ကြက်သွန်နီပင်တွေ ဥ မဥဘဲ ရှည်ထွက်လာတဲ့အခါ
ကြက်သွန်နီပင်စိုက်ပျိုးတဲ့အခါ အပင်ရှည်ထွက်လာတာ အချိန်မတိုင်ခင် ပန်းပွင့်လာတာနဲ့ နောက်ဆက်တွဲအားဖြင့် အစေ့ထုတ်ဖို့ ဦးတည်လာခြင်းတို့ဟာ စိုက်ပျိုးသူတွေအတွက် ကြီးမားတဲ့ အခက်အခဲတစ်ခု ဖြစ်ပါတယ်။ အဆိုပါ ဖြစ်စဥ်ကို bolting လို့ခေါ်ဆိုကြပြီး သီးနှံမရိတ်သိမ်းခင်မှာ အပင်ဟာ မျိုးစေ့ထုတ်ဖို့နဲ့ မျိုးပွားဖို့ကို သဘာဝအတိုင်း ဦးတည်လုပ်ဆောင်သွားတဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်။ ၎င်းဖြစ်စဥ်ဟာ ကြက်သွန်ဥတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်နှေးစေရုံသာမက သီးနှံရဲ့ အရည်အသွေးကိုပါ ကျဆင်းစေနိုင်တာ ဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ အဆိုပါမလိုလားအပ်တဲ့ ရလဒ်များကို ကာကွယ်ဖို့ရာအတွက် ထိရောက်တဲ့ နည်းဗျူဟာအချို့လည်းရှိပါတယ်။ ယခုဆောင်းပါးမှာတော့ ကြက်သွန်ပင်တွေမှာ ဖြစ်ပေါ်တတ်တဲ့ bolting ဖြစ်စဥ်ကို ကာကွယ်ဖို့ရာအတွက် နည်းလမ်းအချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ကြက်သွန်ပင်မှာ Bolting ဖြစ်စဥ်ကို တွေ့ရှိနေရပြီဆိုရင် အပွင့်တွေပွင့်၊ အစေ့တွေဖြစ်ပေါ်လာဖို့ ဦးတည်လာမှာဖြစ်ပြီး ၎င်းဟာ အပင်အနေနဲ့ ပတ်ဝန်းကျင်ဖိစီးမှုဒဏ်ကို ခံနေရတဲ့လက္ခဏာတစ်ခုပါ။ ဖြစ်နိုင်ချေရှိတဲ့ ဖိစီးမှုအမျိုးအစားတွေကတော့ အပူချိန် လွန်ကဲစွာကျဆင်းခြင်း၊ နေရောင်ခြည်အတက်အကျများခြင်း၊ အစိုဓာတ်မလုံလောက်ခြင်း၊ အစိုဓာတ်များလွန်းခြင်းနဲ် မြေဆီလွှာမှာ နိုက်ထရိုဂျင်မရှိခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တော့ ကြက်သွန်နီပင်ဟာ နှစ်ရာသီခံပင်ဖြစ်ပြီး ၎င်းတို့ရဲ့ ဘဝစက်ဝန်းကို ၂ နှစ်ကျော်ကြာအောင် လည်ပတ်ကြတာဖြစ်ပါတယ်။ ပထမရာသီမှာဆိုရင် အပင်ဟာ အရွက်တွေထွက်ပြီး ဥများ ဖွံ့ဖြိုးလာကာ ဒုတိယရာသီမှာတော့ ပန်းပွင့်ပြီး အစေ့များထွက်လာတာ ဖြစ်ပါတယ်။ သို့ပေမဲ့ ကြက်သွန်ပင်မှာ bolting ဖြစ်လာပီဆိုရင် ပထမရာသီမှာတင်ပဲ ဥ (bulb) လုံး၀မဖြစ်ထွန်းတော့ဘဲ အချိန်မတိုင်မီမှာ မျိုးပွားတဲ့အဆင့်ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ အပင်ဟာ ကြက်သွန်ဥ ဖွံ့ဖြိုးလာရမဲ့အစား ပန်းပွင့်ခြင်းနဲ့ မျိုးစေ့ထုတ်ခြင်းမှာ စွမ်းအင်ထည့်လိုက်ရတဲ့အခါ ရရှိလာတဲ့ ကြက်သွန်နီဥတွေဟာ အနံ့အရသာလျော့နည်းသွားကာ သက်တမ်းတိုပြီး အရွယ်အစားသေးငယ်သွားနိုင်တာ ဖြစ်ပါတယ်။
ကြက်သွန်နီမှာ Bolting ဖြစ်ခြင်းရဲ့ အဓိကစိန်ခေါ်မှုကတော့ ပန်းခိုင်ရိုးတံကို ဖြတ်တောက်လိုက်ရင်တောင်မှ အဆိုပါဖြစ်စဥ်ကို ရပ်တန့်ဖို့ (သို့မဟုတ်) နှေးကွေးအောင်ပြုလုပ်ဖို့ နည်းလမ်းမရှိတာဖြစ်ပါတယ်။ ထို့ကြောင့် ကြက်သွန်ပင်တွေ bolting ဖြစ်ခြင်းကနေ ကာကွယ်ဖို့အတွက် အထောက်အကူဖြစ်စေမဲ့ အလေ့အကျင့်ကောင်း အချို့ကိုဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

Bolting မဖြစ်အောင် ဘာတွေလုပ်ဆောင်သင့်သလဲ?
ကြက်သွန်နီပင်ဟာ photoperiodic လို့ခေါ်တဲ့ ဟင်းသီးဟင်းရွက်ထဲမှာ ပါဝင်နေတာဖြစ်ပြီး ၎င်းတို့ရဲ့ နေ့စဉ်ရရှိတဲ့ နေရောင်ခြည်ပမာဏဟာ ကြက်သွန်ဥ ဖွဲ့ စည်းမှုအပေါ်မှာ တိုက်ရိုက်သက်ရောက်မှုရှိတာ ဖြစ်ပါတယ်။ နေရောင်မရရှိခြင်း (သို့မဟုတ်) အလွန်အကျွံ ရရှိခြင်းတို့ဟာ ကြက်သွန်ပင်ကို ဖိစီးမှုဖြစ်စေနိုင်ပြီး bolting ဖြစ်စဥ်ကို ဦးတည်သွားနိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် ကြက်သွန်နီပင်တွေကို နေ့အလင်းရောင် ရရှိမှုအပေါ်မူတည်ပြီး နိုင်ငံအသီးသီး ဒေသအသီးသီးအတွက် ကြက်သွန်နီမျိုးစိတ်တွေကို သတ်မှတ် ဖန်တီးထားကြတာ ဖြစ်ပါတယ်။ မိမိစိုက်ပျိုးမဲ့ဒေသနဲ့ ကိုက်ညီမှန်ကန်တဲ့ ကြက်သွန်အမျိုးအစားကို ရွေးချယ်စိုက်ပျိုးခြင်းဟာကြက်သွန်ရိတ်သိမ်းတူးဖော်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတာ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ကြက်သွန်စိုက်ပျိုးထားတဲ့အချိန် ရာသီဥတု အရမ်းပူတဲ့အချိန်ကာလတွေမှာဆိုရင် မြေဆီလွှာကို လုံးဝခြောက်သွေ့သွားအောင် မထားဘဲနဲ့ အပင်ကို အပူဒဏ်ကနေ ကာကွယ်ဖို့ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ရာသီမမှန်ဘဲ အပူဒဏ်ကို စတင်ခံစားရတဲ့အခါ အောက်ပါအဆင့်များကို လုပ်ဆောင်နိုင်ပါတယ်။
- ရာသီဥတုအရမ်းပူပြင်းတဲ့အခါ မြေဆီလွှာ အချိန်ကြာမြင့်စွာ ခြောက်သွေ့ခြင်းမရှိအောင် အချိန်ဇယားဖြင့် စနစ်တကျ ရေလောင်းပေးပါ။
- နံနက်ခင်းမှာ ရေအေးဖြင့် ရေလောင်းခြင်းက ပိုသင့်တော်ပါတယ်။
- မြေဆီလွှာ အစိုဓာတ်ကိုထိန်းဖို့ရာ အပင်ခြေရင်းမှာ ကောက်ရိုး၊ သစ်ရွက်ခြောက်၊ မြေဆွေး၊ မြက်ခြောက်များကဲ့သို့ မြေဖုံးပစ္စည်းများ ချပေးပါ။
- သို့ပေမဲ့ ကြက်သွန်ဥတွေ စတင်ဖြစ်ပေါ်လာပီးတဲ့နောက်မှာတော့ ဥ များမပုပ်စေဖို့အတွက် ရေ မကြာခဏလောင်းခြင်းနဲ့ အစိုဓာတ်များခြင်းကို လျှော့ချနိုင်ဖို့ ရေလောင်းတာကို သတိပြုရပါမယ်။
- နောက်ထပ်တစ်ချက်ကတော့ ကြက်သွန်နီပင်ကို နိုက်ထရိုဂျင်ကျွေးခြင်းကနေ အကျိုးကျေးဇူးများစွာရရှိမှာ ဖြစ်ပါတယ်။
ကြက်သွန်နီပင်အတွက် နိုက်ထရိုဂျင်ကြွယ်ဝသောမြေသြဇာကိုအသုံးပြုခြင်း (ဥပမာ အမိုနီယမ်ဆာလ်ဖိတ် သို့မဟုတ် နိုက်ထရိတ်) ဟာ ကြက်သွန်ဥ ဖွဲ့စည်းခြင်းကို အားပေးနိုင်တာ ဖြစ်ပါတယ်။ သတိပြုရမှာက ဖော့စဖောရပ်စ်အာနိသင် များများပါဝင်တဲ့ မြေသြဇာတွေ မကျွေးမိစေဖို့ ဖြစ်ပါတယ်။ N:P:K မြေသြဇာကျွေးမယ်ဆိုရင်တော့ 5:1:1 အချိုးနဲ့ ကျွေးနိုင်ပါတယ်။ ရလဒ်အနေနဲ့ ၎င်းဟာ ပန်းပွင့်ခြင်း (bolting) ကိုပါ နှေးကွေးစေနိုင်တာ ဖြစ်ပါတယ်။ ကြက်သွန် စိုက်ပျိုးပြီး ၃ ပတ်မှ စတင်ကာ နိုက်ထရိုဂျင်ကြွယ်ဝသော မြေသြဇာကို အသုံးပြုနိုင်ပါတယ်။ ပြီးပါက ၂ - ၃ ပတ် လျှင်တစ်ကြိမ် ဆက်တိုက်အသုံးပြုနိုင်ပြီး သီးနှံ (ကြက်သွန်ဥ) တူးဖော်မရိတ်သိမ်းမီ ၄ ပတ်ခန့်အလိုမှာတော့ နိုက်ထရိုဂျင် မြေသြဇာကျွေးခြင်းကို ရပ်တန့်နိုင်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အပင်အတွင်း အာဟာရဓာတ်များ ပိုလျှံနေခြင်းကို တားဆီးပေးပြီး သင့်လျော်တဲ့ အာဟာရစုပ်ယူမှုကို သေချာစေပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်
ခွန်မောင်ခွန်
လွန်ခဲ့သော ၂ နှစ် ကပန်းခိုမထွက်မီကြက်သွန်နီဥရဲထိပ်နားကိုနင်းချိုးပေးပါ
ဇင်ထူးနိုင်
လွန်ခဲ့သော ၂ နှစ် ကN P K ဆိုတာ အာဟာရဓာတ် ၃ မျိုးပါတဲ့ ကွန်ပေါင်းမြေသြဇာမျိုးကို ပြောတာပါ။ အရှေ့ဆုံးက N ဆိုတာက နိုက်ထရိုဂျင် (ယူရီးယား၊ ပုလဲ) ကိုပြောတာပါ။ ဒုတိယတစ်ခု P ဆိုတာက ဖော့စဖောရပ်စ် (တီစူပါမြေသြဇာ) ပါ။ နောက်ဆုံး K ဆိုတာက ပိုတက်စီယမ် (ပိုတက်ရှ်၊ ဓာတ်ဆား) ကို ပြောတာဖြစ်ပါတယ်။ ကွန်ပေါင်းမြေသြဇာအိတ်တွေပေါ်မှာဆိုရင် N P K ဆိုပြီး အာဟာရဓာတ် ပါဝင်တဲ့ အချိုးအစားတွေကို 15:15:15 (သို့မဟုတ်) 20:10:10 စသည်ဖြင့် ဖော်ပြထားတတ်ပါတယ်။
ချမ်းငြိမ်းကျော်
လွန်ခဲ့သော ၂ နှစ် ကနိုက်ထရိုဂျင် ဖော့စဖရပ် ပိုတတ်ဆီယမ် N.P.K 15.15.15 N.P.K 15.9.8 အချိုးအစားအများအပြားရှိပါတယ်ဗျ သိသလောက်ပြောတာပါဗျာ
ကိုဝင်းမိုးပိုင်
လွန်ခဲ့သော ၂ နှစ် ကN:P:K မြေသြဇာဆိုတာဘာမြေသြဇာလဲဗျ
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026