“သတိမူစရာ သီးထပ်သီးနှံစိုက်ပျိုးရေးမှာ“
သီးနှံစိုက်စွမ်းအား(Cropping Intensity)တွေ တိုးမြင့်လာစေရန် မျိုးသစ်များကို စိုက်ပျိုးလာရသည်။ စိုက်ပျိုးနည်းစနစ်များကိုလည်း ပြောင်းလဲလုပ်ကိုင်လာရသည်။ ပင်ပွားစွမ်းရည်ကောင်းသော စပါးမျိုးတွေကို စိုက်လာကြသည်။ စိပ်စိပ်စိုက်သည့် အလေ့အကျင့်ဖြစ်လာသည်။ မြေသြဇာတွေကိုလည်း ပိုပြီးဆက်တိုက် သုံးကြသည်။
သက်တမ်းတိုသောမျိုးတွေ ပေါ်လာခြင်းနှင့် ဆည်ရေသောက်စနစ်တွေ တိုးပွားလာခြင်းသည် သီးနှံတွေ တစ်သီးပြီးတစ်သီးစိုက်ဖို့ အခြေအနေတွေပေးလာခြင်းဖြစ်သည်။ သို့သော် ကောင်းကျိုးတွေတိုးပွားလာရင် ဆိုးကျိုးဖြစ်ပေါ်နိုင်စွမ်းတွေ တိုးလာနိုင်တာကိုလည်း သတိပြုရမှာ ဖြစ်ပါသည်။
ပိုးမွှားရောဂါခံနိုင်သောမျိုးကိုစိုက်
ဒါတွေကြောင့် ဆိုးကျိုးဘာဖြစ်လာနိုင်သလဲ။ အချို့မျိုးတွေမှာ ထိခိုက်မှုတွေရှိလာနိုင်ပါသည်။ ဥပမာ-ပိုးမွှားရောဂါဖျက်ဆီးမှု။ အဲသည်လိုဆိုရင်-ပိုးမွှားရောဂါခံနိုင်သောမျိုးတွေကို ရွေးချယ်စိုက်ပျိုးရန်လိုသည်။ ထို့ပြင် ကုန်ကျစရိတ်သက်သာပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှုမရှိသော ကာကွယ်နှိမ်နင်းနည်းစနစ်တွေကို ကျင့်သုံးဆောင်ရွက်ရန် လိုအပ်လာမှာဖြစ်ပါသည်။
ပေါင်းမြက်ကာကွယ်နှိမ်နင်းရေး အလေးထား
စပါးစိုက်ပျိုးရာတွင် တစ်ချိန်ကနှင့်မတူ ပေါင်းမြက်ထူပြောလာနေသည်။ ပေါင်းမြက်ကို လစ်လျူရှု၍ မရတော့ချေ။ ယခင်က အပင်အရပ်ရှည်ပြီး အရွက်ဧရိယာများပြားသောဒေသစပါးမျိုး (Local Variety)ကိုချည်း စိုက်ပျိုးခဲ့ရာမှ ယခုအခါအပင်အရပ်ပု၊ သက်တမ်းတို၊ ပင်စည်ထောင်မတ်သော ခေတ်သစ်မျိုး(Modern Variety)များကို စိုက်လာသည်။
ထို့ပြင် လုပ်သားရှားပါးပြီး ကုန်ကျစရိတ်မြင့်မားခြင်းကြောင့် ပျိုးထောင်ကောက်စိုက် စနစ်(Transplanting)အစား တိုက်ရိုက်ကြဲပက်(Broadcasting)စိုက်မှုသည်လည်း အကြောင်းတစ်ရပ်ဖြစ် နိုင်ပါသည်။
စပါးစိုက်ပျိုးနည်းစနစ်တိုင်းမှာ အားသာချက်နှင့် အားနည်းချက်တွေရှိသည်။ တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စိုက်ပျိုးတာက အချိန်ကုန်သက်သာသည်။ မြန်မြန်ဆန်ဆန် စိုက်ပျိုးပြီးစီးသည်။ ပျိုးထောင်ကောက်စိုက်စနစ်လို ပျိုးခင်းပြင်ဖို့၊ ပျိုးထောင်ဖို့၊ ပျိုးနှုတ်ဖို့၊ ကောက်စိုက်ဖို့ လုပ်သားမလို၊ ကုန်ကျစရိတ်သက်သာသည်။ ရေလိုအပ်မှုလည်း သက်သာသည်။
ပျိုးထောင်ကောက်စိုက်စနစ်နှင့် နှိုင်းယှဉ်စိုက်လျှင် တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စိုက်ပျိုးသည့် စပါးသည် မူလရှိသည့်အသက်ထက် (၇)ရက်မှ (၁၀)ရက်ခန့် စော၍ရင့်မှည့်သည်။ ပဲမျိုးစုံ၊ ဆီထွက်သီးနှံစသည့် ယာသီးနှံတစ်မျိုးမျိုးကို အစိုဓါတ်မိမိဖြင့် အလျင်အမြန်ထပ်မံစိုက်ပျိုးနိုင်စေသည့် အခွင့်အလမ်းကို ရရှိစေသည်။ ဒုတိယသီးနှံကို စိုက်ချိန်စော၍ စိုက်နိုင်ခြင်းဖြင့် မြေတွင်းအစိုဓာတ်ကို ကောင်းစွာအသုံးချနိုင်ကာ သီးနှံထုတ်လုပ်မှု ပိုစေနိုင်ပါသည်။
သို့သော် တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စနစ်တွင် စပါးပင်နှင့် ပေါင်းပင်များ ပြိုင်တူပေါက်ရောက်ခွင့်ရသည်။ ပေါင်းမြက်ပြဿနာ ရှိနိုင်သည်။
နောက်ထပ် အကြောင်းရင်းတစ်ရပ်ရှိသေးသည်။ ယခင်က စပါးတစ်သီးသာ စိုက်သည်။ မိုးစပါး-မြေလှပ်သီးနှံပုံစံဟု ခေါ်ဆိုနိုင်သည်။ ယခုအခါ စပါးပြီးစပါး စိုက်သည်။ စပါး-စပါးသီးနှံပုံစံ ဖြစ်ပါမည်။ ယခင်က စပါးပြီး ပဲမျိုးစုံစိုက်သည်။ စပါး-ပဲမျိုးစုံ သီးနှံပုံစံ ဖြစ်သည်။ စပါးပြီးစပါးစိုက်တော့ စပါးပေါင်းမြက်ပေါက်ရောက်မှု အစဉ်အဆက်မပြတ်တော့ပေ။
မိုးရာသီတွင် ရွာသွန်းမှုက ပုံမမှန်။ မိုးနည်းပါးသည်။ ထို့ပြင်ဆည်ရေ/ သွင်းရေရရှိမှု အကန့်အသတ်ဖြစ်တော့ ပေါင်းမြက်ပေါက်ရောက်မှုက ပိုများပြားလာပြန်သည်။
စိုက်ထွန်ရေးလုပ်ရာတွင် အချိန်ယူပြီး တမန်းပုပ်စပ်သည်အထိ ထွန်ယက်နိုင်မှု မရှိချေ။ တမန်းညက်ရန် အလျင်အမြန်သွက်သွက် စက်တွေနှင့် ထွန်ယက်ပြီး တမန်းပူအခြေအနေတွင် စပါးကိုစိုက်သည့် အလေ့အကျင့်တွေ ရှိလာသည်။
သို့ဖြစ်၍ ဖေါ်ပြပါအကြောင်းရပ်များကြောင့် စပါးစိုက်ပျိုးရာတွင် ပေါင်းမြက်ကာကွယ်နှိမ်နင်းရေး အလေးထား၍ ပေါင်းမြက်မပေါက်မီနှင့် ပေါက်ကာစကပင် စနစ်တကျလုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။
ပေါင်းမြက်ကြောင့် စပါးအထွက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ဓါတုပေါင်းသတ်ဆေးကို အမျိုးအစားမှန်၊ စနစ်မှန်ဖြင့် မဖြစ်မနေသုံးစွဲပြီး ကာကွယ်နှိမ်နင်းရန်လိုသည်။ လိုအပ်ပါက လက်ပေါင်းလိုက်ကာ ပေါင်းမြက်ကင်းစင်စေရေး အလေးထားဆောင်ရွက်ရန် ဖြစ်ပါသည်။
သီးနှံစိုက်စွမ်းအားမြင့်မားရေး၊ သီးနှံထုတ်လုပ်မှု တိုးတက်ရေးအတွက် အလျင်အမြန်မြေပြုပြင်ခြင်း၊ တစ်သီးပြီးတစ်သီး စိုက်လာခြင်း၊ သက်တမ်းတိုမျိုးများကို အသုံးပြုလာခြင်း၊ မိုးရွာသွန်းမှု လျော့နည်းလာခြင်း၊ ဆည်ရေရရှိမှု အကန့်အသတ်ဖြစ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာမည့် ပိုးမွှားရောဂါနှင့် ပေါင်းမြက်အဟန့် အတားများကို ဖြေရှင်းနိုင်ရေးအလေးထားဆောင်ရွက်ရန် လိုမည်ဖြစ်ပါသည်။
ဆင်းသီဟ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....