အပင်တွေကို Shock (ရှော့ခ်) ရသွားစေတဲ့ အကြောင်းအရင်း ၄ ခု
အပင်တွေဟာ ၎င်းတို့ရှင်သန်ကြီးထွားနေတဲ့ သဘာဝပတ်ဝန်းကျင်မှာ ရာသီဥတု အခြေအနေကြောင့်ဖြစ်စေ လူတွေကြောင့်ဖြစ်စေ ရုတ်တရက်အပြောင်းအလဲ ကြုံတွေ့ရတဲ့အခါမှာ အပင်နာခြင်းဆိုတာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ထို့ကြောင့် အပင်တွေရဲ့ ထိခိုက်မှုပျက်စီးမှုနဲ့ ကြီးထွားရှင်သန်နိုင်မှုဆိုတာ အပူချိန်၊ စိုထိုင်းဆ၊ နေရောင်ခြည်၊ ရေနဲ့ အာဟာရရှိနိုင်မှု စတဲ့အချက်တွေအပေါ်မှာ မူတည်ပြီးတော့ ကွဲပြားနိုင်တာဖြစ်ပါတယ်။ အပင်နာတဲ့ လက္ခဏာတွေက သိသာထင်ရှားမှုရှိတာကြောင့် အလွယ်တကူ ခွဲခြားလို့ရနိုင်ပါတယ်။ ယေဘူယျအားဖြင့် အပင်နာတယ်ဆိုရင် အရွက်တွေက အဝါရောင် (သို့မဟုတ်) အညိုရောင် ပြောင်းလဲသွားကာ တဖြည်းဖြည်းနဲ့ညှိုးနွမ်းပြီး နောက်ပိုင်းမှာတော့ အမည်းရောင်ပြောင်းသွားမှာ ဖြစ်ပါတယ်။ အရွက်တွေဟာလည်း များသောအားဖြင့် ထိကြည့်လိုက်တာနဲ့ ကြွေကျသွားတတ်ပါတယ်။ အပင်နာစေတဲ့ အကြောင်းအရင်း ၄ ခုနဲ့ လက္ခဏာတွေကို ယခုဆောင်းပါးမှာ လေ့လာရမှာ ဖြစ်ပါတယ်။
၁။ ရွှေ့ပြောင်းစိုက်ပျိုးရာတွင် အပင်နာခြင်း (Transplant Shock)
ရွှေ့ပြောင်းစိုက်ပျိုးရာမှာ အပင်နာခြင်းဟာ လူသိများတဲ့ ထိခိုက်မှုလက္ခဏာ တစ်မျိုးဖြစ်ပါတယ်။ ဒီအခြေအနေဟာ အပင်တွေကို ရွှေ့ပြောင်းစိုက်ပျိုးတဲ့အခါ နည်းစနစ်မမှန်တာ၊ ရေလောင်းမှားတာ၊ ပတ်ဝန်းကျင် ရာသီဥတုနဲ့ အသားမကျတာတွေကြောင့် ဖြစ်ပေါ်တတ်တာပါ။ အပင်တွေကို ရွှေ့ပြောင်းစိုက်ပျိုးပြီးတဲ့နောက် ရက်သတ္တပတ်အတွင်း နေရောင်ခြည်၊ လေ စတာတွေနဲ့ ကောင်းစွာထိတွေ့စေပြီး ရေ ရရှိနိုင်မှုကို ထိန်းချုပ်ကန့်သတ်ပေးခြင်းအားဖြင့် အပင်တွေကို ပတ်ဝန်းကျင်အသစ်မှာ အသားကျအောင် ပြုလုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် အပင်တွေ ရွှေ့ပြောင်းရာမှာ အမြစ်တွေ ထိခိုက်မှုမရှိအောင် ဂရုတစိုက်နဲ့ ကိုင်တွယ်ဆောင်ရွက်သင့်ပါတယ်။
ထိခိုက်မှု လက္ခဏာ
အပင်တွေမှာ အရွက်လောင်ကျွမ်းတဲ့ပုံစံတွေ့ရမှာ ဖြစ်သလို အဝါရောင်၊ အညိုရောင် အရွက်များလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် အရွက်များတွန့်လိမ်ခြင်း၊ ညှိုးနွမ်းခြင်းနဲ့ ကြွေကျခြင်းတို့ပါ တွေ့ရှိရမှာ ဖြစ်ပါတယ်။
ဖြေရှင်းနည်း
ဒီလိုအခြေအနေမှာ အပင်တွေ ပြန်လည်သန်စွမ်းလာစေဖို့ အလွယ်ဆုံးနည်းလမ်းကတော့ သကြားဖျော်ရည် လောင်းပေးခြင်း ဖြစ်ပါတယ်။ သကြားဖျော်ရည်လောင်းပေးခြင်းဟာ အမြဲတမ်းတော့ ထိရောက်မှု မရှိပေမယ့် အပင်တွေကို ထိခိုက်မှုမရှိတာကြောင့် အလွယ်တကူအသုံးပြုနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မလိုအပ်တဲ့ အရွက်၊ အကိုင်းအခတ်တွေကို ဖြတ်တောက်ဖယ်ရှားတာနဲ့ အပူချိန်ကို ထိန်းညှိပေးနိုင်ဖို့ မြေဖုံးပေးတာ မျိုးတွေလည်း ပြုလုပ်နိုင်ပါတယ်။ အပင်တွေကို ရွှေ့ပြောင်းမစိုက်ခင်မှာ အကြမ်းခံနိုင်အောင် ရေဖြတ်ပေးထားမျိုးတွေ၊ ရေလျော့ပေးထားတာမျိုးတွေလည်း လုပ်ထားနိုင်ပါတယ်။ ရွှေ့ပြောင်းစိုက်ပျိုးပြီး ပထမဆုံး ၂ ရက်အတွင်း အပင်တွေကိုရေလောင်းတဲ့အခါ မြေရဲ့စိုစွတ်မှု အခြေအနေပေါ်မူတည်ကာ သေချာစစ်ဆေးပြီးမှ လောင်းပေးသင့်ပါတယ်။
၂။ အပူချိန်ကြောင့် အပင်နာခြင်း (Temperature Shock)
ပတ်ဝန်းကျင်မှာ အပူချိန်နဲ့ ရာသီဥတု ရုတ်တရက်ပြောင်းလဲခြင်းကြောင့်လည်း အပင်တွေကို ထိခိုက်နိုင်ပါတယ်။ အပူချိန်ကြောင့် အပင်နာခြင်းဟာ အပင်ရဲ့အတွင်းပိုင်း လုပ်ငန်းစဥ်တွေကို ထိခိုက်နိုင်ပြီး လျင်မြန်စွာသေဆုံးစေနိုင်ပါတယ်။ အပင်တွေဟာ အပူချိန်ပြောင်းလဲမှုကို လျင်မြန်စွာတုံ့ပြန်တတ်ကြပြီး အရင်ဦးစွာ ၎င်းတို့ကို ထိခိုက်မှုမရှိစေဖို့အတွက် အင်ဇိုင်းနဲ့ ပရိုတင်းဓာတ်တွေ ထုတ်လုပ်ကြပါတယ်။ ဒါပေမယ့် အချိန်ကြာမြင့်စွာ အပူချိန်များနေမယ်ဆိုရင်တော့ အစာချက်လုပ်နိုင်မှု ရပ်တန့်သွားမှာဖြစ်ပြီး အပင်ဟာလည်း တဖြည်းဖြည်းနဲ ညှိုးနွမ်းလာမှာ ဖြစ်ပါတယ်။ ထို့နည်းတူ အေးတဲ့ ဆောင်းရာသီလို အခြေအနေမှာဆိုရင်လည်း အပင်တွေဟာ သဘာဝအလျောက် အင်ဇိုင်းထုတ်လုပ်မှု နှေးကွေးပါတယ်။ အဲ့ဒီအချိန်မှာ အပူချိန်ရုတ်တရက် ထပ်မံကျဆင်းသွားခဲ့မယ်ဆိုရင် အပင်တွေကို ထိခိုက်မှုရှိစေမှာ ဖြစ်ပါတယ်။
ထိခိုက်မှု လက္ခဏာ
အပူချိန်များခြင်းကြောင့် အပင်နာစေတဲ့ လက္ခဏာတွေက အရွက်များလိပ်လာခြင်း၊ လောင်ကျွမ်းတဲ့ပုံစံ တွေ့ရခြင်း၊ အရွက်ရဲ့ ဘေးအနားသတ်များခြောက်သွေ့ခြင်း၊ ပန်းစောစောပွင့်ခြင်း၊ အသီးများမရင့်မှည့်ခင် ကြွေကျခြင်းနဲ့ လောင်ကျွမ်းတဲ့ပုံစံ ဖြစ်ပေါ်ခြင်းတို့ ဖြစ်ပါတယ်။ အအေးလွန်ကဲတဲ့ အခါမှာတော့ အပင်ကြီးထွားမှုရပ်သွားခြင်း၊ အရွက်များကြွေခြင်း၊ အရွက်များအရောင်ပျက်ပြယ်ခြင်းနဲ့ အညိုရောင်ပြောင်းခြင်း၊ အရွက်များပျော့ပျောင်းလာခြင်း စသည်တို့ တွေ့ရမှာ ဖြစ်ပါတယ်။
ဖြေရှင်းနည်း
အပူချိန်များတဲ့အခါ မနက်စောစောနဲ့ ညနေခင်း အချိန်တွေမှာပဲ အပင်တွေကို ရေလောင်းပေးသင့်ပါတယ်။ ဒါ့အပြင် မြေဖုံးပေးခြင်းဟာလည်း မြေဆီလွှာရဲ့အပူချိန်ကို အထိုက်အလျောက် လျော့ချပေးနိုင်ပြီး အစိုဓာတ်ကို ထိန်းပေးထားနိုင်မှာ ဖြစ်ပါတယ်။ အအေးလွန်ကဲနေတဲ့ ကာလတွေမှာဆိုရင် အပင်တွေဟာ အစိုဓာတ်ကိုဆုံးရှုံးတဲ့အတွက် ရေပုံမှန်လောင်းပေးဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ အေးတဲ့ကာလမှာ အပင်အစိတ်အပိုင်းတွေကို ဖြတ်တောက်ဖယ်ရှားတာမျိုး မပြုလုပ်သင့်ပါဘူး။ အဲ့ဒီလိုလုပ်ခြင်းဟာ ထိခိုက်ဒဏ်ရာဖြစ်ပေါ်စေနိုင်သလို အပင်မှာကြီးထွားမှု အသစ်ဖြစ်ပေါ်ဖို့ လှုံ့ဆော်ပေးရာရောက်ပြီး စွမ်းအင်ပိုသုံးရတဲ့အတွက် အပင်ကိုထိခိုက်နိုင်တာ ဖြစ်ပါတယ်။

၃။ အလင်းရောင်ကြောင့် အပင်နာခြင်း (Light Changes)
အပင်တွေဟာ အလင်းရောင်ကို တုန့်ပြန်နိုင်တဲ့စွမ်းရည်ရှိပြီး အပင်အမျိုးအစားပေါ် မူတည်ကာ အလင်းရောင် လိုအပ်ချက် ပမာဏ အမျိုးမျိုးရှိတာ ဖြစ်ပါတယ်။ သင့်တော်တဲ့ အလင်းရောင်ပမာဏ မရရှိခဲ့ရင် အပင်တွေရဲ့ ကြီးထွားရှင်သန်မှုကို ထိခိုက်နိုင်ပါတယ်။ အပင်တွေကို ရွှေ့ပြောင်းစိုက်ပျိုးတဲ့အခါ အလင်းရောင်ပြောင်းလဲမှု အပါအဝင် ပတ်ဝန်းကျင်အသစ်ရဲ့ အခြေအနေတွေနဲ့ အသားကျနိုင်ဖို့ အချိန်တစ်ခုလိုအပ်ပါတယ်။ ပတ်ဝန်းကျင်အသစ်မှာ မတူညီတဲ့ အလင်းရောင်ပမာဏကို ရုတ်တရက် ပြောင်းလဲရရှိခြင်းကြောင့် အပင်တွေကို ဖိစီးမှုဒဏ် (Stress) နဲ့ အပင်နာတာတွေ (Shock) ဖြစ်ပေါ်လာစေနိုင်ပါတယ်။
ထိခိုက်မှု လက္ခဏာ
အလင်းရောင်ပြောင်းလဲမှုကြောင့် အပင်နာစေတဲ့ လက္ခဏာတွေကတော့ အရောင်ပျက်ပြယ်ခြင်း၊ အရွက်များတွန့်လိမ်လာခြင်းနဲ့ ကြွေကျခြင်းတို့ပဲ ဖြစ်ပါတယ်။ ပြင်းထန်လွန်းတဲ့ အလင်းရောင်နဲ့ အချိန်ကြာကြာထိတွေ့မယ်ဆိုရင် အရွက်တွေ အညိုရောင်ပြောင်းပြီး လောင်ကျွမ်းထားတဲ့ ပုံစံမျိုး တွေ့ရမှာ ဖြစ်ပါတယ်။
ဖြေရှင်းနည်း
အိုးနဲ့စိုက်ပျိုးတဲ့ အပင်တွေမှာ နေရာရွှေ့ပြောင်းစိုက်ပျိုးပြီးတဲ့နောက် ရက်အနည်းငယ်ကြာတဲ့အထိ အရွက်တွေ အရောင်ပျက်ပြယ်နေတယ်၊ ညှိုးနွမ်းနေတယ်ဆိုရင်တော့ မူလနေရာမှာ ပြန်လည်ထားရင်ထား ဒါမှမဟုတ်ရင် သူ့အတွက်လိုအပ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ မိမိစိုက်ပျိုးထားတဲ့ အပင်ရဲ့ အလင်းရောင် ကြိုက်နှစ်သက်မှု အခြေအနေကို လေ့လာပြီးတော့ အရိပ်ရအောင်လုပ်ပေးတာ ဒါမှမဟုတ် သဘာဝအလင်းရောင်နဲ့ မလုံလောက်တဲ့အခါ အပင်တွေ ကြီးထွားရှင်သန်နိုင်ဖို့ ဖန်တီးပြုလုပ်ထားတဲ့ Grow Light တွေ အသုံးပြုတာမျိုး လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရောင်ပျက်ပြယ်နေတဲ့ အရွက်တွေနဲ့ ခြောက်သွေ့နေတဲ့ အရွက်တွေကို ဖယ်ရှားပေးခြင်းဖြင့် အပင်နလန်ထူနိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။ Grow Light အကြောင်းကိုတော့ “အိမ်တွင်းစိုက်ပျိုးတဲ့ အပင်များနဲ့ အလင်းရောင်လိုအပ်ချက်” ဆိုတဲ့ ဆောင်းပါးမှာ လေ့လာနိုင်ပါတယ်။
၄။ အမြစ်ပုပ်ခြင်းကြောင့် အပင်နာခြင်း (Root Rot)
အမြစ်ပုပ်ခြင်းဟာလည်း အပင်တွေကို ထိခိုက်မှုအများဆုံးဖြစ်စေတဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။ ၎င်းအခြေအနေကြောင့် အပင်တွေရဲ့ ကြီးထွားရှင်သန်နိုင်မှုကို အနှောက်အယှက်ဖြစ်ပြီး အားနည်းစေကာ ပိုးမွှားနဲ့ ရောဂါများကိုပါ ခံနိုင်ရည်မဲ့စေပါတယ်။ အမြစ်ပုပ်ခြင်းဟာ များသောအားဖြင့် မြေဆီလွှာမှာရှိတဲ့ မှိုတွေကြောင့် ဖြစ်ပေါ်တတ်တာဖြစ်ပြီး ရေလောင်းများခြင်း၊ ရေလောင်းနည်းခြင်းနဲ့ ရေစိမ့်ဝင်နိုင်မှုအားနည်းခြင်း စသည်တို့ကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့် ဒီလိုအခြေအနေတွေကို မြေဆီညံ့ပြီး ရေဝပ်တဲ့နေရာတွေမှာ တွေ့ရတတ်ပါတယ်။ ရေဝပ်တဲ့အခါ အမြစ်အတွက် လိုအပ်တဲ့ အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေ ရရှိနိုင်မှုကို တားဆီးထားပြီး အမြစ်ရဲ့ ကြီးထွားနိုင်မှုကို ကန့်သတ်လိုက်မှာ ဖြစ်ပါတယ်။ စိုစွတ်မှုများနေတဲ့ မြေဆီလွှာမှာဆိုရင် မှိုတွေလျင်မြန်စွာ ပေါက်ပွားနိုင်ပြီး အပင်ကိုပါ ကူးစက်ကာ သေဆုံးစေနိုင်ပါတယ်။
ထိခိုက်မှု လက္ခဏာ
အမြစ်ပုပ်ခြင်းရဲ့ ရလဒ်အနေနဲ့ အပင်ရဲ့ကြီးထွားမှု နှေးသွားပြီး အပင်ညှိုးနွမ်းခြင်း၊ အရွက်များ အဝါရောင်ပြောင်းခြင်း၊ အမဲရောင်အစက်အပြောက်များ ပေါ်လာခြင်း စသည်ဖြင့် တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမြစ်တွေဟာလည်း အညိုရောင်ပြောင်းပြီး တောင့်တင်းသန်မာမှု မရှိတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
ဖြေရှင်းနည်း
အပင်တွေကို စိုက်ပျိုးတဲ့အခါ အမြစ်တွေထိခိုက်မှု မရှိစေဖို့နဲ့ ပုပ်နေတဲ့ အစိတ်အပိုင်းတွေ ပါ/ မပါ သေချာ စစ်ဆေးပြီးမှ စိုက်ပျိုးသင့်ပါတယ်။ အမြစ်တွေမှာ ရောဂါကပ်ပါလာပြီး ကူးစက်ခံရမယ်ဆိုရင် အပင်ရှင်သန်နိုင်ဖို့ အလားအလာက နည်းသွားမှာ ဖြစ်ပါတယ်။ အပင်တွေကို ရေလောင်းတဲ့အခါမှာလည်း ရေလိုအပ်ချက်အပေါ် မူတည်ပြီး စနစ်တကျနဲ့ အချိန်ဆလောင်းပေးသင့်ပါတယ်။ အထူးသဖြင့် အမြစ်ရဲ့ ပတ်ဝန်းကျင်မှာ စိုစွတ်မှုများပြီး ရေမဝပ်နေစေဖို့ သတိပြုသင့်ပါတယ်။
Ref: https://www.backyardboss.net/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
S2MO
လွန်ခဲ့သော ၃ နှစ် ကသကြားရည်လောင်းတာ ပုရွက်ဆိတ်နှင့်အခြားပိုးကောင်များမလာနိုင်ဘူးလဲခင်ဗျာ
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....