ငရုတ်ကောင်းကို ဘယ်ဒေသတွေမှာ ဘယ်လိုနည်းစနစ်တွေနဲ့ စိုက်ပျိုးနေကြသလဲ
မြန်မာနိုင်ငံအတွင်း ထွက်ရှိသော ငရုတ်ကောင်းများကို ပရဆေးဆိုင်များမှ ဝယ်ယူနေသည့်အပြင်၊ ပြည်တွင်းရှိ ငရုတ်ကောင်းထုတ်ကုန် လုပ်ငန်းတစ်ခုမှလည်း ငရုတ်ကောင်း ကုန်ချိန်များစွာကို စဉ်ဆက်မပြတ် ဝယ်ယူနေသည်။ ပြည်တွင်းရှိ ငရုတ်ကောင်းလိုအပ်ချက်မှာ လွန်စွာမြင့်မားနေပြီး ငရုတ်ကောင်းစိုက်ပျိုးထုတ်လုပ်မှုမှာမူ အလွန်နည်းပါးနေသေးသည်။ ငရုတ်ကောင်းစိုက်ပျိုးရေးနှင့် ဈေးကွက်အလားအလာများအကြောင်းကို တောင်သူများသိရှိနိုင်စေရန် KKO Pepper - ငရုတ်ကောင်း စိုက်ပျိုးထုတ်လုပ်ရေးနှင့် နည်းပညာဖြန့်ဝေရေးမှ စီမံအုပ်ချုပ်သူ ဦးအောင်ဆန်းဦးထံသို့ ဆက်သွယ်မေးမြန်းထားတာတွေကို အပိုင်းလိုက် ဖော်ပြပေးသွားပါ့မယ်။
မေး - ငရုတ်ကောင်းကို မြန်မာနိုင်ငံရဲ့ဘယ်ဒေသတွေမှာ ဘယ်လိုမျိုးနည်းစနစ်တွေနဲ့ စိုက်ပျိုးထုတ်လုပ်နေကြပါသလဲ။
ဖြေ - ငရုတ်ကောင်းပင်ဟာ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ (၄၀၀၀) အောက် ဒေသတွေမှာ စိုက်ပျိုးရန် အထူးသင့်တော်ပါတယ်။ မြန်မာနိုင်ငံမှာ ငရုတ်ကောင်းပင်ကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့မှာ အဓိက စိုက်ပျိုးနေကြပြီး၊ မြန်မာနိုင်ငံအလယ်ပိုင်းမှာဆိုရင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့မှာ ပမာဏအနည်းအကျဉ်း စိုက်ပျိုးနေကြပါတယ်။ အခက်အခဲကတော့ ငရုတ်ကောင်းပင်က အပင်ငယ်စဉ်မှာ ရေကို နေ့စဉ်ပေးရတယ်။ ရေရှားရင်မရဘူး။ ရေနဲ့ အရိပ်သာပေးနိုင်တယ်ဆို တစ်နှစ်ပတ်လည်လုံး စိုက်လို့ရပါတယ်။ သို့သော်လည်း ငရုတ်ကောင်းစိုက်ဧကတွေက နည်းနေပါတယ်။ ပြည်တွင်းမှာ ငရုတ်ကောင်းထုတ်ကုန်တွေကို ပမာဏများများ ထုတ်လုပ်နိုင်သူ (၁၀) ဦးထက် မပိုသေးပါဘူး။
စိုက်ပျိုးတဲ့နည်းစနစ်တွေကတော့ ကွန်ကရစ်တိုင်နဲ့စိုက်ပျိုးခြင်း၊ နှစ်ရှည်ပင်တွေမှာ ကပ်၍ စိုက်ပျိုးခြင်း၊ သက်ရှိအပင်တိုင်တွေမှာ စိုက်ပျိုးခြင်း စတဲ့စနစ်တွေနဲ့ စိုက်ပျိုးနိုင်ပါတယ်။ အုန်း၊ ကွမ်းသီး၊ သရက်၊ ဒူးရင်း၊ သီဟိုဠ်၊ ပိန္နဲ စတဲ့ အသီးထွက်ရှိနေတဲ့ နှစ်ရှည်ပင်/သစ်မာစိုက်ခင်းတွေမှာ (၈×၈ ပေ ပတ်လည် ဝန်းကျင် ပင်ကြားတန်းကြားစိပ်တဲ့ နှစ်ရှည်ပင်မျိုး) တွေမှာ သီးညှပ်စိုက်ပျိုးနိုင်သလို၊ ၃၀×၃၀ ပေ ပတ်လည် ပင်ကြားတန်းကြားနဲ့စိုက်ပျိုးထားတဲ့ နှစ်ရှည်ပင်စိုက်ခင်းမျိုးဆိုရင်တော့ ပင်ကြား (၁၀) ပေ၊ တန်းကြား (၁၀) ပေအကွာမှာ ငရုတ်ကောင်းစိုက်တန်း (၂) တန်းကို ဖိုခနောက်ဆိုင် စိုက်ပျိုးနိုင်ပါတယ်။ နှစ်ရှည်ပင်ကြီးတွေမှာ ကပ်စိုက်ကြတဲ့အခါ ငရုတ်ကောင်းပင်ရဲ့ အမြင့်က ၁၂ ပေ (၄မီတာ) မကျော်သင့်ဘူး။ (၄ မီတာ) ကျော်သွားတာနဲ့ ငရုတ်ကောင်းပင်က အထွက်နှုန်းနည်းသွားမယ်။ တွယ်ကပ်ပင်ရဲ့အမြင့်အတိုင်း ငရုတ်ကောင်းပင်ကပါ လိုက်မြင့်တဲ့အခါ ငရုတ်ကောင်းက ဒီနှစ်သီးရင် နောက်နှစ်မသီးတာမျိုး၊ နှစ်ခြားသီးတာတွေ ဖြစ်လာလိမ့်မယ်။ တစ်ဝက်တစ်ပျက်အရိပ် (အပင်အရိပ် ကျရောက်မှု ၅၀ %) ရရှိရမယ်။ တွယ်ကပ်ပင် ရွေးချယ်ရာမှာတော့ အပင်သက်တမ်း အနည်းဆုံး (၁၅) နှစ်အထိ ရှင်သန်နိုင်တဲ့ အပင်မျိုးဖြစ်ဖို့လိုတယ်။ ငရုတ်ကောင်းပင်က အပင်သက်တမ်း (၁၅) နှစ်ကနေ အနှစ် (၂၀) လောက်အထိ စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ နှစ်ရှည်ပင်အမျိုးအစားဖြစ်လို့ပါ။ ငရုတ်ကောင်းပင်ကို သက်ရှိအပင်တိုင်တွေနဲ့ စိုက်ပျိုးခြင်းစနစ်ကတော့ ငရုတ်ကောင်းစိုက်ကျင်းအနီးအနားမှာ ငရုတ်ကောင်းပင်တွယ်တက်ဖို့နဲ့ အမြစ်ကုပ်တွယ်နိုင်ဖို့ တွယ်ပင်၊ တွယ်တိုင်တွေကို သက်မှတ်စိုက်တန်းအကွာအဝေးအတိုင်း အရင်စိုက်ပျိုးရတာပါ။ အသက်ရှင်သန်နေဆဲ (ခုတ်ယူပြီး ပြန်လည်စိုက်ပျိုးလို့ရတဲ့) နဘဲတိုင်၊ ချဉ်ယုတ်တိုင်၊ ဒီးဒူတိုင်၊ လက်ပံတိုင်၊ ကြောင်လျှာတိုင်၊ တောဂွေးတိုင်၊ လဲမှို့တိုင်တွေကို ငရုတ်ကောင်းစိုက်ပျိုးမယ့်စိုက်ခင်းမှာ ကနဦး စိုက်ပျိုးထားရမှာပါ။ ဒီလိုမျိုး ငရုတ်ကောင်းပင် သီးသန့်စိုက်ပျိုးတဲ့အခါ ပင်ကြားတန်းကြား ၈×၆ ပေ အကွာအဝေးနဲ့ စိုက်ပျိုးမယ်ဆိုရင် တစ်ဧကအတွက် တိုင်အရေအတွက် (၉၀၈) တိုင် စိုက်ပျိုးနိုင်ပြီး၊ ၇×၇ ပေ စိုက်ပျိုးမယ်ဆိုရင် တစ်ဧကအတွက် တိုင်အရေအတွက် (၈၉၀)တိုင်၊ ၈×၈ ပေ အကွာအဝေးထား စိုက်ပျိုးမယ်ဆိုရင်တော့ တစ်ဧကအတွက် (၆၈၀) တိုင် စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။
ကိုအောင်ဖြိုး၀င်း
လွန်ခဲ့သော ၅ နှစ် ကအပင်ကြီးလာလျှင်ရေလောင်းစရာလိုသေးလား
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022