိုသိခြင်းဖြင့် သီးနှံပုံစံချမှတ်စိုက်ပျိုးရေးအတွက် လွန်စွာအသုံးဝင်သည်ဟု ဆိုချင်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးမျိုးများ
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး