ငွေနှင်းမှိုစိုက်ပျိုးရာတွင် ကြုံတွေ့ရသောပြဿနာများ
မှိုမျှင်ပြည့်ပြီး ဖြူဖွေးသော်လည်းမှိုပွင့်မလာခြင်း
မျိုးအလိုက် ကြိုက်နှစ်သက်သော အပူချိန်၊ အလင်းအမှောင်မရရှိခြင်း လုံလောက်သော လေထုစိုထိုင်းဆ မရခြင်း၊ မှိုမျိုးထုပ်ပေါင်းအနပ်မညီခြင်းနှင့် ဘတ်တီးရီးယားရောဂါတို့ကြောင့် ဖြစ်သည်။
ပထမအကြိမ်နှင့်ဒုတိယအကြိမ်ထွက်ရှိပြီး နောက်ထပ်မှို ထွက်မလာခြင်း
ကုန်ကြမ်းအာဟာရနည်းပါးခြင်း၊ မှိုခူးစဉ် အသားစများကျန်ခဲ့ခြင်း၊ ရာသီဥတုပြင်းလွန်းချိန်တွင် စိုထိုင်းဆပေးနိုင်မှုအားနည်းခြင်းတို့ကြောင့်ဖြစ်သည်။
ကျပ်ခိုးမှိုရောဂါကျရောက်ခြင်း
လေဝင်လေထွက်ညံ့ဖျင်းခြင်း၊ စိုက်ခန်းတွင်း သန့်ရှင်းမှုအားနည််းသော အချိန်များတွင် အစိုဓာတ်မြင့်မားပါက ကျရောက်တတ်သည်။
အဝါရောင်ကျိချွဲမှိုများ ကျရောက်ခြင်း
အပူချိန်မြင့်မားသောကာလ စိုက်ထုပ်ပေါ်မှာ အဝါရောင်မှိုမျှင်ကဲ့သို့ကျရောက်ပြီး အစိုဓာတ််ရလေ ပွားလေဖြစ်သည်။ အစိုဓာတ်ဖြတ်ခြင်း၊ လက်နှင့်ဖယ်ပေးခြင်း၊ အပူချိန်လျှော့ပေးခြင်း၊ EM5 ဖျန်းပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။
မှိုရိုင်းများ ကျရောက်ပျက်စီးခြင်း
ရင့်ကျက်ခန်းတွင်ဖယ်ထုတ်နိုင်သည်။ ပေါင်းမနပ်ခြင်း (သို့) ပေါင်းအနပ်မညီခြင်းကြောင့် ဖြစ်ပေါ်တတ်သည်။
မှိုပွင့်များဆက်လက်မကြီးထွားပဲညှိုးခြောက်ခြင်း
သားဆက်ကြိမ်ရေများခြင်း၊ အောက်ဆီဂျင် အလုံအလောက်မရရှိခြင်း၊ ပူပြင်းလွန်း၍ အစိုဓာတ် အလုံအလောက်မရရှိခြင်းတို့ကြောင့် ဖြစ်သည်။
ဖျက်ပိုးများ
မှိုစားယင်၊ မွှား၊ လိပ်ခုံးကျိုင်း၊ ခရုနှင့် ပက်ကျိတို့ကျရောက်သည်။
မှိုစားယင် (၅) မျိုးတွေ့ရပြီး လောက်ကောင်အဓိကဖျက်ဆီးသည်။ အချို့မျိုးစိတ် များမှာ ၁၅°C အောက်နှင့် ၃၀°C အထက်တွင် ပေါက်ဖွားမှုနှေးသည်။ ပူသောရာသီတွင် ပေါက်ဖွားနှုန်းမြန်သည်။ အကောင်ကြီးဘဝတွင် မွှား၊ ဘတ်တီးရီးယားနှင့် မှိုရောဂါသယ်ဆောင်နိုင်သည်။ နှိမ်နှင်းရန်ခက်သည့်အတွက် ခံနိုင်ရည်ရှိသောမျိုးစိုက်ခြင်း၊ ခြင်ရိုက်ဘတ်တံ အသုံးပြုခြင်း၊ တမာဆေးရည်သုံးခြင်းနှင့် EM5 ဖျန်းခြင်းတို့ကြာင့် ကျရောက်မှုလျော့နည်းသည်။
မှတ်ချက် - လတ်လတ်ဆတ်ဆတ်ချက်ပြုတ်စားသုံးရသော စားသုံးကုန်ဖြစ်သောကြောင့် အခြားပိုးသတ်ဆေးများ (လုံးဝ)မသုံးသင့်ပါ။
- မွှားသည် မှိုတွင် ဖျက်ဆီးမှုအမြင့်ဆုံး / သက်တမ်း (၂-၈) ပတ် အထိ ကြာမြင့်တတ်သည်။
- အမျိုးအစား(၄)မျိုးရှိပြီးပူနွေးစွတ်စိုသော ရာသီဥတုကိုကြိုက်သည်။ စိုက်ခန်းအတွင်း မှိုမျှင်များကို စားသောက်ဖျက်ဆီးပြီး ၃ ရက်အတွင်း တစ်ခန်းလုံးပျံ့နှံ့နိုင်၍ ဖျက်ဆီးပစ်နိုင်သည်။
- ကျရောက်သည်ကိုသိလျှင် အစိုဓာတ်ဖြတ်ခြင်း၊ ဆေးရွက်ကြီးပြုတ်ရေ ဖျန်းခြင်းနှင့် EM5 ဖျန်းတို့ကို ပြုလုပ်နိုင်သည်။
- မွှားကျသောမှိုစိုက်ထုပ်များကို မီးရှို့ဖျက်ဆီးပစ်ရမည်။
- မှိုစိုက်ခန်းကို (၃) လထိ မစိုက်ဘဲ သန်ံရှင်းရေးပြုလုပ်ပြီးမှ အသုံးပြုသင့်သည်။
- လိပ်ခုံးကျိုင်းသည် မှိုပွင့်၊ အဖူးများကို စားသောက်ဖျက်ဆီးနိုင်သည်။
- စိုက်ခန်းအောက်ခြေ သန့်ရှင်းမှုအားနည်းခြင်း၊ အောက်ခင်းမရှိသော မြေစိုက်တဲများကိုပုံမှန်သန့်ရှင်းခြင်း၊ အစိုဓာတ်ထိန်းရန် သဲခင်းများ ပြုလုပ်ပေးသင့်သည်။
- ခရု၊ ပက်ကျိ ရာသီအလိုက်ကျရောက်တတ်သည်။ မှိုဖူး/ပွင့် စားသောက်ဖျက်ဆီးတတ်သည်။ စိုက်ခန်းပတ်လည် ပြောင်အောင်ရှင်းပြီး ဆေးရွက်ကြီးမှုန့်ဖြူး၍ ကာကွယ်တားဆီးနိုင်သည်။
ကိုးကားချက် - မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်နည်းများ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ငွေနှင်းမှိုစိုက်ပျိုးနည်း
စံအေး
လွန်ခဲ့သော ၉ လ ကမှိုစိုက်ရတာပျော်စရာပါ
kyaw min
လွန်ခဲ့သော ၅ နှစ် ကကောက်ရိုးမှို
ဝတ်ရည်အောင်
လွန်ခဲ့သော ၅ နှစ် ကဘယ်မှိုအမျိုးအစားကို စိုက်ချင်တာလဲရှင့်
THINTHINMAR
လွန်ခဲ့သော ၅ နှစ် ကမိုစိုက်ချင်တယ်ဘယ်လို့စိုက်ရလဲ
THINTHINMAR
လွန်ခဲ့သော ၅ နှစ် ကမိုက်စိုက်နည်း
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဝတ်ရည်အောင်
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....