ဥယျာဉ်စိုက်ခင်းတွေမှာ အသုံးဝင်စေမယ့် မီးဖိုချောင်ထွက်ပစ္စည်း (၇) မျိုး
‘အိမ်နောက်ဖေး ဈေးဆိုင်တည်’ ဆိုတဲ့ မြန်မာစကားပုံအတိုင်း မိမိတို့ရဲ့နေအိမ်မှာ တစ်နိုင်တစ်ပိုင်စိုက်ခင်းလေးများထားရှိခြင်းက ဟင်းသီးဟင်းရွက်များကို လတ်လတ်ဆတ်ဆတ် စားရသလို ကုန်ကျစရိတ်လည်း သက်သာစေတဲ့အတွက် ဝင်ငွေကိုချွေတာရာရောက်ပါတယ်။
ဒါပေမယ့် အပင်လေးတွေကို ပြုစုစောင့်ရှောက်ဖို့ ကုန်ကျစရိတ်ကို သင်တွေးနေသလား? မပူပါနဲ့။ သင့်အိမ်မှာရှိတဲ့ မီးဖိုချောင်ထွက်ပစ္စည်းလေးတွေနဲ့ အပင်ပြုစုပြီး တစ်နိုင်တစ်ပိုင် ဥယျာဉ်ခြံလေး ဖန်တီးလို့ရပါတယ်။ ဒါကြောင့် ဥယျာဉ်ခြံစိုက်ခင်းမှာ အသုံးဝင်နိုင်မယ့် ပစ္စည်းလေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ သတင်းစာစက္ကူ
သတင်းစာစက္ကူများကို အပင်ခြေတွေမှာ ဖုံးပေးခြင်းဖြင့် ပေါင်းပြဿနာကို အတော်အတန်ဖြေရှင်းပေးနိုင်ရုံသာမက မြေဆီလွှာကိုအကျိုးပြုတဲ့ တီကောင်လေးများအတွက် သင့်တော်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။ သတင်းစာစက္ကူများပေါ်မှာ မြေဆွေးတစ်ထပ်အုပ်ပေးခြင်းဖြင့် ဆွေးမြေ့မှုနှုန်း ပိုမြန်စေပါတယ်။ သတင်းစာစက္ကူတစ်လွှာတည်းဖြင့် မထိရောက်လျှင် နှစ်လွှာသုံးလွှာထပ်ပြီး အသုံးပြုနိုင်ပါတယ်။
၂။ အာလူးပြုတ်ရည်
အာလူးပြုတ်ပြီး ရလာသောအရည်များမှာလည်း အာလူးမှာပါဝင်တဲ့ အာဟာရဓာတ်တွေ ကျန်ရှိနေတတ်ပါတယ်။ အာလူးပြုတ်ရည်ဟာ အပင်အတွက်လိုအပ်တဲ့ အာဟာရရည်အဖြစ် အသုံးပြုနိုင်ပါတယ်။ အာလူးပြုတ်ရည်သာမက ဂျုံခေါက်ဆွဲပြုတ်ရည်၊ ကြက်ဥပြုတ်ရည်နှင့် ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ သခွားမွှေး၊ ပြောင်းဖူး စတဲ့ ဟင်းသီးဟင်းရွက် ပြုတ်ရည်များကိုလည်း အပင်အတွက် ဖြည့်စွက်အာဟာရအဖြစ် သုံးနိုင်ပါသေးတယ်။
၃။ ငှက်ပျောခွံ
ငှက်ပျောခွံတွေမှာလည်း ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ဖော့စဖောရပ်စ် စတဲ့ အပင်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်နေပါတယ်။ ငှက်ပျောခွံတွေကို အစိတ်စိတ်အမွှာမွှာပိုင်းဖြတ်ကာ အပေါ်ယံမြေဆီလွှာ ၃ လက်မ - ၄ လက်မအနက် တူးထည့်ထားပြီး အပင်အတွက် မြေသြဇာအဖြစ် အသုံးပြုနိုင်တယ်။ နောက်တစ်နည်းမှာတော့ ငှက်ပျောခွံများကိုအခြောက်လှန်းပြီး ရလာသောငှက်ပျောခွံခြောက်များကို ကြိတ်ခြေကာ အပင်ခြေတွင် ဖြန့်ကျဲထားခြင်းဖြင့်လည်း မြေသြဇာအဖြစ်သုံးနိုင်ပါတယ်။
၄။ လက်ဖက်ခြောက်ထုပ်လေးများ(tea bags)
သုံးပြီးသား အသင့်သောက် လက်ဖက်ခြောက်ထုပ်လေးများကို လွှင့်ပစ်စရာမလိုဘဲ မိမိတို့ရဲ့စိုက်ခင်းမှာ ပြန်အသုံးပြုနိုင်ပါတယ်နော်။ လက်ဖက်ခြောက်ထုပ်ဟောင်းများအထဲမှ အမှုန့်များကို အပင်ပတ်ပတ်လည်မှာ ကြဲပက်ထားခြင်းဖြင့် မြေဆီသြဇာကို ပိုကောင်းစေပြီး အကျိုးပြု မြေတွင်းပိုးလေးတွေရဲ့ လုပ်ဆောင်မှုကို အားပေးရာရောက်ပါတယ်။ ဒါ့အပြင် ငရုတ်ကောင်းအနံ့၊ ပူရှိန်းအနံ့ပါသော လက်ဖက်ခြောက်ထုပ်များကို သုံးခြင်းဖြင့်လည်း အပင်များကို ပုရွက်ဆိတ်များဖျက်ဆီးမှုအန္တရာယ်မှ ကာကွယ်ပေးပါတယ်။
၅။ အက်စ်ပရင်(Aspirin)
မိမိတို့အိမ်မှာရှိတတ်တဲ့ ရက်လွန်သွားတဲ့ အက်စ်ပရင်(အကိုက်အခဲပျောက်ဆေး) ဆေးပြားများကလည်း အပင်တွေမှာကျရောက်တတ်တဲ့ မှိုရောဂါတွေ ကာကွယ်ရာမှာ အလွန်အသုံးဝင်ပြီး ပိုမိုကျန်းမာသန်စွမ်းတဲ့ အပင်တွေကို ရရှိစေပါတယ်။ အက်စ်ပရင်ကို ရေ(၄)လီတာ (၁ဂါလံ) လျှင် (၂) ပြား နှုန်း ဖျော်စပ်ပြီး အပင်ပတ်လည်ကို ဖျန်းပေးနိုင်ပါတယ်။ အပင်ပတ်လည်သာမက အပင်အစိတ်အပိုင်းများပေါ်လည်း အနည်းငယ် ဖျန်းပေးနိုင်ပါတယ်။ သို့သော် လိုအပ်တဲ့ပမာဏထက် ပိုဖျန်းမိပါက အပင်တွေကို လောင်ကျွမ်းစေနိုင်ပါတယ်။
၆။ ကော်ဖီမှုန့်
ကော်ဖီမှုန့်မှာဆိုရင်လည်း နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ်၊ ဖော့စဖောရပ်စ် စတဲ့ အပင်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များပါဝင်ပါတယ်။ ကော်ဖီမှုန့်ကို မြေကြီးမျက်နှာပြင်ပေါ်မှာ ကြဲပက်၍သော်လည်းကောင်း၊ သစ်ရွက်ဆွေး၊ မြေဆွေးများနဲ့ရော၍သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် မကုန်ဘဲကျန်တဲ့ ကော်ဖီရည်များကိုလည်း အရင်လိုမသွန်ပစ်တော့ဘဲ အအေးခံပြီး အပင်တွေကို အာဟာရရည်အဖြစ် လောင်းပေးနိုင်ပါတယ်တဲ့နော်။
၇။ မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါဟာလည်း အပင်တွေမှာကျရောက်တတ်တဲ့ ဖားဥမှိုနဲ့ အခြားမှိုရောဂါများကို ကာကွယ်နှိမ်နင်းရာမှာ အလွန်ထိရောက်ပါတယ်။ ရေ(၄)လီတာ (၁ဂါလံ) မှာ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း(၁)ဇွန်း၊ ဆေးရည်ကို အပင်ပေါ်မှာတွယ်ကပ်နေဖို့အတွက် ပန်းကန်ဆေးဆပ်ပြာရည် လက်ဖက်ရည်ဇွန်းဝက် စတဲ့နှုန်းအတိုင်း ရောစပ်ဖျော်ပြီး အပင်ကိုပက်ဖျန်းပေးနိုင်ပါတယ်။ ၎င်းပျော်ရည်ကို စိုက်ပျိုးရာသီတလျှောက်လုံး ရောဂါကျနှိမ်နှင်းရန်အတွက်လည်းကောင်း ကာကွယ်ရန်အတွက်လည်းကောင်း အသုံးပြုနိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အတိုင်း မိမိတို့ရဲ့ တစ်နိုင်တစ်ပိုင်စိုက်ခင်းလေးမှာ မီးဖိုချောင်ထွက်ပစ္စည်းများကို အသုံးပြုပြီး ကုန်ကျစရိတ်ကို သိသိသာသာလျှော့ချလိုက်ပါနော်။ ဟင်းသီးဟင်းရွက်များကိုလည်း ဓာတုကင်းလွတ်ပြီး လတ်လတ်ဆတ်ဆတ် စားသုံးနိုင်တဲ့ အခွင့်အရေးမို့ အိမ်ရှင်မတိုင်းအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။
နန္ဒာအိလှိုင်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နန္ဒာအိလှိုင်
အားလုံး
ဓညင်းပင် မြေထုပ်စည်းနည်း
22/10/2020
ရှားစောင်းလက်ပတ်ရဲ့ ရေလိုအပ်ချက် နဲ့ မှန်ကန်စွာ ရေပေးခြင်း
01/10/2020
ထပ်ခါတလဲလဲပြန်ပွားနိုင်ပြီး အိမ်မှာအလွယ်တကူစိုက်ထားလို့ရတဲ့ မီးဖိုချောင်ရဲ့မရှိမဖြစ် ဟင်းသီးဟင်းရွက်လေးများ
24/09/2020
ဆားခါးကို အပင်အတွက်ဘယ်လိုအသုံးချကြမလဲ?
17/09/2020
ခရမ်းချဉ်သီးစိုက်ပျိုးရာမှာ မဖြစ်မနေရှောင်ရှားသင့်တဲ့ အလွဲအမှားများ
10/09/2020